မဟာဓမ္မိက သည် ဂေါမမြတ်စွာဘုရားလက်ထက်တော်အခါက ဥပါသကာတစ်ဦး ဖြစ်သည်။ မဟာဓမ္မိကသည် "ဓမ္မိက ဥပါသကာအဖွဲ့" ၏ ခေါင်းဆောင်လည်း ဖြစ်သည်။[၁]

မဟာဓမ္မိက ပြင်ဆင်ရန်

မဟဓမ္မိကသည် သာဝတ္ထိမြို့၌ နေထိုင်သူဖြစ်ပြီး မြတ်စွာဘုရားအား ယုံကြည်သက်ဝင်သည့် ဥပါသကာ တစ်ဦးဖြစ်သည်။ သူသည် "ဓမ္မိက ဥပါသကာအဖွဲ့" ၏ တည်ထောင်သူနှင့် အကြီးအကဲလည်း ဖြစ်သည်။ သားခုနစ်ဦး သမီးခုနစ်ဦး ရှိပြီး မိသားစုဝင်စုစုပေါင်း ၁၆ ဖြစ်သည်။[၁]

ဓမ္မိက ဥပါသကာအဖွဲ့ ပြင်ဆင်ရန်

သာဝတ္ထိ၌ မြတ်စွာဘုရား အမှူးရှိသည့် သံဃာတော်များအား လုပ်ကျွေးပြုစုရန် "ဓမ္မိက ဥပါသကာအဖွဲ့" ဟု အမည်ရှိသည့် အဖွဲ့ကို မဟာဓမ္မိကသည် ဖွဲ့စည်းခဲ့သည်။ ဤအဖွဲ့တွင် အဖွဲ့ငယ်ခေါင်းဆောင်သည် ၅၀၀ ရှိသည်။ အဖွဲ့၏ ဖွဲ့စည်းထားပုံအရ အဖွဲ့ငယ်ခေါင်းဆောင် တစ်ဦးချင်းစီအောက်တွင် အဖွဲ့သား ၅၀၀ ရှိရာ စုစုပေါင်းအဖွဲ့ဝင်အရေအတွက်သည် ၃၅၀,၀၀၀ ဦး ရှိသည်။ အဖွဲ့၏ အကြီးဆုံး ခေါင်းဆောင်သည် မဟာဓမ္မိက ဖြစ်သည်။[၁]

အဖွဲ့သည် အောက်ပါ လုပ်ငန်းများကို လုပ်ကိုင်ကြသည်။

  1. စာရေးတံ ယာဂုကပ်လှူခြင်း
  2. စာရေးတံ ဆွမ်းကပ်လှူခြင်း
  3. လဆန်းပက္ခ၊ လဆုတ်ပက္ခ ဆွမ်းကပ်လှူခြင်း
  4. ပင့်ဖိတ်၌ လှူအပ်သောဆွမ်းကို ကပ်လှူခြင်း
  5. ဥပုသ်နေ့၌ လှူအပ်သောဆွမ်းကို ကပ်လှူခြင်း
  6. ဧည့်သည် အာဂန္တုကရဟန်းတို့အား ဆွမ်းကပ်လှူခြင်း
  7. ကျောင်းနေသံဃာတော်များအား ဆွမ်းကပ်လှူခြင်း
  8. ဝါဆိုသင်္ကန်း ကပ်လှူခြင်း[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ဦးရွှေအောင် မဟာဝိဇ္ဇာ (သက္ကတ)၊ ဝဋံသကာနှင့် သိရောမဏိ (၁ နိုဝင်ဘာ ၂၀၀၂)။ ဓမ္မပဒ (ယမကဝဂ်၊ စိတ္တဝဂ်၊ အပ္ပမာဒဝဂ်၊ ပုပ္ဖဝဂ် ပေါင်းချုပ်) (ဒုတိယအကြိမ် ed.)။ အမှတ် ၃၈၊ ၁၀၉ လမ်း၊ မင်္ဂလာတောင်ညွန့်၊ ရန်ကုန်မြို့: ရာပြည့်စာအုပ်တိုက်။ pp. ၁၇၃-၁၈၅။CS1 maint: location (link)