မဟာမြတ်မုနိဘုရား (ကျိုင်းတုံမြို့)
မဟာမြတ်မုနိဘုရား (Wat Phra Sao Luang ဟုလည်း သိကြ) သည် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် တည်ရှိသည့် ဘုရားတစ်ဆူ ဖြစ်သည်။ ဤဘုရားသည် မန္တလေးရှိ မဟာမြတ်မုနိဘုရား၏ ပုံစံကို ကူးယူကာ တည်ဆောက်ထားသဖြင့် ထင်ရှားသည်။
မဟာမြတ်မုနိဘုရား Wat Pha Jao Lung | |
---|---|
အချက်အလက်များ | |
ကိုဩဒိနိတ် | 21°17′29″N 99°36′11″E / 21.291416°N 99.602946°Eကိုဩဒိနိတ်: 21°17′29″N 99°36′11″E / 21.291416°N 99.602946°E |
ဘာသာရေး နှီးနွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
နိုင်ငံ | ကျိုင်းတုံမြို့၊ ရှမ်းပြည်နယ် |
ဗိသုကာ | |
တည်ထောင်သူ | စဝ်ကွမ်ကျောက်အင်းတလိုင်း |
ပြီးစီး | ၁၉၂၆ |
ဤရုပ်ပွားတော်ကို ၁၉၂၀ ခုနှစ်တွင် Wat Zaing Ngarm ၏ ကျောင်းထိုင်နှင့် ကျိုင်းတုံနယ် စော်ဘွား စဝ်ကွမ်ကျောက်အင်းတလိုင်း တို့က တည်ထားကိုးကွယ်ခဲ့သည်။ မန္တလေးရှိ မဟာမြတ်မုနိပုံစံတူ ရုပ်ပွားတော်ဖြစ်ပြီး ၁၉၂၁ ခုနှစ်တွင် ဦးသစ်နှင့် သူ၏ အလုပ်သမားတို့သည် သွန်းလုပ်ခဲ့ကြသည်။ ရုပ်ပွားတော်ကို ၁၉၂၆ ခုနှစ်တွင် ကျိုင်းတုံမြို့နယ်အလယ်ရှိ ကျောင်းတော်အသစ်တစ်ခုတွင် ထားရှိခဲ့သည်။[၁]
မန္တလေးရှိ ရုပ်ပွားတော်ကြီးနှင့် တူစေရန် မျက်နှာတော်ကို တစ်လလျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ မျက်နှာတော်ကို ပွတ်တိုက်ဆေးကြောခြင်းများ ဆောင်ရွက်ခဲ့ရသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Klemens၊ Karlsson (2007)။ Tai Khun Buddhism and Ethnic-Religious Identity (in en)။ 2018-10-22 တွင် ပြန်စစ်ပြီး။