ရှင်မာလာ (၁ဝ၅၈-၁၁၃၉) ကို ရွှေဘိုမြို့နယ်၊ ကန်တော်ရွာ၌ ဦးကင်း၊ ဒေါ်လုံမတို့မှ သက္ကရာဇ် ၁ဝ၅၈-ခုနှစ်၌ ဖွားမြင်၍ ငယ်မည်မှာ မောင်မှို ဖြစ်လေသည်။ ရှင်မာလာ ဟူသောဘွဲ့ဖြင့် ဘုန်းကြီးဦးညိုထံ သာမဏေပြုပြီး အလောင်းမင်းတရားကြီး လက်ထက်မှ ဆင်ဖြူရှင် လက်ထက်တိုင် ပင့်ဆောင်ကိုးကွယ်ခြင်း ခံရသည်။ အဆိုပါ အလောင်းမင်းတရားကြီး လက်ထက်မှ ဆင်ဖြူရှင်လက်ထက်တိုင် အထိ ဖြစ်သော အဆုံးအဖြတ်များကို အတုလဖြတ်ထုံး ဟူ၍ ကျမ်းကြီး တစ်စောင် ရေးသားပြုစုရာမှ ဆရာတော်သည်လည်း အတုလ ဆရာတော်ဟု ထင်ပေါ်ခဲ့ခြင်း ဖြစ်သည်။ (အဆိုပါကျမ်းကို ၁၁၂၆ ခု၊ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့တွင် ပြုစုပြီးစီးသည် ဟုမှတ်သားရသည်။) ဆရာတော်သည် ကျမ်းဂန်များ အထူးတတ်မြောက်တော်မူ၍ ၁၁၃၉ ခုနှစ်၊ ပျံလွန်တော်မူပါသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မောင်မြင့်ကြူ ရေး အတုလအစစ် စာအုပ်မှ