(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် (၁) မညီမညွတ် သောအရပ်= ဝိသမနိဿိတ၊ (၂) တောအုပ်= ဂဟနနိဿိတ၊ (၃) မင်း, အမတ် အစရှိသော အားကိုးရသူ= ဗလဝနိဿိတ-ခိုးသူကြီးတစ်မျိုးမျိုးသည် လုယက် ခိုးယူမှုကိုပြုသကဲ့သို့။

(၁) ဝိသမ = မညီမညွတ်(မကောင်း)သော ကာယကံ၊ ဝစီကံ၊ မနောကံ ရှိသော ယုတ်မာသောရဟန်း။

(၂) ယုတ်မာသော မိစ္ဆာအယူရှိသော ယုတ်မာသောရဟန်း။

(၃) မင်း၊ အမတ်အစရှိသော အားကိုးရသူရှိသော ယုတ်မာသော ရဟန်းတို့သည် မိမိ၏ဂုဏ်ကိုလည်း တူးဖြိုဖျက်ဆီး၏။ အပြစ်လည်းရှိ၏။ ပညာရှိ တို့လည်း ကဲ့ရဲ့အပ်၏။ များစွာသော မကောင်းမှုကိုလည်း တိုးပွားစေ၏ဟု ခိုးသူကြီး သုံးဦးနှင့် ရဟန်းယုတ်သုံးမျိုးတို့ကို တစ်မျိုးစီတစ်မျိုးစီ အကျယ်ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဖွင့်ဆိုချက်ရှိပါသည်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ်

(၁) ဝိသမနိဿိတ = မညီမညွတ်အရပ်ဟူသော မှီရာရှိခြင်း။

(၂) ဂဟနိဿိတ = တောအုပ်ဟူသော မှီရာရှိခြင်း။

(၃) ဗလဝနိဿိတ = မင်း, အမတ်အစရှိသော အားကိုးရသူအမှီရှိခြင်း။

(၄) ဘောဂစာဂီ = တစ်စုံတစ်ခုဖြစ်လျှင် ပစ္စည်းဥစ္စာပေး၍ ရှင်းလင်းနိုင်ခြင်း။

(၅) တစ်ယောက်တည်းသွားလာခြင်း

ဤအချက်ငါးမျိုးနှင့်ပြည့်စုံသော ခိုးသူကြီးသည် ခိုးယူ လုယက် ဖျက်ဆီး တတ်၏။

ဤသာသနာတော်၌ စိတ်ထားသေးနုပ် ရဟန်းယုတ်သည်

(၁) မညီမညွတ် (ယုတ်မာညစ်ညမ်းဆိုးသွမ်းသော) ကိုယ်-နှုတ်-စိတ်ရှိခြင်း။

(၂) ယုတ်မာသော မိစ္ဆာအယူရှိခြင်း။

(၃) မင်း, အမတ်ကြီး အစရှိသော အားကိုးရသူရှိခြင်း။

(၄) ပစ္စည်းလေးပါး ပေါများခြင်း။

(၅) တစ်ပါးတည်း လှည့်လည်သွားလာခြင်း။

ဤအချက်ငါးမျိုးတို့နှင့်ပြည့်စုံလျှင် မိမိ၏ဂုဏ်ကို တူးဖြိုဖျက်ဆီး၍ မိမိကိုယ်ကို ဆောင်၏။ အပြစ်လည်းရှိ၏။ ပညာရှိတို့ကလည်း စွပ်စွဲကဲ့ရဲ့၏၊ များစွာသော အကုသိုလ်ကိုလည်း တိုးပွားစေ၏-ဟု ရဟန်းတို့အား အကျယ်အားဖြင့် ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဖွင့်ဆိုချက်ရှိပါသည်။ [၃]


မဟာစောရသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အင်္ဂါငါးမျိုးနှင့် ပြည့်စုံသော ခိုးသူကြီးကို ဥပမာနှိုင်းယှဉ်၍ အင်္ဂါငါးမျိုးနှင့် ပြည့်စုံသော ရဟန်းယုတ်တို့အကြောင်းကို ဟောကြားတော်မူခဲ့သည်။[၄]

မဟာစောရသုတ် ပြင်ဆင်ရန်

[၄]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၁၅၂-၃။ အံ၊မြန်၊၁၊၁၇၁-၂။ အံ၊ဋ္ဌ၊၂၊၁၃၉။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ ၁-ပဌမပဏ္ဏာသက၊ ၅-စူဠဝဂ္ဂ၊ ဧကာဒသမသုတ်။
  2. -အံ၊၂၊၁၁၃-၅။ အံ၊မြန်၊၂၊၁၃၈-၁၄၁။ အံ၊ဋ္ဌ၊၃၊၄၃။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၃-တတိယပဏ္ဏာသက၊ (၁၁) ၁-ဖာသုဝိဟာရဝဂ္ဂ၊ တတိယသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  4. ၄.၀ ၄.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၃-တတိယပဏ္ဏာသက (တတိယသုတ်ငါးဆယ်)၊ (၁၁) ၁ - ဖာသုဝိဟာရဝဂ် ၃- မဟာစောရသုတ်