မဟာဂီရိနတ်
အိမ်တွင်း မင်းမဟာဂီရိနတ်သည် အပြင် ၃၇ မင်း နတ်များတွင် ပါဝင်သည်။ အပြင် ၃၇ မင်းအစ အိမ်တွင်းက ဟု ဆိုလေ့ရှိကြသည်။ မြန်မာနိုင်ငံတွင် နတ်ကိုးကွယ်သည့် ယဉ်ကျေးမှု ဓလေ့သည် ပန်းပဲမောင်တင့်တယ် (အိမ်တွင်း မင်းမဟာဂီရိ) နတ်ပေါ်ထွန်းချိန်က စတင်ခဲ့ကြောင်း တွေ့ရှိခဲ့၏။ အိမ်တွင်းနတ် အုပ်စုဝင် နတ် (၇)ပါး၏ ကိုယ်ရေးရာဇဝင် သမိုင်းကြောင်းသည် တစ်ဦးနှင့် တစ်ဦး ဆက်စပ်လျက် ရှိကြောင်း တွေ့ရှိရသည်။
ပန်းပဲမောင်တင့်တယ်
ပြင်ဆင်ရန်တကောင်းနေပြည်တော်ကြီး ထင်ရှားချိန်က (ထိုအချိန်တွင် ပုဂံပြည်၌ သေဉ်လည်ကြောင်မင်း နန်းတက်နေချိန် ဖြစ်သည်။) ပန်းပဲဆရာကြီး ဦးတင့်တော်၏ ဇနီး ဒေါ်နော်တို့၌ သားသမီး သုံးဦးထွန်းကားခဲ့သည်။ အကြီးဆုံးသားမှာ မောင်တင့်တယ်ဟု အမည်တွင်၍ အလတ်နှင့် အငယ်မှာ သမီးမိန်းကလေးများ ဖြစ်ပြီး မြတ်လှ နှမတော် မမြတ်လှနှင့် ထွေးဖြူ (ဒွေးဖြူ) သုံးပန်လှနတ်တို့ ဖြစ်ကြသည်။ အားလုံးပင် အရွယ်ရောက်ပြီး ဖြစ်ကြ၍ မြန်မာ့ဓလေ့ထုံးစံအတိုင်း သားကြီးမောင်တင့်တယ်သည် ဖခင်၏ ပန်းပဲလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ဘဝအကျိုးပေးသန်သည့် မောင်တင့်တယ်သည် အသက်အရွယ်နှင့် မလိုက်အောင်ပင် ခန္ဓာကိုယ် သန်မာထွားကျိုင်း၍ ခွန်အားဗလလည်း ကောင်းလှသည်။
မီးဖုတ်ထား၍ ရဲရဲနီနေသော သံချောင်းကို ရေတွင်ရှဲခနဲနှစ်ကာ ပေပေါ်သို့တင်၍ လက်ဝဲလက်မှ ညှပ်နှင့်ကိုင်၍ လက်ျာလက်မှ ပိဿချိန်(၁၀၀)ရှိသော တူကြီးဖြင့် မြှောက်၍ ထုနှက်လိုက်သော အသံသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ချောက်ချားသွားစေခဲ့သည်။ လက်ဝဲလက်နှင့် ပြောင်း၍ ပိဿချိန်(၅၀)ရှိသော တူကြီးဖြင့် ထုနှက်ရာတွင် မနားတမ်း ထုနှက်နိုင်စွမ်းရှိသည်ဖြစ်၍ မြင်ရသူများ အဖို့ အံ့ဩဖွယ်ရာ ဖြစ်စေသည်။ တစ်နေ့တခြား မောင်တင့်တယ်၏ သတင်းကြီးလာပြီး ထိုခေတ်အခါက အသိဉာဏ်နည်းပါးလှသည့် မှူးမတ်တို့၏ မရှုမှန်းထား ကုန်းစကားကြောင့် တကောင်းပြည့်ရှင် ဘုရင်ကြီးသည် မောင်တင့်တယ်အား ကြောက်ရွံ့လာကာ ထီးနန်းလုမည်ကို စိုးရိမ်မှုဖြစ်ကာ ဖမ်းဆီးခိုင်းတော့ သည်။
မင်းပြစ်မင်းဒဏ်ကို ကြောက်ရွံ့သော လူရိုးကြီး မောင်တင့်တယ်သည် တကောင်းဘုရင်၏ ပိုင်နက်မှ လွတ်ကင်းရာဒေသသို့ ထွက်ပြေးတိမ်းရှောင်ရင်း ပုပ္ပါးနယ် တစ်ဝိုက်တွင် ပုန်းအောင်းနေလေသည်။ တောတောင်ထဲတွင် ပုန်းအောင်းနေရာမှ နဂါးမင်း၏ သမီးတော် ရွှေနဘေ နဂါးမင်းသမီးရွှေနဘေနတ်နှင့် တွေ့ဆုံ၍ မေတ္တာသက်ဝင် ပေါင်းသင်း နေထိုင်ရာ ကာလအတန်ကြာတွင် သားတော်နှစ်ပါး ရရှိခဲ့သည်။ ထိုသားတော်နှစ်ပါး၏ အမည်များမှာ ရှင်ဖြူ မြောက်မင်း ရှင်ဖြူ၊ ရှင်ညို တောင်မကြီး ရှင်ညို ဟူ၍ ဖြစ်လေသည်။
ထိုသို့ ပုန်းအောင်းနေသော မောင်တင့်တယ်အား ဖမ်း၍မရသောအခါ တကောင်းဘုရင်သည် ဥပါယ်တံမျဉ်ဖြင့် ကြံစည်ပြန်လေသည်။ မောင်တင့်တယ်၏ နှမနှစ်ဦးအနက် အကြီးဖြစ်သော မမြတ်လှအား အထူးချောမောလှပပြီး ရုပ်ရည်ရှိသဖြင့် ၎င်းကို သိရိစန္ဒာ ဘွဲ့နှင်း၍ တောင်ညာစံ မိဖုရားမြှောက်လေသည်။ ထို့နောက် တဖြည်းဖြည်း မိဖုရားအား အယုံသွင်းကာ မောင်တင့်တယ်ကို ဖမ်းဆီးရန် မဟုတ်ဘဲ မင်းမိန့်နှင့် ဆင့်ခေါ်ခြင်းသာ ဖြစ်ကြောင်း၊ ဤသို့ ဆင့်ခေါ်ရခြင်းမှာလည်း ခွန်အားဗလနှင့် ပြည့်စုံသူဖြစ်၍ တကောင်းမြို့ဝန် ရာထူးကို ခန့်အပ်လိုသောကြောင့်သာ ဖြစ်ကြောင်း၊ မောင်တင့်တယ်သည် မိမိအား အထင်မှားကာ ထွက်ပြေးတိမ်းရှောင်နေခြင်း ဖြစ်၍ သိရိစန္ဒာက အခြေအနေမှန်ကို ရှင်းပြကာ ခေါ်ယူစေလိုကြောင်းဖြင့် ပြောကြားလေသည်။[၁]
မဟာဂီရိနတ်သည် တကောင်းမြို့မှ ပန်းဘဲမောင်တင့်တယ်ဖြစ်သည်။ အင်အားအစွမ်းကြီးမား၍ တကောင်းဘုရင်က စိုးရိမ်သဖြင့် ဖမ်းဆီးရာ ထွက်ပြေးရသည်။ ထိုအခါဘုရင်က မောင်တင့်တယ်၏နှမကို မိဖုရားမြှောက်၍ မောင်တင့်တယ်ကို လှည့်ဖြားခေါ်ယူပြီးလျှင်ဖိုကျင်ထိုးသတ်ရာမှ နတ်ဖြစ်သည်။ နတ်ရုပ်မှာဆင်ဖြူခုံတွင်ဘီလူးဆင့်သည်။ ယင်းအပေါ်တွင် မတ်ရပ်ထလျက် မင်းသားတို့၏ အဆောင်အယောင် ဗောင်းနားတောင်းစလွယ်နှင့် ယာလက်ကယပ်၊ ဝဲလက်က ဓားကိုင်ထားသည်။[၂]