နည်းပညာတက္ကသိုလ်(မအူပင်)
(မအူပင်နည်းပညာတက္ကသိုလ် မှ ပြန်ညွှန်းထားသည်)
နည်းပညာတက္ကသိုလ်(မအူပင်) သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ၊ မအူပင်-ရေလဲကားလမ်းဘေး၊ အောင်ဟိတ်ရွာအနီးတွင် တည်ရှိပြီး အကျယ်အဝန်း ၅၀.၁၄ ဧက ရှိသည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်နည်းပညာတက္ကသိုလ်(မအူပင်)ကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် မအူပင်မြို့ စာရေးကုန်းရပ်ကွက်နှင့် ဘောလုံးကွင်းရပ်ကွက်ကြား စိမ်းမြကန်သာလမ်းပေါ်ရှိ မြေဧက ၅၇.၈၇၂ ပေါ်၌ အစိုးရစက်မှုလက်မှုသိပ္ပံ (မအူပင်) အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၂ ခုနှစ် မေလ ၃၁ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်အဖြစ် အဆင့်မြှင့်တင်ဖွင့် လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။[၁]
သင်ကြားရေးဌာနများ
ပြင်ဆင်ရန်- မြို့ပြအင်ဂျင်နီယာဌာန
- အီလက်ထရွန်းနစ်အင်ဂျင်နီယာဌာန
- လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
- စက်မှုအင်ဂျင်နီယာဌာန
- မြန်မာစာဌာန
- အင်္ဂလိပ်စာဌာန
- အင်ဂျင်နီယာသင်္ချာဌာန
- အင်ဂျင်နီယာရူပဗေဒဌာန
- အင်ဂျင်နီယာဓာတုဗေဒဌာန
သင်တန်းများ
ပြင်ဆင်ရန်ဘွဲ့သင်တန်း | ဘွဲ့ဒီဂရီ | သင်တန်းကာလ |
---|---|---|
အင်ဂျင်နီယာဘွဲ့ (မြို့ပြ) | B.E. (Civil) | ၆ နှစ် |
အင်ဂျင်နီယာဘွဲ့ (အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေး) | B.E. (EC) | ၆ နှစ် |
အင်ဂျင်နီယာဘွဲ့ (လျှပ်စစ်စွမ်းအား) | B.E. (EP) | ၆ နှစ် |
အင်ဂျင်နီယာဘွဲ့ (စက်မှု) | B.E. (ME) | ၆ နှစ် |
ကိုးကား
ပြင်ဆင်ရန်- ↑ Background History။ 8 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်
ဤ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |