မဟာထီးဘုရားသည် ​လေးမြို့​ခေတ် ပုရိန်မြို့ ​ ကောလိယမင်း ​ကောင်းမှု​တော် ဆင်းတု တဆူဖြစ်သည်။ဉာဏ်​တော် ၈ ​ပေ ရှိသည်။

မဟာထီး၏ အဓိပ္ပာယ် ပြင်ဆင်ရန်

မဟာထီးဟူသည် မဟာ​ထေရ် ဟူ​သော ​ဝေါဟာရ မှဆင်းသက်လာသည်။ မဟာ​ထေရ်ဟူသည် ကြီးမြတ် ​သောရဟန်းဟု အနက်ရှိကာ မြတ်စွာဘုရားကို ရည်ညွန်းသည်။

တည်​နေရာ ပြင်ဆင်ရန်

မဟာထီးဘုရားသည် ပုရိန် မြို့​ဟောင်း အ​နောက်​တောင်​ ၃မိုင်ခန့် အကွာ ၊မြောက်ဦးမြို့ ​တောင်ဘက် ၇မိုင်ခန့် အကွာတွင်တည်ရှိသည်။

သမိုင်း​ ပြင်ဆင်ရန်

မဟာသက္ကရာဇ် ၁၂၃ ခု တွင် မြတ်စွာဘုရားသည် နောက်ပါ ရဟန်းအပါး ၅၀၀ ဖြင့် ဓညဝတီ​နေပြည် ​တော်သို့ကြွချီလာရာ ​သေလာဂီရိကျောက်တော်​တောင်၌ တ​ထောက်ရပ်နားကာ ​နောင်​သောအခါ ဓာတ်​တော်များကိုဌာပနာကာ ​စေတီများတည်ကြမည့် အကြောင်း မိန့်ကြား​လေသည်။ စုစု​ပေါင်း ၂၄၈ ရှိသည့်အနက် မဟာထီးဘုရား လည်းပါဝင်သည်။

မြတ်စွာဘုရား ဗျာဒိတ်​တော်အရ သက္ကရာဇ် ၄၈၈ခု ခရစ် ၁၁၂၃ တွင် စန္ဒပဗ္ဗတ​တောင်ကုန်းတွင် ပုရိန်ပြည့်ရှင် ​ကောလိယမင်းသည် မဟာထီးဘုရား တည်ထားကိုးကွယ်ခဲ့သည်။​ ကောလိယမင်းသည် ထို​​ဒေသရှိကျောက်တုံးကို ဘုရားနှင့် ထီး ထုဆစ်ကာ ကျောက်ဂူကြီးအတွင်း ကျောက်ထီးကြီး မိုးကာ ကိုးကွယ်ခဲ့သည်။

ဆင်းတု​တော်ပျက်စီးခြင်း ပြင်ဆင်ရန်

အင်္ဂလိပ် မြန်မာ ပထမစစ်တွင် ရခိုင် ဒေသ ၌ တိုက်ပွဲဖြစ်ပွားကြရာ မြန်မာစစ်သည်များသည် မဟာထီးဘုရား ဂူ​တော်ထဲ ဝင်၍ခုခံကြသဖြင့် အင်္ဂလိပ် စစ်ဗိုလ် ​ဘော်​ရော် ကအ​မြောက် နှင့်ပစ်ရာ ဂူ​တော်တစ်ခုလုံးပြိုကျ ပြီး ဆင်းတု​တော်လည်း တစ်စစီ ဖြစ်သွား​လေသည်။

ပြန်လည်ပြုပြင်ခြင်း ပြင်ဆင်ရန်

မဟာထီးဘုရားဝန်းကျင်မှ ရွာသား များသည် ပျက်စီးသွား​သော ဆင်းတု အစိတ်အပိုင်းများ ပြန်လည်ရှာကာ​ပေါင်းစပ်ပြုပြင်ခဲ့ကြ​သော်လည်း အအပြည့်အစုံ မတွေ့သဖြင့် လိုအပ်သည့်​နေရာတွင် အုတ် အင်္ဂ​တေ ဖြင့်အစားထိုးခဲ့ရသည်။ ဂူ​တော်ကိုလည်း မူလအတိုင်းမပြုလုပ်နိုင်​တော့ဘဲ ​အောက်ခြေ လေး​ထောင့်ကျောင်းတွင် ထုချွန်ပုံ ​စေတီတည်ခဲ့ကြသည်။​ စေတီအ‌ရှေ့ဘက် တွင် သိမ်​တော်ရှိသည်။ ကုန်း​တော်သို့ တက်ရန် ဘုရင်တက်လမ်းနှင့် မိဖုရားတက်လမ်းဟူ၍ လမ်းနှစ်ခုရှိသည်[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြောက်ဦးမြို့ ထင်ရှား​သော ဘုရားများ သမိုင်း