မဟာစန္ဒာမုနိဘုရားသည် မန္တလေးတိုင်းဒေသကြီးချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ စစ်ကိုင်း-မန္တလေးကားလမ်းမဘေး အရှေ့ဘက်တွင် တည်ရှိသည်။

မဟာစန္ဒာမုနိဘုရား
ကန်တော်မင်္ဂလာ

ဘုရားပရဝဏ်ထဲတွင် မဟာစန္ဒာမုနိ ဘုရားကြီး၊ ရဟန္တာရှစ်ဆယ် ဂူများ၊ ရှေးဟောင်းသမိုင်းဝင် ကန်တော်မင်္ဂလာကြီး တည်ရှိသည်။ ယခုအခါတွင် လာရောက်ကြသူများကြသည်။

ကန်တော်မင်္ဂလာကြီး ပြင်ဆင်ရန်

နှစ်ပေါင်း (၂၃၀)ကျော် ရှိသော ရှေးဟောင်း ရေကန်ကြီး ဖြစ်သည်။ အမရပူရမြို့တည်၊ နန်းတည် ဗဒုံမင်းတရားကြီး(ခ) ဘိုးတော်ဦးဝိုင်းက မြန်မာသက္ကရာဇ် ၁၁၄၆-ခုနှစ်တွင် စတင်တူးဖော် ဆောင်ရွက်ခဲ့ပြီး ရှေးဟောင်း သမိုင်းဝင် ကန်တော်မင်္ဂလာကြီးမှာ အုတ်ချပ်ပေါင်း ဆယ်ကုဋေ ကိုးသန်းရှစ်သိန်း ခုနှစ်သောင်း ငါးဆယ့်ငါးချပ်ဖြင့် တည်ဆောက်ခဲ့ပြီး အပြင်တံတိုင်း၊ အတွင်းတံတိုင်းဖြင့် တံတိုင်းနှစ်ထပ် ကာရံထားသည်။


အပြင်တံတိုင်း အလျား ၁၂၄' ရှိပြီး အတွင်းတံတိုင်းမှာ အလျား ၇၇' ဖြစ်သည်။ အတွင်းတံတိုင်း၏ ထောင့်လေးထောင့်တို့တွင် စေတီတစ်ဆူစီ တည်ထားကိုးကွယ်ထားသည်။ အပြင်တံတိုင်းမှ အတွင်းတံတိုင်းအထိ လှေကားထစ်ပေါင်း ၁၉-ထစ်ရှိပြီး အပေါ်တံတိုင်း လှေကားအောက်ဆုံး အထစ်နှင့် အတွင်းတံတိုင်း အကြား ၅' ခန့်ကျယ်သော စင်္ကြန်ပတ်လမ်း တစ်ခုရှိသည်။ စင်္ကြန်ပတ်လမ်းမှ အောက်ရေပြင်အထိ ၃၅' နက်ပြီး အထက်တံတိုင်းမြေပြင်မှ အောက်ရေမျက်နှာပြင်အထိ ၅၅'ခန့် နက်သည်။ ကန်တော်မင်္ဂလာကြီး၏ ထူးခြားချက်မှာ ဆယ့်နှစ်လရာသီ ကာလပတ်လုံး ရေများ မပြတ်ထွက်နေခြင်းပင် ဖြစ်သည်။

ကန်တော်မင်္ဂလာကြီးကို (၂၈-၆-၂၀၀၇) ရက်တွင် စန္ဒာမုနိကျောင်းတိုက် ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တနန္ဒိယ (မြို့နယ်သံဃနာယက) ဦးဆောင်ပြီး ဂေါပကအဖွဲ့ဝင်များ ရပ်ဝေးရပ်နီးမှ ကုသိုလ်ပြုသူများ စုပေါင်း၍ ပြန်လည်ပြုပြင်ခဲ့ရာ (၆-၁၂-၂၀၀၇) ရက်တွင် ပြီးစီးခဲ့ကြောင်း ရှေးဟောင်းသမိုင်းဝင် ကန်တော်မင်္ဂလာကြီး အကြီးစားပြုပြင်ခြင်း ကျောက်စာမှတ်တမ်းအရ သိရသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မန္တလေးနေ့စဉ်၊ ၂၉.၈.၂၀၁၈၊ စာ-၁၃