[၁] ဘုရားရှင် ကပိလဝတ္ထုမြို့တော်အနီး မဟာဝုန်တော၌ သီတင်းသုံးတော်မူစဉ် စကြဝဠာလောကဓာတ်ပေါင်း တိုက်တစ်သောင်းမှ ရောက်ရှိလာကြသော နတ်ဗြဟ္မာတို့တွင် မောဟစရိုက်ရှိသော နတ်ဗြဟ္မာတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ မဟာဗျူဟသုတ်တော်ကို နာယူပြီးချိန်၌ နတ် ဗြဟ္မာ ကုဋေတစ်သိန်း ရဟန္တာဖြစ်ကြသည်။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဖြစ်သူ မရေမတွက်နိုင်ဟု အဋ္ဌကထာ၌ ဖွင့်ဆိုထားပါသည်။

ဤသုတ်၌ မိစ္ဆာဝါဒ သဘာဝနှင့် ရဟန္တာပုဂ္ဂိုလ်တို့ သဘာဝကို ဟောကြားတော်မူပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သုတ္တနိ၊၄၁၈-၄၂၁။ သုတ္တနိ၊မြန်၊၃၉၄-၅။ သုတ္တနိ၊ဋ္ဌ၊၂၊၂၇၃-၇။ ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ, ၄-အဋ္ဌကဝဂ္ဂ၊ တေရသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ