မာဃ
အမည်ရင်းဦးသာတင်
မွေးဖွား၃၊ ၁၀၊ ၁၉၁၃
ဧရာဝတီတိုင်း၊ ရေကြည်မြို့
ကွယ်လွန်၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၂၅
ရန်ကုန်မြို့၊ ဖဆပလတိုက် အခန်း (၃၁)
ကလောင်အမည်ဃောသ၊ ဓနုဖြူ၊ ရေကြည် ဦးသာတင်၊ ဝဏ္ဏကျော်ထင် ဦးသာတင်၊ ဣန္ဒြေ၊ အယ်ဒီတာ
အလုပ်အကိုင်တိုင်းရင်းဆေးပညာ အတိုင်ပင်ခံ
လူမျိုးဗမာ
နိုင်ငံသား မြန်မာ
ရရှိသည့်ဆုများဝဏ္ဏကျော်ထင်ဘွဲ့
အိမ်ထောင်ဖက်ဒေါ်ကြည်ကြည်
မိဘဦးအောင်သာ + ဒေါ်ငွေခဲ
ကိုးကွယ်မှုဗုဒ္ဓဘာသာ

ကိုယ်ရေးဖြစ်စဉ် ပြင်ဆင်ရန်

ဆရာမာဃကို ၁၉၁၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် (ငသိုင်းချောင်းမြို့၏ တဖက်ကမ်း) သရက်ချောင်းရွာ၌ အဘ ဦးအောင်သာ၊ အမိ ဒေါ်ငွေခဲတို့မှ ဖွားမြင်သည်။ အမည်ရင်မှာ ဦးသာတင်ဖြစ်သည်။

အစ်ကိုဝမ်းကွဲတော်သူ ရေကြည်မြို့ အဂ္ဂမဟာပဏ္ဍိတ ဒီပါရုံဆရာတော်၊ မယ်ဇလီ ဆရာကြီး ဦးမောင်မောင်၊ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ ရွှေဂူတိုက်၊ အမရပူရမြို့ တူးမောင်းတိုက်၊ မန္တလေးမြို့ အရှေ့ခင်မကန်တိုက်၊ ရန်ကုန်မြို့ အရိယသမဇ္ဇ ကျောင်းတို့တွင် သာမဏေဘဝ၊ ရဟန်းဘဝတို့ဖြင့် ၁၅ နှစ်ကြာ စာပေ သင်ကြားခဲ့သည်။ ရဟန်းဘွဲ့ အမည်မှာ ဦးသုစိတ္တ ဖြစ်သည်။ ဆေးပညာကို သဘာဝဓမ္မ ဆရာတော် ဦးဣန္ဒြိယ၊ ဓာတုလက္ခဏာ ဇောတိဆေးကျမ်းပြု ဆရာကြီး ဦးစိုးမင်း၊ သဘာဝဓမ္မ ဆရာသန်းတို့ ထံတွင် လေ့လာ သင်ကြားခဲ့သည်။ ၁၆ နှစ်သား အရွယ်တွင် အောင်တော်မူခဏ်းပျို့ကို စပ်ဆိုတော်မူခဲ့သည်။ ထို့အပြင် ဥမ္မာဒန္တီဇာတ်၊ ဗြဟ္မဝိဟာရဝလ္လရီ စသည်တို့ကို ရေးသားခဲ့သည်။

၁၉၃၇ ခုနှစ်တွင် ရဟန်းဘဝကို စွန့်ပြီး သူရိယ သတင်းစာတိုက်တွင် စာပြင်မှူးနှင့် အယ်ဒီတာ အဖွဲ့ဝင် အဖြစ် ၁၉၃၇ ခုနှစ်မှာ ၁၉၄၁ ခုနှစ် အထိ လည်ကောင်း၊ ဂျပန်ခေတ် အဘိဓာန် ဌာနတွင် စာပြုအဖြစ် ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ လည်းကောင်း၊ သံတော်ဆင့် သတင်းစာ အယ်ဒီတာ အဖြစ် ၁၉၄၅ ခုနှစ်မှ ၁၉၄၉ ခုနှစ် အထိ လည်းကောင်း၊ သမားတော် မဂ္ဂဇင်း အယ်ဒီတာ အဖြစ် ၁၉၄၉ ခုနှစ်၊ ၁၉၅ဝ ပြည့်နှစ် အထိ လည်းကောင်း၊ သာသနာရေး ဦးစီးဌာနမှ သာသနာ့ရောင်ခြည် စာစောင် အယ်ဒီတာနှင့် စာပြင်မှူးချုပ် အဖြစ် ၁၉၅၂ ခုနှစ်မှ ၁၉၆၇ ခုနှစ် အထိ လည်းကောင်း လုပ်ကိုင်ခဲ့သည်။

၁၉၄၈ ခုနှစ်တွင် ဆေးပညာ နိဒါန်းနှင့် အာယုဗွေဒသင်္ဂဟ ဆေးကျမ်းတို့ကို ရေးသားခဲ့သည်။ ဗဟို သမားတော် အဖွဲ့ချုပ်တွင် အတွင်းရေးမှူး အဖြစ် ၁၉၄၈ မှ ၁၉၅၂ ခုနှစ် အထိ ထမ်းဆောင်ခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခံရသည်။ မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်းတွင် ၁၉၇၂-၇၃ ခုနှစ်မှ ၁၉၇၉-၈ဝ ပြည့်နှစ် အထိ (၁၉၇၆-၇၇ မပါ) ခုနှစ်ကြိမ်တိတိ ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့သည်။

၁၉၅၁ ခုနှစ်တွင် သက္ကတ၊ ဟင်ဒီဘာသာ စာအုပ်များ ဝယ်ရန်နှင့် ဒေသန္တရ ဗဟုသုတရှာရန် ကာလကတ္တားသို့ လည်းကောင်း၊ ၁၉၅၅ ခုနှစ်တွင် ကမော္ဘဒီးယားသို့ လည်းကောင်း၊ ၁၉၇၉ ခုနှစ်တွင် ကမာ္ဘ့ ကျန်းမာရေး အဖွဲ့ အစည်းအဝေး တက်ရောက်ရန် အိန္ဒိယနိုင်ငံ၊ နယူဒေလီသို့ လည်းကောင်း၊ ၁၉၇၉ ခုနှစ်တွင် ဗာရာဏသီ တက္ကသိုလ်တွင် ဆေးပညာ လေ့လာရန် အတွက် လည်းကောင်း စုစုပေါင်း လေးကြိမ်မျှ နိုင်ငံရပ်ခြားသို့ သွားရောက်ခဲ့သည်။

ဆရာမာဃသည် စာပေပညာ ဆည်းပူး လိုက်စားခဲ့ရင်း ပညာ အတွေ့အကြုံများကို အခြေခံကာ စာပေလုပ်ငန်းကို တဖက်က လုပ်ဆောင်လျက် လုံးချင်း၊ ကဗျာနှင့် ဆောင်းပါး အပါအဝင် စုစုပေါင်း ပုဒ်ရေ ၄၇ဝ ကျော်မျှ ရေးသားခဲ့သည်။ ၁၉၆၇-၆၈ ခုနှစ်တွင် အယ်ဒီတာ၊ စာပြင်မှူးချုပ် ဘဝမှ ပင်စင်ယူခဲ့ပြီး ၁၉၇၂ ခုနှစ်မှ ၁၉၈ဝ ပြည့်နှစ် အထိ ကျန်းမာရေး ဝန်ကြီးဌာန (တိုင်းရင်းဆေး) တွင် သင်ခန်းစာပြု၊ စာတည်းနှင့် သင်တန်းပြ အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၇ ခုနှစ်၊ မတ်လတွင် တိုင်းရင်းဆေး ကောင်စီဝင် ဖြစ်ခဲ့သည်။ လစဉ်ထုတ် နရသုခိ ကျန်းမာရေးနှင့် ဆေးစာစောင်တွင် တိုင်းရင်းဆေးပညာ အတိုင်ပင်ခံ အဖြစ် ကွယ်လွန်ချိန် အထိ ဆောင်ရွက်ခဲ့သည်။

၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၊ ဖဆပလတိုက် အခန်း (၃၁) နေအိမ်၌ ကွယ်လွန်ခဲ့ရာ ဇနီး ဒေါ်ကြည်ကြည် ကျန်ရစ်သည်။

ရေးသား ပြုစုခဲ့ပြီးသော စာအုပ်များ ပြင်ဆင်ရန်

  1. လှိုင်ထိပ်ခေါင်တင် ၁၉၃၇
  2. ဗုဒ္ဓဝင်ရှင်းတမ်း ၁၉၃၈
  3. မင်္ဂလာစံပြရာဇဝင် ၁၉၄၀
  4. လောကနီတိပျို့ ၁၉၄၁
  5. မင်းမြတ်သာလွန်အထ္ထုပ္ပတ္တိ ၁၉၄၂
  6. လာဒ်စားမှုဋီကာ ၁၉၄၂
  7. ဆေးပညာနိဒါန်း ၁၉၄၆
  8. အာယုဗ္ဗေဒသင်္ဂဟဆေးကျမ်း ၁၉၄၈
  9. ပက်သျှဝါ ဓာတ်တော် ၁၉၅၁
  10. ဘလ႞တိယပျို့နှင့် အဖြေ ၁၉၅၂
  11. ကဗျာ့ပန်းကုံး အဖြေသစ် ၁၉၅၂
  12. မုံရွေးဆရာတော်၏ မင်္ဂလသုတ်ပျို့နှင့် မာဃ၏ အဖြေ ၁၉၅၃
  13. ဗုဒ္ဓစွယ်တော် သွားတော်များ သမိုင်း ၁၉၅၅
  14. အလယ်တန်းကျောင်းသုံး မြန်မာ စကားပြေနှင့် ကဗျာ ကောက်နှုတ်ချက် အဖြေစုံ ၁၉၅၆
  15. ရှင်မဟာရဋ္ဌသာရ ၁၉၅၉
  16. ကိန္ဒာဝံသဇာတ်ဝတ္ထု ၁၉၅၉
  17. နိဗ္ဗန်ဝါဒသမိုင်း ၁၉၆၉
  18. ဓမ္မစကြာပါဌ် - နိဿယ -
  19. ဝေဿန္တရာ ဇာတ်တော်ကြီး စာကိုယ်နှင့် ခက်ဆစ်အဖြေ ၁၉၆၃
  20. မဟောသဓ ဇာတ်တော်ကြီး ၁၉၆၃
  21. ယောဂအဘိဓမ္မာကျမ်း ၁၉၇၀
  22. အင်းဝခေတ် စာပေသူရဲကောင်း ၁၉၇၀
  23. သာသနာ့ စီမံကိန်း -
  24. မြန်မာဘာသာ သဒ္ဒါဗေဒနှင့် အခြေခံများကို ပြဆိုရာကျမ်းများ ၁၉၇၁
  25. စာဆိုတော်ကြီး ရှင်မဟာသီလဝံသ ၁၉၇၁
  26. လူငယ်များအတွက် ခေတ်မီ ဗုဒ္ဓဝင်နှင့် အခြေခံ ဗုဒ္ဓဘာသာ ၁၉၇၂
  27. သီတာမောင်နှမနှင့် အခြားဝတ္ထုတိုများ ၁၉၇၂
  28. သင်္ဂါယနာသမိုင်းစုံ -
  29. အနန္တသူရိယ ၁၉၇၃
  30. ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မှာတော်ပုံ အကျဉ်းချုပ် ၁၉၇၄
  31. ဗိမ္ဗိသာရ ၁၉၇၄
  32. တိဗက်ဗုဒ္ဓဘာသာ ၁၉၇၅
  33. သခင်ကိုယ်တော်မှိုင်း အထ္ထုပ္ပတ္တိ (အကျဉ်း) ၁၉၇၅
  34. ဆယ်စောင်တွဲ ၁၉၇၆
  35. အနယ်နယ် အရပ်ရပ်မှ ရောဂါမျိုးစုံ ကုထုံး အမေး အဖြေ ၁၉၈၇
  36. မုဒုလက္ခဏာပျို့ (ပထမတွဲ) -
  37. မုဒုလက္ခဏာပျို့ (ဒုတိယတွဲ) -
  38. ပါဠိနှင့် မာဂဓီ -
  39. ဂျပန်စကားပြောနည်း -
  40. ကိုးခန်းပျို့ဒီပနီ (ပထမတွဲ)
  41. ကိုးခန်းပျို့ဒီပနီ (ဒုတိယတွဲ)
  42. ဗောဓိပက္ခိယဒီပနီ(စာကိုယ်)နှင့် အဖြေစုံ
  43. ယဉ်ကျေးမှုစာစောင်မှ ဆောင်းပါးများ
  44. ဂမုန်းတစ်ထောင်စီရင်စိုက်ပျိုးနည်း (ပထမတွဲ)

ဣန္ဒြ၊ကဝေသာရနှင့်အခြားခြားသောအမည်များကိုအသုံးပြု၍ စာအုပ်စာပေမြောက်များစွာကိုရေးသားခဲ့သည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၈ ဖေဖော်ဝါရီမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)'