[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် မက္ခလိဂေါသာလ၏ မိစ္ဆာအယူသည် အဘယ်တရားရှိလျှင် အဘယ်တရားကိုအကြောင်းပြု၍ အဘယ်ကို မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းကြောင့်ဖြစ်သနည်းဟု မေးတော်မူသည်ကို ရဟန်းတို့က ဟောကြားတော်မူပါရန် လျှောက်ထားခြင်းကြောင့် “ရုပ်တရားရှိလျှင် ရုပ်ကို အကြောင်းပြု၍ ရုပ်ကို မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းကြောင့် မက္ခလိဂေါသာလ၏ မိစ္ဆာအယူဖြစ်ပုံ၊ ရုပ်သည် နိစ္စလော၊ အနိစ္စလော အစရှိသည်ဖြင့် ခန္ဓာငါးပါးတို့တွင် တစ်ပါးစီ တစ်ပါးစီ အနတ္တလက္ခဏသုတ်ဒေသနာတော်အတိုင်း ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၂၊၁၇၃-၄၊ သံ၊မြန်၊၂၊၁၆၄-၅။ သံ၊ဋ္ဌ၊၂၊၃၁၃-၆။ သံ၊ဋီ၊၂၊၂၆၉-၂၇၁။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၃-ဒိဋ္ဌိသံယုတ္တ၊ ၁-သောတာပတ္တိဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ