မဟာပရိနိဗ္ဗာန်စေတီတော်
မဟာပရိနိဗ္ဗာန်စေတီတော် သည် ဂေါတမဗုဒ္ဓ ပရိနိဗ္ဗာန်ပြုရာနေရာ အိန္ဒိယနိုင်ငံ၊ ကုသိနာရုံပြည်ရှိ စေတီတော်တစ်ဆူ ဖြစ်သည်။ အလက်ဇန်းဒါး ကန်နင်ဟမ် (Alexander Cunningham) ထိုဒေသရှိ နေရာများကို လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ခဲ့ပြီး ထိုနေရာသည် ဗုဒ္ဓပရိနိဗ္ဗာန်ပြုရာနေရာဖြစ်ကြောင်း ဆိုခဲ့သည်။[၁][၂] ယခုလက်ရှိ ဘုရားကို အိန္ဒိယနိုင်ငံအစိုးရ ၁၉၅၆ ခုနှစ်တွင် မဟာပရိနိဗ္ဗာန်ပြုခဲ့သည့် ၂၅၀၀ ပြည့်အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သည်။ စေတီတော်အ၏ အထဲတွင် မြောက်ဘက်သို့ ဦးခေါင်းပြုကာ လဲလျောင်းနေသည့် ရုပ်ပွားတော်တစ်ဆူ ရှိသည်။ ထိုရုပ်ပွားတော်သည် ၆.၁ မီတာ ရှည်ကာ ကျောက်ညောင်စောင်းတွင် လဲလျောင်းနေဟန်ဖြစ်သည်။[၃]
မဟာပရိနိဗ္ဗာန်စေတီတော် | |
---|---|
परिनिर्वाण स्तूप | |
ကုသိနာရုံပြည်ရှိ မဟာပရိနိဗ္ဗာန်စေတီတော်နှင့် အဆောက်အဦ | |
အချက်အလက်များ | |
တည်နေရာ | Kushinagar, Uttar Pradesh |
ကိုဩဒိနိတ် | 26°44′28″N 83°53′17″E / 26.741°N 83.888°Eကိုဩဒိနိတ်: 26°44′28″N 83°53′17″E / 26.741°N 83.888°E |
ဘာသာရေး နှီးနွယ်မှု | ဗုဒ္ဓဘာသာ |
နိုင်ငံ | India |
ဝက်ဘ်ဆိုဒ် | kushinagar.nic.in |
ဗိသုကာ | |
ပြီးစီး | 413-55 B.C.[၁] |
သမိုင်းကြောင်း
ပြင်ဆင်ရန်ဗုဒ္ဓနှင့်ပတ်သက်သည့် စူးစမ်းရှာဖွေမှုများပြုလုပ်မှုသည် ၄၅ နှစ်ကြာပြီးနောက်၌ မြတ်စွာဘုရား တပည့်သာဝကများအား နောက်ဆုံးဩဝါဒခြွေခဲ့ရာ ပရိနိဗ္ဗာန်ပြုရာ ကုသိနာရုံပြည်သို့ရောက်ရှိခဲ့သည်။ အသောကမင်းသည်လည်း ၂၆၀ BCE တွင် စေတီတော်၊ အဆောက်အဦများစွာတို့ကို မြတ်စွာဘုရာဘုရားပရိနိဗ္ဗာန်ပြုရာနေရာတွင် တည်ထားခဲ့သည်။ ကုသနာရုံရှိ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့်နေရာများသည် ကူရှန်အင်ပါယာ (c. 50-241 CE)တွင် ပိုမိုကျယ်ပြန့်လာခဲ့သည်။ ကုသိနာရုံအကြောင်းကို သက်သေအထောက်အထားရှိခဲ့သည့်အချိန်သည် Gupta အင်ပါယာ (c. 320-647 CE) ဖြစ်ပြီး မဟာပရိနိဗ္ဗာန်စေတီတော်ကို ကြီးမားစွာ တိုးချဲ့ထားကြပြီး အဆောက်အဦကိုလည်း လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်ကြီးကိုလည်း တည်းထားခဲ့ကြသည်။[၂] ဗြိတိသျှရှေးဟောင်းသုတေသနပညာရှင်တစ်ဦးဖြစ်သည့် Alexander Cunningham က အမိုးခုံးကြီးပါဝင်သည့်အခန်းသည် လျောင်းတော်မူရုပ်ပွားတော်ကြီးနှင့်အတူ ၆၃၇ အေဒီထက် နောက်မကျခင်ကတည်းက တည်ရှိခဲ့သည်ဟု ဆိုခဲ့သည်။ လျောင်းတော်မူရုပ်ပွားတော်နှင့် ကျောင်းတော်သည် စေတီတော်နှင့် စပ်ဆက်ကာတည်ရှိနေသည်ကို တူးဖော်တွေ့ရှိခဲ့ကြသည်။ [၄]၁၈၇၇ ခုနှစ်၊ မတ်လတွင် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။ စေတီတော်သည် အပိုင်းအစများစွာ ကျိုးပဲ့ပြန့်ကြဲနေပြီး အားလုံးကို ပြန်လည်၍ ပြင်ဆင်ခဲ့သည်။ ကျောင်းတော်ကိုလည်း ပြင်ဆင်ခဲ့သည်။ အမိုးကိုမူ အိန္ဒိယနိုင်ငံရှေးဟောင်းသုတေသနလေ့လာရေးက ပြုလုပ်ခဲ့သည်။[၅]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Knapp၊ Stephen (2009)။ Spiritual India handbook : a guide to temples, holy sites[,] festivals and traditions။ Mumbai: Jaico Publishing။ ISBN 978-81-8495-024-3။ 18 July 2015 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ Phuoc၊ Le Huu (2010)။ Buddhist architecture။ [S.l.]: Grafikol။ p. 282။ ISBN 978-0984404308။ 18 July 2015 တွင် ပြန်စစ်ပြီး။
- ↑ Parinirvana Temple။ 18 July 2015 တွင် ပြန်စစ်ပြီး။
- ↑ Cunningham၊ Alexander (1892)။ Mahâbodhi, or the great Buddhist temple under the Bodhi tree at Buddha-Gaya။ London: W. H. Allen။ p. 85။
- ↑ Wright၊ Colin။ The sculpture of the mahaparinirvana of the Buddha at Kasia.။ 15 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-04-04 တွင် ပြန်စစ်ပြီး။