မာထျင်းယွီ (ရေမာဟုလည်း တွင်)သည် တရုတ် ပေါ့အဆိုတော်နှင့် သရုပ်ဆောင် ဖြစ်သည်။ ပေကျင်း ရုပ်ရှင် အကယ်ဒမီမှ ဘွဲ့ရရှိသည်။ အသက် ၅ နှစ်တွင် လမုန့်ပွဲတော် ည၌ နာတာရှည် ရောဂါ ဖြစ်နေသော မိခင် ကွယ်လွန်ပြီး၊ ဖခင်မှာ အဝေးသို့ ထွက်သွားသည်။ မာနှင့် အစ်မ နှစ်ယောက်တို့သည် အသက် ကြီးရင့်ပြီ ဖြစ်သော အဘိုးအဘွားတို့နှင့် ကြုံရာကျပန်း အလုပ် လုပ်ရင်း ဘဝကို ဖြတ်သန်းခဲ့သည်။[၁]

Ma Tianyu
တရုတ်အမည် (traditional)
တရုတ်အမည် (simplified)
PinyinMa Tiānyǔ (Mandarin)
လူမျိုးစုဟွေမျိုးနွယ်စု မူစလင်တိုင်းရင်းသား
မူလဌာနေတရုတ်နိုင်ငံ
မွေးဖွား (1986-07-12) ဇူလိုင် ၁၂၊ ၁၉၈၆ (အသက် ၃၇)
Dezhou, Shandong, China
အခြား အမည်(များ)Ray Ma
အလုပ်အကိုင်အဆိုတော်သရုပ်ဆောင်
ဂီတဟန်Mandopop
တေးသံသွင်း ကုမ္ပဏီDiantong Yule
တက်ကြွ ခုနှစ်များ၂၀၀၆–လက်ရှိ
ဝက်ဘ်ဆိုဒ်Official website

အနုပညာလမ်းကြောင်း ပြင်ဆင်ရန်

၂၀၀၆-၂၀၀၈၊ အဆိုတော်ပေါက်စဘဝ ပြင်ဆင်ရန်

၂၀၀၆ တွင် မာထျင်းယွီသည် My Hero ဟူသော စတားရှာဖွေရေး ပြိုင်ပွဲသို့ အသိအကျွမ်းများ အားပေးအားမြှောက် ပြုသောကြောင့် ဝင်ရောက် ယှဉ်ပြိုင်သည်။ ဝူဟန့် တစ်နယ်လုံးတွင် ဗိုလ်စွဲပြီး တရုတ်တစ်ပြည်လုံးတွင် ပြိုင်ရသော ဖိုင်နယ်အချီတွင် ဆဋ္ဌမဆု စွဲကာ၊ အကျော်ကြားဆုံး ယှဉ်ပြိုင်သူအဖြစ်လည်း အရွေးချယ်ခံရသည်။ [၂]

၂၀၀၇ တွင်၊ မာသည် သူ၏ ပထမဆုံးသော အယ်လဘမ် လှပသော အလင်းကို ဖြန့်ချိသည်။[၃] ၎င်းအယ်လဘမ်သည် အောင်မြင်မှု ရရှိကာ၊ တရုတ်အယ်လဘမ်များအတွက် အာရှတေးဂီတဇယားတွင် ထိပ်စွဲလေသည်။ မာသည်  တရုတ် ဘီလ်ဘုတ် ဆုပေးပွဲတွင် မျက်နှာသစ် ဆုနှစ်ခုနှင့် [၄] ပဉ္စမမြောက် အရှေ့တောင်အာရှ တေးဂီတဇယား ဆုပေးပွဲနှင့် ၁၁ ကြိမ်မြောက် အောင်မြင်ကျော်ကြား စတားဆုပေးပွဲတို့၌ အထင်ရှားဆုံး အဆိုတော်ဆုများကို ရရှိသည်။[၅] အယ်လဘမ်၏ အဓိကသီချင်း "The Death of Gentleness"(သေသင့်တဲ့ နွေးထွေးမှု)သည်လည်း တစ်နှစ်တာအတွင်း ထိပ်ဆုံးသီချင်းဆယ်ပုဒ် အဖြစ် ရွေးချယ်ခံရသည်။[၆]

၂၀၀၉-၂၀၁၃၊ ပွဲဦးထွက် သရုပ်ဆောင်ခြင်းနှင့် ပေါက်ခြင်း ပြင်ဆင်ရန်

မာသည် သူ၏ ပထမဆုံးသော ပွဲဦးထွက် ရုပ်ရှင် Evening of Roses (ညနှင်းဆီ) ၌ ပါဝင်ပြီး ၎င်းမှာ ချိုင်ကျီဟိန်၏ ညနှင်းဆီဝတ္ထုကိုပင် ပြန်ရိုက်ထားခြင်း ဖြစ်သည်။[၇]

၂၀၁၁ တွင် Wallace Huo နှင့် Cecilia Liu တို့နှင့် အပြိုင် နိုးနိုးကြားကြား မျက်နှာဖုံးများ တွင် ပါဝင်သရုပ်ဆောင်ရာ ပရိသတ် အာရုံစိုက်ခြင်း ခံရသည်။[၈] ၂၀၁၁ ယိုးခု ရုပ်သံဆုပေးပွဲတွင် ပေါက်အနုပညာရှင်ဆုကို ရရှိသည်။[၉] ထို့နောက် ဟူနန်ရုပ်သံလိုင်းပိုင် မေချစ်သမီးချစ် (၂၀၁၂) တွင် သရုပ်ဆောင်ရာ ရုပ်သံလိုင်း သမိုင်းတလျှောက် ကြည့်ရှုသူ အမြင့်ဆုံး တက်လာသည်။ တဟုန်ထိုး တိုးဖောက်လာမှုအတွက် မာသည် အချီးကျူး ခံရသလို၊ ပိုင်တု ခေါ်သော ရှာဖွေရေးဝက်ဆိုက်များတွင် အရှာဖွေ ခံရဆုံး နံပါတ် တစ် ချိတ်ခဲ့သည်။[၁၀] ထိုနှစ်မှာပင် ရွှင်ယွမ်ဓား၊ အာကာဒဏ်ချက် တွင် ဧည့် သရုပ်ဆောင်ရာ အများက သူ့ အနုပညာကို သတိထားမိကြပြန်သည်။[၁၁]

၂၀၁၃ တွင် ဟာသရုပ်ရှင် The Cosplayers တွင် သရုပ်ဆောင်သည်။ စတုတ္ထမြောက် LeTV ဆုပေးပွဲတွင် Most Potential ရုပ်ရှင်သရုပ်ဆောင် အဖြစ် အရွေးခံရသည်။ [၁၂]

၂၀၁၄-၂၀၁၇၊ ကျော်ကြားလာခြင်း ပြင်ဆင်ရန်

Young Sherlock (၂၀၁၄) ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ပြီးနောက် ပို၍ ကျော်ကြားလာကာ ခမ်းနားကြီးကျယ်သော ဝမ်ယွင်ဖန် အဖြစ် သရုပ်ဆောင်ခြင်းကို ပရိသတ်များ အကြိုက်တွေ့ပြီး၊ သူ့ကို ချစ်သော ဖန်များစွာ ရရှိစေသည်။[၁၃] သူ့ကို သရုပ်ဆောင်အဖြစ် ပို၍ အသိအမှတ် ပြုလာသော Swords of Legends (၂၀၁၄)တွင် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ရာ အောင်မြင်မှု တဟုန်ထိုး ရရှိသည်။ [၁၄] Narcissus ဟု အမည်ပေးထားသော ဆင်ဂယ်ကို တစ်နှစ်တည်းတွင် ဖြန့်ချိရာ မီဒီယာနှင့် ပရိသတ်များမှ အပြုသဘောဆောင်သော ဝေဖန်ချက်များ ရရှိပြီး၊ တရုတ်ပြည်ရှိ တေးဂီတဇယားအမျိုးမျိုးတွင် ထိပ်ချိတ်သည်။[၁၅]

၂၀၁၅ တွင်၊ မာသည် ခရီးသွားရင်း အစစ်အမှန်များ ရိုက်ကူးပြသသော ပန်းပွင့်ပေါ်က ညီအစ်မများ ရှိုးတွင် ပါဝင်ပြီး၊ "အချိန်ကို လေထဲမှာ နောက်ပြန်ရစ်ကြစို့" အမည်ရသည့် ရှိုးတေးကို သီဆိုပေးခဲ့သည်။[၁၆] ထိုနှစ်တွင်ပင် ဟာသရုပ်ရှင်ဖြစ်သော Surprise တွင် သရုပ်ဆောင်သည်။ ၎င်းသည် ဝင်ကြေး သန်းချီ ရပြီး၊ မာသည် သမိုင်းဝင်သူရဲကောင်း တစ်ဦး၏ ရုပ်ပုံလွှာ အတွက် တောင်းဆိုခံရသည်။ [၁၇][၁၈] Esquire Man At His Best Award ဆုပေးပွဲတွင် အထူးချွန်ဆုံး ကျားအနုပညာရှင်ဆုကို ရရှိသည်။[၁၉]

၂၀၁၆ တွင်၊ သမိုင်းနောက်ခံ စိတ်ကူးယဉ် ဇာတ်လမ်းတွဲ Ice Fantasy တွင် ပါဝင်ပြီး၊ ၎င်းဇာတ်လမ်းတွဲမှာ ကောကျင်မင်၏ အရောင်းရဆုံး ဝတ္ထု City of Fantasy  ကို အခြေခံထားကာ မာသည် တိတ်ဆိတ်ပြီး လျှို့ဝှက်လှသော ရေခဲမင်းသား ယင်းခုန်းရှည့်/လီထျင်းကျင်း အဖြစ် သရုပ်ဆောင်သည်။[၂၀] ထိုဇာတ်လမ်းတွဲ ထုတ်လွှင့်ရာမှ စ၍ မာ့ကို နိုင်ငံတကာ ပရိသတ်က ပို၍ သိရှိလာကြသည်။[၂၁] ထိုနှစ်မှာပင် အနုပညာလောကထဲ ရောက်သည့် ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လက်ပန်း အယ်လဘမ်ကို ဖြန့်ချိသည်။[၂၂]

တေးသံသွင်း ပြင်ဆင်ရန်

အယ်လဘမ် ပြင်ဆင်ရန်

ခုနှစ် ခေါင်းစီး တရုတ်ခေါင်းစီး
၂၀၀၆ Only Missing Autumn 只欠秋天
၂၀၀၇ Beautiful Light 宇光十色
Happy Childhood 快乐童话
၂၀၀၈ Fly
၂၀၀၉ The Longest Night in Shanghai 夜上海
၂၀၁၀ Bright Moonlight 月光晴朗
၂၀၁၀ Confidence 自言自宇
၂၀၁၃ Out of the World 世界之外
၂၀၁၆ Flower in Hand 手花

ဆင်ဂယ်တေး ပြင်ဆင်ရန်

ခုနှစ် ခေါင်းစီး တရုတ်ခေါင်းစီး အယ်ဘမ် မှတ်ချက်
၂၀၀၇ "We Are Ready" N/A Beijing Olympics song
၂၀၀၈ "One World One Dream" 世界的梦想
"The Things We Want to Do and Accomplish" 想到和做到的 Xiao Long Da Gong Fu OST
"Believe in Love" 相信爱 N/A Charity song
"Give You My Energy" 给你我的力量 N/A
၂၀၁၅ "Let Time Rewind in the Wind" 让时光在微风中倒流 Sister Over Flowers OST
၂၀၁၆ "Love Like Cherry Blossoms" 愛如櫻 Ice Fantasy OST

ရုပ်ရှင်ရုပ်သံ ပြင်ဆင်ရန်

ရုပ်ရှင် ပြင်ဆင်ရန်

ခုနှစ် ခေါင်းစီး တရုတ်ခေါင်းစီး ဇာတ်ကောင် မှတ်ချက်
၂၀၀၉ Evening of Roses 夜玫瑰 Lan Heyan
၂၀၁၀ Illusion Apartment 异度公寓 Meng Yifan
၂၀၁၁ East Meets West 东成西就 2011 Cameo
၂၀၁၃ The Cosplayers 百万爱情宝贝 Ye Chong
၂၀၁၅ Love Without Distance 土豪520 Yu Haiyan
Surprise 万万没想到 Mu Rongbai
၂၀၁၇ The Founding of an Army 建军大业 Lin Biao
A Better Tomorrow 4 英雄本色4 Zhou Chao
TBA The Choice: A Story of the Old Shanghai 君子道:上海滩后传

ရုပ်သံ ပြင်ဆင်ရန်

ခုနှစ် ခေါင်းစီး တရုတ်ခေါင်းစီး ဇာတ်ကောင် မှတ်ချက်
၂၀၀၈ You Are My Dream 你是我的梦 Ma Yu Cameo
၂၀၁၀ The Legend of Daiyu 黛玉传 Jia Baoyu
The Vigilantes in Masks 怪侠一枝梅 He Xiaomei
၂၀၁၁ Scarlet Heart 步步惊心 Huang Di Cameo
၂၀၁၂ Precious Mother, Precious Girl 宝贝妈妈宝贝女 Zhang Hanzhe
Xuan-Yuan Sword: Scar of Sky 轩辕剑:天之痕 Lü Chengzhi
၂၀၁၃ Romance of Tang Kongfu 唐朝浪漫英雄 Silver Hawk Cameo
La Ma, Qiao Ba 辣妈俏爸 Yuan Zhida
Longmen Express 龙门镖局 Qingdong Cameo
၂၀၁၄ The Home of Lady 淑女之家 Su Zhiwen
Young Sherlock 少年神探狄仁杰 Wang Yuanfang
Swords of Legends 古剑奇谭 Fang Lansheng
Romantic Kitchen 浪漫满厨 Mi Qing
၂၀၁၅ In the dream to find the answer 四手妙弹 Wen Shaohui Cameo
Kung Fu mother-in-law 功夫婆媳 Huang Lezong
The Gossip Girl 米粒向前冲 Meng Yan
၂၀၁၆ Edge of Happiness 缘来幸福 He Mu
Singing All Along 秀麗江山之長歌行 Yan Ziling Cameo
Ice Fantasy 幻城 Ying Kongshi / Li Tianjin
Beauty Private Kitchen 美人私房菜 Lee Ma
၂၀၁၇ Ice Fantasy Destiny 幻城凡世 Ma Tianci / Ying Kongshi
TBA Liang Sheng, Can We Not Be Sad 凉生,我们可不可以不忧伤 Liang Sheng
Secret of the Three Kingdoms 三国机密 Liu Xie / Liu Ping
By Marriage to Remember 毛丫丫被婚记 Xiang Hui
Scouring Marriage 淘婚记 Lee Xiaojun
Cry Me a Sad River 悲伤逆流成河 Qi Ming

ကိုးကား ပြင်ဆင်ရန်

  1. 马天宇(中国内地男演员、歌手)_百度百科
  2. 孤独患者马天宇:独自生存我也会适应得很好Tencent (2017-02-20)။
  3. 马天宇首张专辑《宇光十色》1月29日全国上市Tencent (2007-01-26)။ 9 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2017 တွင် ပြန်စစ်ပြီး။
  4. 马天宇原创榜大丰收 接替仔仔代言某奶糖Tencent။ 9 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2017 တွင် ပြန်စစ်ပြီး။
  5. 东方网:星光大典群星璀璨 刘德华马天宇受欢迎Tencent။ 9 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2017 တွင် ပြန်စစ်ပြီး။
  6. 马天宇两天连获四奖 最受欢迎奖实至名归Sina (2007-11-12)။
  7. 《夜玫瑰》情人节只放两场 马天宇首次触电Sina
  8. 《怪侠一枝梅》成收视黑马 观众呼吁拍续集Tencent (2011-01-14)။ 9 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2017 တွင် ပြန်စစ်ပြီး။
  9. 优酷指数 2011开年盛典最终获奖名单။ 23 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2017 တွင် ပြန်စစ်ပြီး။
  10. 马天宇新剧《宝贝妈妈宝贝女》收官 夺收视冠军Tencent (2012-06-09)။ 9 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2017 တွင် ပြန်စစ်ပြီး။
  11. 马天宇《轩辕剑》友情客串 获好评希望拓宽戏路Tencent (2012-07-31)။ 9 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2017 တွင် ပြန်စစ်ပြီး။
  12. 马天宇首获电影类奖项 (2013-12-20)။ 7 March 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2017 တွင် ပြန်စစ်ပြီး။
  13. 《少狄》收官暴虐马天宇 网友:不舍元芳Sohu (2015-08-10)။
  14. 马天宇《古剑》陷入感情漩涡 自飙演技变身高冷狠Xinhua News Agency (2014-08-20)။ 7 March 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2017 တွင် ပြန်စစ်ပြီး။
  15. 马天宇新歌《纳西索斯》获好评 横扫音乐榜单Tencent။ 9 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2017 တွင် ပြန်စစ်ပြီး။
  16. 马天宇新歌横扫榜单 歌声情续花样姐姐Sina
  17. 《万万没想到》点映破亿 马天宇被赞演技惊艳NetEase
  18. An expected surpriseGlobal Times။ 9 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2017 တွင် ပြန်စစ်ပြီး။
  19. 马天宇现身年度先生盛典 获年度杰出内地艺人奖NetEase။ 9 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2017 တွင် ပြန်စစ်ပြီး။
  20. 马天宇晒照任"幻城"颜值官 网友:靠脸吃饭典范NetEase (2016-07-08)။
  21. 5 surprising things to know about Ma Tian Yu, the enigmatic Prince Shi in Ice FantasyDramaFever[လင့်ခ်သေ]
  22. 马天宇全新数字EP酷我独家首发 《手花》回馈歌迷ent.ifeng