မဟာစေတီတော် (သီရိလင်္ကာ)
မဟာစေတီတော် (အင်္ဂလိပ်: Ruwanwelisaya) သည် သီရိလင်္ကာနိုင်ငံတွင် တည်ရှိပြီး သူတော်စင်တို့၏ ဓာတ်တော်များ ဌာပနာကာ တည်ထားသည်။ ကမ္ဘာလုံး အခြမ်းပုံသဏ္ဌာန် ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ထားကြသည့် စေတီဖြစ်သည်။[၁] ၁၄၀ ဘီစီတွင် စေတီတော်ကို ဒုဋ္ဌဂါမဏိမင်းကြီး က တည်ခဲ့သည်။ မင်းကြီးသည် သာသနာ၏ ရန်သူ ဧဠာရကျေးလူမျိုးတို့ကို သုတ်သင်ချမှုန်းသည့် စစ်ပွဲကြီး ပြီးဆုံးပြီးနောက် သီရိလင်္ကာရှိ နိုင်ငံသူ/သား အပေါင်းတို့၏ အရှင်သခင် ဖြစ်လာခဲ့သည်။ စေတီတော်အား Mahathup, "Swarnamali Chaitya", "Suvarnamali Mahaceti" (ပါဠိ) "Rathnamali Dagaba" ဟူ၍လည်း လူအများ သိကြသည်။
မဟာစေတီတော် | |
---|---|
රුවන්වැලිසෑය | |
မဟာစေတီတော် | |
သီရိလင်္ကာနိုင်ငံရှိ တည်နေရာ | |
အချက်အလက်များ | |
ကိုဩဒိနိတ် | 8°21′0″N 80°23′47″E / 8.35000°N 80.39639°Eကိုဩဒိနိတ်: 8°21′0″N 80°23′47″E / 8.35000°N 80.39639°E |
ဘာသာရေး နှီးနွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
နိုင်ငံ | သီရိလင်္ကာနိုင်ငံ |
ဗိသုကာ | |
တည်ထောင်သူ | ဒုဋ္ဌဂါမဏိမင်းကြီး |
ပြီးစီး | circa 140 BC |
စေတီတော်သည် အရိုသေပေး အလေးမြတ်ထားသည့် နေရာ ၁၆ ခုတွင် ပါဝင်သည်။ ထို့ပြင် ရှေးဟောင်းအနုရာဓမြို့၏ အဓိကနေရာ ၈ နေရာထဲမှ တစ်ခုလည်း ဖြစ်သည်။ စေတီတော်သည် ကမ္ဘာ့အရှည်ဆုံး အဆောက်အအုံ များထဲမှ တစ်ခုလည်း ဖြစ်၏။ ၁၀၃ မီတာ (၃၃၈ ပေ) မြင့်သည်။ အဝန်းသည် ၂၉၀ မီတာ (၅၉၁ ပေ) ရှိသည်။[၂] မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်စေတီသည် ဤမဟာစေတီကို ပုံစံတုကာ တည်ထားသည်။[၃]
စေတီတော်သည် ၁၉ ရာစုတွင် ထိခိုက်ပျက်စီးမှုတို့ ဖြစ်ခဲ့သည်။ Sinhalesebhikkhu က အလှူရန်ပုံငွေ ရှာပြီးနောက် စေတီတော်ကို ၂၀ ရာစု အစောပိုင်းတွင် ပြုပြင်မွမ်းမံခဲ့သည်။[၄] စေတီတော် ပြုပြင်ထိန်းသိမ်းရေး အဖွဲ့ကို ၁၉၀၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ စေတီတော်၏ နောက်ဆုံး သရဖူကို ၁၉၄၀ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ကပ်လှူပူဇော်ခဲ့သည်။[၄]
ဗုဒ္ဓဓာတ်တော်
ပြင်ဆင်ရန်ရုပ်ပုံများ
ပြင်ဆင်ရန်-
အဓိကဝင်ပေါက်နေရာကို လပြည့်နေ့တွင် တွေ့ရပုံ
-
မဟာစေတီတော်၊ ၁၈၉၁ ခုနှစ်
-
မဟာစေတီတော်
-
Ruwanwelisaya Stupa from Mahamewnauyana
-
မဟာစေတီတော်သို့ လာရောက်ကြသည့် ဘုရားဖူးများ
-
မဟာစေတီတော်ကို ညအချိန် ဖူးမြော်ရပုံ
-
Pariwara Stupa of Ruwanweliseya
-
ဒုဋ္ဌဂါမဏိမင်း (161 BC – 137 BC)
ကိုးကား
ပြင်ဆင်ရန်- ↑ Ruwanweliseya။ Sri Lanka Heritages. com။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 September 2015 တွင် ပြန်စစ်ပြီး။
- ↑ Ruwanweliseya Stupa (144 BC), Anuradhapura။ Riolta Sri Lankan Holidays။ 24 February 2013 တွင် ပြန်စစ်ပြီး။
- ↑ Myo Aung and H. Kraft’။ Upper Myanmar Mandalay Pyin Oo Lwin Sagaing Monywa Mingun Mogok Shwebo။ Books on Asia။
- ↑ ၄.၀ ၄.၁ Swarnamali Maha Seya and the forgotten monk, July 13, 2012။ 24 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 November 2017 တွင် ပြန်စစ်ပြီး။