မဟာမကုဋ်ဗုဒ္ဓတက္ကသိုလ်
မဟာမကုဋ်ဗုဒ္ဓတက္ကသိုလ် သည် ထိုင်းနိုင်ငံတွင် တည်ရှိသည့် အများပြည်သူပိုင် ဗုဒ္ဓတက္ကသိုလ်နှစ်ခုထဲမှ တစ်ခု ဖြစ်သည်။
มหาวิทยาลัยมหามกุฏราชวิทยาลัย | |
အမျိုးအစား | အများပြည်သူပိုင် ဗုဒ္ဓတက္ကသိုလ် |
---|---|
တည်ထောင် | ၁၈၉၃ |
တည်နေရာ | ဘန်ကောက်, ထိုင်း |
ဝဘ်ဆိုဒ် | http://www.mbu.ac.th |
သမိုင်းကြောင်း
ပြင်ဆင်ရန်ရဟန်းများအတွက် ပညာရေးအင်စတီကျုတစ်ခုအဖြစ် ၁၈၉၃ တွင် ဘုရင် ချူလာလောင်ကွန်းက သူ၏သေဆုံးပြီးဖြစ်သည့် ဖခင် ဘုရင် မွန်ကုတ်ကို အမှတ်ရသည့်အနေဖြင့် တည်ထောင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ထိုင်းအစိုးရက အများပြည်သူဆိုင်ရာတက္ကသိုလ်တစ်ခုအဖြစ် အသိအမှတ်ပြု ခွင့်ပြုခဲ့သည်။ ထိုင်းနိုင်ငံ၏ အဆင့်မြင့်ပညာရေးစနစ်များနှင့် ပေါင်းစပ်သင်ကြားပေးသည်။[၁]
ကောလိပ်များနှင့် ဌာနများ
ပြင်ဆင်ရန်မဟာမကုဋ်ဗုဒ္ဓတက္ကသိုလ်သည် မဟာဌာနကြီး လေးခုဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့မှာ ဘာသာရေးနှင့် ဒဿနိကဗေဒမဟာဌာန၊ လူမှုဘာသာရပ်များဆိုင်ရာမဟာဌာန၊ လူမှုရေးသိပ္ပံမဟာဌာနနှင့် ပညာရေးမဟာဌာနတို့ ပါဝင်သည်။ ထို့အပြင် တက္ကသိုလ်တွင် ဆရာများ၏လေ့ကျင့်ရေးအစီအစဉ်များကဲ့သို့သော အမျိုးမျိုးသော ပညာရေးဝန်ဆောင်မှုများကို အများပြည်သူသို့ သင်ကြားပေးလျက်ရှိသည်။[၂]
၁၉၈၇ ခုနှစ်တွင် တက္ကသိုလ်တွင် မဟာဘွဲ့သင်တန်းများကို စတင်သင်ကြားပေးခဲ့သည်။ ဗုဒ္ဓဘာသာလေ့လာသူများအတွက် ပါရဂူဘွဲ့ကိုမူ ၂၀၀၅ခုနှစ်တွင် စတင်ခဲ့သည်။[၃]
ပြင်ပလင့်များ
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 11 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 June 2021 တွင် ပြန်စစ်ပြီး။
- ↑ https://www.ryt9.com/tag/%E0%B8%A1%E0%B8%AB%E0%B8%B2%E0%B8%A7%E0%B8%B4%E0%B8%97%E0%B8%A2%E0%B8%B2%E0%B8%A5%E0%B8%B1%E0%B8%A2%E0%B8%A1%E0%B8%AB%E0%B8%B2%E0%B8%A1%E0%B8%81%E0%B8%B8%E0%B8%8F%E0%B8%A3%E0%B8%B2%E0%B8%8A%E0%B8%A7%E0%B8%B4%E0%B8%97%E0%B8%A2%E0%B8%B2%E0%B8%A5%E0%B8%B1%E0%B8%A2/
- ↑ https://www.thairath.co.th/tags/%E0%B8%A1%E0%B8%AB%E0%B8%B2%E0%B8%A7%E0%B8%B4%E0%B8%97%E0%B8%A2%E0%B8%B2%E0%B8%A5%E0%B8%B1%E0%B8%A2%E0%B8%A1%E0%B8%AB%E0%B8%B2%E0%B8%A1%E0%B8%81%E0%B8%B8%E0%B8%8F%E0%B8%A3%E0%B8%B2%E0%B8%8A%E0%B8%A7%E0%B8%B4%E0%B8%97%E0%B8%A2%E0%B8%B2%E0%B8%A5%E0%B8%B1%E0%B8%A2
ကိုဩဒိနိတ်: 13°45′33″N 100°30′05″E / 13.75917°N 100.50139°E