မဟာဘိနီဟာရ
မဟာဘိနီဟာရ ဆိုသည်မှာ စကြဝဠာတစ်သောင်းကို ရိုက်ခြောင်းဆူဝေ တုန်လှုပ်စေနိုင်သော ပဋိညာဉ်ကြီး၊ ဆုတောင်းကြီး ဖြစ်သည်။ "ဗုဒ္ဓေါ ဗောဓေယျံ မုတ္တော မောစေယျံ၊ တိဏ္ဏော တာရေယျံ" ဟူသည့် မဟာဗောဓိပတ္ထနာကို "မဟာဘိနီဟာရ" ဟု ဆိုသည်။[၁]
ဆုတောင်း
ပြင်ဆင်ရန်"ကိံ မေ ကေန တိဏ္ဏေန၊ ပုရိသေန ထာမဒဿိနာ သဗ္ဗညုတံ ပါပုဏိတွာ၊ သန္တာရေဿံ သဒေဝကံ"
ကိုယ်စွမ်းကိုယ်မြင်သော ငါယောက်ျားကောင်းဖြစ်ပါလျက် တကိုယ်တည်း နိဗ္ဗာန်ကူးသဖြင့် ငါ့အား ပစာပြုရအံ့နည်း၊ သဗ္ဗညုတဉာဏ်တည်းဟူသော မဟာဗောဓိသို့ ရောက်ပြီးမှ နတ်ဗြဟ္မာနှင့်တကွသော လူများအပေါင်းကို နိဗ္ဗာန်ကူးတို့ ဆောင်ပို့ကယ်တင်အံ့"
ဤသည်မှာ "မဟာဘိနီဟာရ" ဆုတောင်းပဋိညာဉ်ကြီး ဖြစ်သည်။[၁]
မဟာဘိနီဟာရ အင်္ဂါရှစ်ပါး
ပြင်ဆင်ရန်မဟာဘိနီဟာရ ထမြောက်အောင်မြင်ကြောင်း အင်္ဂါ ရှစ်ပါးရှိ၏။
မနုဿတ္တံ လိင်္ဂသမ္ပတ္တိ၊ ဟေတု သတ္ထာရဒဿနံ။ ပဗ္ဗဇ္ဇာ ဂုဏသမ္ပတ္တိ၊ အဓိကာရော စ ဆန္ဒတာ။ အဋ္ဌဓမ္မသမောဓာနာ၊ အဘိနီဟာရော သမိဇ္ဈိတိ။[၁]
- မနုဿတ္တံ = လူ၏အဖြစ်။
- လိင်္ဂသမ္ပတ္တိ = ယောက်ျားစင်စစ်အဖြစ်။
- ဟေတု = ယူလိုလျှင် ယခုဘဝပင် ရဟန္တာဖြစ်နိုင်လောက်အောင် ရင့်ပြီးသော အကြောင်းပါရမီ ရှိသည်၏ အဖြစ်။
- သတ္ထာရဒဿနံ = သဗ္ဗညုဘုရားနှင့် တွေ့ကြုံရခြင်း။
- ပဗ္ဗဇ္ဇာ = ရသေ့ရဟန်း အဖြစ်၌ တည်ခြင်း။
- ဂုဏသမ္ပတ္တိ = အဘိညာသမာပတ်ဂုဏ်နှင့် ပြည့်စုံခြင်း။
- အဓိကာရော= ဘုရားဖြစ်ရန် ပြုအပ်သော ကုသိုလ်ရှိခြင်း။
- ဆန္ဒတာ = ဘုရားဖြစ်ရန် ထက်သန်လှသော ဆန္ဒပတ္ထနာရှိခြင်း။
အဋ္ဌဓမ္မ သမောဓာနာ = အင်္ဂါရှစ်စုံ ကျေးဇူးဂုဏ်တို့ ပေါင်းဆုံညီညွတ်ခြင်းကြောင့်၊ အဘိနီဟာရော = မဟာဘိနီဟာရမှုသည်၊ သမိဇ္ဈိတိ = ထမြောက် အောင်မြင်နိုင်၏။[၁]