အရှင်မဟာပရိဝါရကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

ဝိပဿီမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

ဝိပဿီမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ အရှင်မဟာပရိဝါရကထေရ် သည် ထိုအချိန်က ဘီလူးမင်းစစ်သူကြီး ဖြစ်၏။ ရှစ်သောင်းလေးထောင်သော ဘီလူးတို့သည် သူ၏ အထံပါးတွင် ခစားကြရ၏။

တစ်နေ့သောအခါ မြတ်စွာဘုရားသည် ဗန္ဓုမပြည်သို့ ဝင်လေ၏။ ထိုအခါ အရှင်မဟာပရိဝါရကထေရ် သည် အပေါ်ရုံပုဆိုးကို ယူကာ မြတ်စွာဘုရားထံ လှူဒါန်း၏။ ထိုအခါ မဟာပထဝီမြေကြီးသည် တုန်လှုပ်တော်မူ၏။ [၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်တွင် ပူဇော်မှုကို ပြုခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ထို့ပြင် တစ်ဆယ့်ငါးကမ္ဘာထက်တွင် “သုဝါဟန” အမည်ဖြင့် စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်မဟာပရိဝါရကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ မဟာပရိဝါရဝဂ်