မာရုသာမုန်တိုင်း သည်၂၀၁၇ ခုနှစ် မြောက်အိန္ဒိယသမုဒ္ဒရာဆိုင်ကလုန်းရာသီတွင် ပထမဆုံးဖြစ်ပွားခဲ့သည့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတစ်ခု ဖြစ်သည်။ ဤမုန်တိုင်းသည် သက်တမ်းအားဖြင့် ကြာမြင့်မှု မရှိဘဲ အားနည်းသည့် မုန်တိုင်းတစ်ခု ဖြစ်သည်။ သို့သော် ဤမုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဧပြီလတွင် ပထမဆုံးအဖြစ် ဝင်ရောက်ခဲ့သည်။ အားနည်းပင် နည်းသော်လည်း ၎င်းသည် မြန်မာ၌ သတိထားလောက်သည့် ပျက်စီးမှုများကို ဖြစ်စေခဲ့သည်။ မာရုသာသည် ဧပြီလ ၁၅ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်တောင်ဘက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုမှ ဖြစ်ပေါ်လာသည်။ နောက်နေ့မနက်တွင် RSMC နယူးဒေလီသည် လေဖိအားနည်းရပ်ဝန်းဧရိယာကို လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ် အဆင့်မြှင့်တင်ကာ BOB 01 အဖြစ် သတ်မှတ်ခဲ့သည်။

မာရုသာမုန်တိုင်း
ဆိုင်ကလုန်းမုန်တိုင်း (IMD စကေး)
အပူပိုင်း မုန်တိုင်း (JTWC စကေး)
Cyclone Maarutha at peak intensity on April 16
ဖြစ်ပေါ်ခြင်းApril 15, 2017
ကွယ်ပျောက်ခြင်းApril 17, 2017
အမြင့်ဆုံးလေတိုက်နှုန်း3-minute sustained: တစ်နာရီ ၇၅ ကီလိုမီတာနှုန်း (တစ်နာရီ ၄၅ မိုင်နှုန်း)
1-minute sustained: ၈၅ ကီလိုမီတာနှုန်း (တစ်နာရီ ၅၀ မိုင်နှုန်း)
အနိမ့်ဆုံး လေဖိအား၉၉၆ mbar (hPa)၊ ၂၉.၄၁ inHg
အသေအပျောက်4 direct
ပျက်စီးမှု$၂၃၄၀၀ (2017 USD)
သက်ရောက်သည့် ဧရိယာAndaman and Nicobar Islands, ယူနန်ပြည်နယ်, မြန်မာနိုင်ငံ, သီရိလင်္ကာနိုင်ငံ
2017 North Indian Ocean cyclone season ၏ အစိတ်အပိုင်း

မိုးလေဝသဆိုင်ရာ သမိုင်းများ

ပြင်ဆင်ရန်
 
ဆာဖာ-ဆင်မ်ဆန် စကေးအရ မုန်တိုင်း၏ လမ်းကြောင်းနှင့် ပြင်းအားပြ မြေပုံ

ဧပြီလ ၁၁ ရက်နေ့တွင် ကပ္ပလီပင်လယ်အထက်တွင် လေထုလှည့်လည်မှုတစ်ခု ဖြစ်ေပါ်ခဲ့သည်။[] ၎င်းလေထုသည် မြောက် - အရှေ့ဘက်သို့ ရွေ့လျားပြီး နောက်တစ်နေ့တွင် လေထုဖိအားနည်းမှု ဖြစ်ပေါ်ခဲ့သည်။ အမေရိကန်နိုင်ငံရှိ တိုင်းဖွန်းမုန်တိုင်းသတိပေးစင်တာ Joint Typhoon Warning Center (JTWC) က ဧပြီလ ၁၃ ရက်နေ့တွင် စောင့်ကြည်သည့်စနစ်များကို စတင်ခဲ့သည်။ ၎င်းသည် ရန်ကုန်မြို့၏ အနောက်တောင်ဘက် ၈၈၀ မိုင် (၁၄၁၅ ကီလိုမီတာ) အကွာတွင် ဖြစ်ပေါ်ခဲ့သည်။ ၎င်းလေဖိအားနည်းဧရိယာကို India Meteorological Department (IMD) က ဧပြီလ ၁၅ ရက်နေ့ အစောပိုင်းတွင် လေဖိအားနည်းရပ်ဝန်း BOB 01 အဖြစ် သတ်မှတ်ခဲ့သည်။[][]

ပြင်ဆင်မှုများ

ပြင်ဆင်ရန်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယသမ္မတ၊ ဝန်ကြီးများနှင့် ကယ်ဆေးရေးအဖွဲ့များသည် ဧပြီလ ၁၆ ရက်နေ့မနက်ပိုင်းတွင် အရေးပေါ်အစည်းအဝေးတစ်ခုကို ကျင်းပခဲ့ကြသည်။ ၎င်းအစည်းအဝေးပွဲတွင် ကယ်ဆယ်ရေးအသင်းများ ပြင်ဆင်ခြင်း၊ အစားအသောက်နှင့် သောက်ရေများ ပြင်ဆင်ခြင်းများ လုပ်ဆောင်ခဲ့သည်။

ကပ္ပလီပင်လယ်ပြင်နှင့် နီကိုးဘားကျွန်း

ပြင်ဆင်ရန်

လေဖိအားနည်းရပ်ဝန်း၏ တိုးတက်ပြောင်းလဲမှုကို ကြေညာပြီး အချိန်အနည်းငယ်အကြာတွင် ဆိုင်ကလုန်းမုန်တိုင်းသည် တိုက်ခတ်ခဲ့သဖြင့် ရေလှိုင်းများသည် ရိုက်ခတ်ပြီး ရေပြင်တွင်ရှိနေသည့် သူများတွင် အန္တရာယ်ကျရောက်မှုများ ရှိခဲ့သည်။[]

သက်ရောက်မှုနှင့် တိုက်ခတ်ပြီးအခြေအနေ

ပြင်ဆင်ရန်

စုစုပေါင်း နေအိမ် ၈၁ လုံး၊ တန်ကြေးအားဖြင့် ကျပ် ၃.၇ သန်းတန်ကြေးရှိသည့် နေအိမ်များ ပျက်စီးခဲ့သည်။ အိမ်သုံးလုံးသည် လဲကျလာသည့် အပင်များကြောင့် ပျက်စီးခဲ့သည်။ မီးတိုင် ခြောက်ခုသည် ပြိုလဲခဲ့သည်။[] အချို့သော အိမ်များသည် အုန်းပင်များပြိုလဲခဲ့သည့်အတွက် ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသည်။ မြန်မာနိုင်ငံမိုးလေဝသအေဂျင်စီသည် ဧပြီလ ၁၇ ရက် မနက် ၉ နာရီခွဲမတိုင်မီ မိုးကြီးမှုများ ရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ ပဲခူးမြို့တွင် မိုးရေချိန်သည် စုစုပေါင်း ၃.၇ လက်မ (၉၆ မီလီမီတာ) ရှိခဲ့သည်။ ပြည်မြို့တွင် မိုးရေချိန် ၅.၄ လက်မ (၁၃၉ မီလီမီတာ) ရှိခဲ့သည်။ ရခိုင်ဒသေ၊ ကျောက်ဖြူတွင် မိုးရေချိန် သည် ၂၄ နာရီအတွင်း ၄.၆ လက်မ (၁၁၉ မီလီမီတာ) ရှိခဲ့သည်။ မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ သထုံမြို့တွင် မိုးရေချိန်သည် ၄.၃ လက်မ (၁၁၁ မီလီမီတာ) ရှိခဲ့သည်။[] ဧရာဝတီတိုင်းဒေသကြီးတွင် သေဆုံးသူ ၄ ဦးရှိခဲ့သည်။[]

ဆိုင်ကလုန်းမာရုသာသည် လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ် ကပ္ပလီပင်လယ်ပြင်ရှိ Havelock ကျွန်းနှင့် နီကိုဘားကျွန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခရီးသွား ၁၀၀ သည် ထိုနေရာများမှ ထွက်ခွာခဲ့ရသည်။[]

အန္ဓရဒေသပြည်နယ်နှင့် ဩရိဿပြည်နယ်များတွင် အပူလှိုင်းဖြတ်သန်းသည့် အခြေအနေများကို ကြုံတွေ့ခဲ့ရသည်။[]

မှတ်တမ်းများ

ပြင်ဆင်ရန်

ဘင်္ဂလားပင်လယ်အော်ကမ်းရိုးတန်းဒေသသည် မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများက အသီးသီးမြေနေရာပိုင်ဆိုင်မှုများ ရှိသည်။ ထိုဒေသတွင် အားပြင်းသည့် အပူပိုင်းမုန်တိုင်းများသည် မေလမှ နိုဝင်ဘာလအတွင်း တိုက်ခတ်လေ့ရှိသည်။ ထင်ရှားပြီး ဖျက်အားပြင်းသည့် မုန်တိုင်းများတွင် ၂၀၀၈ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း၊ ၂၀၁၀ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် ဂိရိဆိုင်ကလုန်း၊ ၂၀၀၆ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် မာလာမုန်တိုင်းတို့ ဖြစ်သည်။ အိန္ဒိယမိုးလေဝသဌာနက မာရုသာမုန်တိုင်းသည် မြန်မာနိုင်ငံသို့ ဧပြီလတွင် ဝင်ရောက်မလာပီ မုန်တိုင်းပြင်းအားသည် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်ဟု ဆိုခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် Cyclone Bijli သည်လည်းလေဖိအားနည်းရပ်ဝန်းတစ်ခုမှသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည်။

ကြည့်ရှုရန်

ပြင်ဆင်ရန်

ဘစ်လီမုန်တိုင်း – ၂၀၀၉ ခုနှစ်တွင် တူညီသည့် ပြင်းအားရှိသည့် မုန်တိုင်းတစ်ခု ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ခဲ့သည်။ • မိုရာမုန်တိုင်း - ၂၀၁၇ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် အပူပိုင်းမုန်တိုင်းတစ်ခု ဖြစ်ပြီး ၎င်းသည် မာသုရာမုန်တိုင်း ဝင်ရောက်သည့်နေရာအနီးတွင်ပင် ဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံရှိ အပူပိုင်းမုန်တိုင်းများစာရင်း - အခြားပုံစံတူသည့် မုန်တိုင်းများ။

ပြင်ပလင့်များ

ပြင်ဆင်ရန်
  1. Cyclonic Storm "Maarutha" over the Bay of Bengal (PDF) (အစီရင်ခံစာ)။ India Meteorological Department။ May 22, 2017October 22, 2017 တွင် ပြန်စစ်ပြီး
  2. Significant Tropical Weather Advisory for the Indian Ocean April 13, 2017 18z (အစီရင်ခံစာ)။ United States Joint Typhoon Warning Center။ April 13, 2017။ May 15, 2018 တွင် မူရင်း အား မော်ကွန်းတင်ပြီးOctober 22, 2017 တွင် ပြန်စစ်ပြီး
  3. Tropical Weather Outlook for North Indian Ocean issued at 0300 UTC of April 15 2017။ India Meteorological Department။ 15 April 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 July 2021 တွင် ပြန်စစ်ပြီး။
  4. Cyclonic Storm,'Maarutha' causes heavy rain in Andamans (April 19, 2017)။
  5. Three Die in Cyclone Maarutha။ Reliefweb (April 18, 2017)။ 20 April 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 July 2021 တွင် ပြန်စစ်ပြီး။
  6. Maarutha makes landfall, weakens။ The Global New Light of Myanmar (April 18, 2017)။
  7. "4 killed as Cyclone Maarutha hits Irrawaddy Delta"၊ May 31, 2017။ 3 July 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 2 June 2017။ 
  8. "Cyclone Maarutha brings heavy rain in Andamans"၊ May 31, 2017။ 
  9. Cyclonic Storm,'Maarutha' rises temperatures in Odisha and Andhra Pradesh (April 19, 2017)။