အင်းဝမြို့အပြင်မြို့ရိုးအတွင်း လေးထပ်ကြီးကျောင်း အရှေ့ဘက်တွင် တည်ရှိသည်။ မဟာမြတ်မုနိစေတီကို ညောင်ရမ်းမင်းသည် သက္ကရာဇ် (၉၆၄)ခု၊ တန်ခူးလပြည့်ကျော် (၆)ရက်နေ့တွင် စတင်တည်ထားခဲ့ပြီး သားတော် အနောက်ဘက်လွန်မင်းက ပြီးစီးအောင် ဆက်လက်တည်ဆောက်၍ လုံးတော်ပြည့် ရွှေချခဲ့သည်။ ညောင်ရမ်းမင်းတို့သည် အဝကို ဒုတိယအကြိမ် ပြန်လည်တည်ဆောက် စိုးစံခဲ့သော ညောင်ရမ်းမင်းတရားကြီးကို ဂုဏ်ပြုသောအားဖြင့် အထွတ်အမြတ် ဆယ့်နှစ်လရာသီပွဲများ ပွဲသဘင် အခမ်းအနား ကျင်းပကြသည့် အခါတိုင်း မဟာမြတ်မုနိဘုရားအား ဦးတိုက်ကြသည်ကို တွေ့ရှိရသည်။

အမရပူရမြို့တည် ဘိုးတော်(ဗဒုံမင်း)သည် သံပိဿာချိန် (၁၁၃၆၈)ဖြင့် သွန်းလုပ်ခဲ့သော ဉာဏ်တော်(၅) တောင်(၂)မိုက်ရှိ စန္ဒာမုနိရုပ်ပွားတော်ကြီးကို မင်းကွန်းတွင် သွန်းလုပ်၍ အမရပူရသို့ ပင့်ဆောင်ပူဇော်ခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. အင်းဝ-ပင်းယဒေသရှိ ရှေးဟောင်းအဆောက်အအုံများ၊ စာ-၂၄/၂၅