မာနာဒိုမြို့
မာနာဒိုမြို့ သည် အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူလာဝေစီပြည်နယ်၏ မြို့တော် ဖြစ်သည်။ ဆူလာဝေစီကျွန်းတွင် မာကတ်ဆာမြို့ ပြီးလျှင် ဒုတိယမြောက် အကြီးဆုံးမြို့ ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် မြေဧရိယာ ၁၅၇ စတုရန်းကီလိုမီတာတွင် လူဦးရေ ၄၂၅,၄၂၀ ဦး ဖြန့်ကျက် နေထိုင်ကြသည်။[၁] မာနာဒို မက်ထရိုပိုလစ်တန်ဒေသတွင် ၂၀၁၈ ခုနှစ်၌ လူဦးရေ ၁.၂ သန်း ရှိသည်။[၂] မြို့တော်သည် မာနာဒိုပင်လယ်အော်ပေါ်တွင် တည်ရှိပြီး ပတ်ဝန်းကျင်တွင် တောင်ကုန်းထူထပ်သော ဒေသများက ဝိုင်းရံထားသည်။[၃]
မာနာဒိုသည် အင်ဒိုနီးရှားရှိ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ ထိပ်ဆုံး နေရာ ၅ ခုတွင် ပါဝင်သည်။[၄] မြို့တော်တွင် ဆမ် ရာတူလန်ဂီ အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိပြီး ဖိလစ်ပိုင်နိုင်ငံ၊စင်ကာပူနိုင်ငံ၊တရုတ်နိုင်ငံ တို့နှင့် တိုက်ရိုက်ဆက်သွယ်ထားသည်။ ဘူနာကန် အမျိုးသားဥယျာဉ်သည် မြို့တော်၏ အထင်ရှားဆုံး ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာနေရာတစ်ခု ဖြစ်သည်။ ထိုမြို့တော်အား ခရစ်ယာန် အများစု ရှိသော မြို့ဟုလည်း သိကြပြီး နိုင်ငံအတွင်း နှစ်စဉ် ခရစ်စမတ်ပွဲတော်ကို အကြီးကျယ်ဆုံး ကျင်းပလေ့ ရှိသည်။ ထို့ပြင် အင်ဒိုနီးရှားတွင် သည်းခံနိုင်စွမ်း အရှိဆုံးနှင့် အငြိမ်းချမ်းဆုံး မြို့ဟုလည်း ဆိုကြသည်။[၅]
ကိုးကား
ပြင်ဆင်ရန်- ↑ Indonesia: Administrative Division (Provinces, Regencies and Cities) - Population Statistics, Charts and Map
- ↑ Sulawesi Utara Dalam Angka 2019
- ↑ In the shadows of volcanoes: Manado Bay and its harbour။ 10 January 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2020 တွင် ပြန်စစ်ပြီး။
- ↑ Kembangkan 5 Destinasi Prioritas, Jokowi Tekankan Soal Kebersihan - Ekonomi Bisnis.com
- ↑ Wali Kota Kaget Manado Jadi Kota Paling Toleran di Indonesia