မာဠိဂါဝိလဗုဒ္ဓရုပ်ပွားတော်

မာဠိဂါဝိလဗုဒ္ဓရရုပ်ပွားတော် သည် သီရိလင်္ကာနိုင်ငံတွင် တည်ရှိသည့် ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။ အဂ္ဂဗောဓိမင်းသား (Aggabodhi) သည် ၇ ရာစုက ထုံးကျောက်ကို ထွင်းကာ ပြုလုပ်ခဲ့သည်။ ရုပ်ပွားတော်သည် သီရိလင်္ကာနိုင်ငံရှိ ရပ်တော်မူတည်ရှိနေသည့် ရှေးဟောင်းရုပ်ပွားတော်များတွင် အမြင့်ဆုံး ဖြစ်သည်။ ၁၉၅၁ ခုနှစ် ရုပ်ပွားတော်ကို တွေ့ရှိခဲ့စဉ်အခါက အပိုင်းအစများစွာအဖြစ် ကျိုးပဲ့ပျက်စီးလျက်ရှိသည်။ သမ္မတ Ranasinghe Premadasa ၏ ညွှန်ကြားမှုဖြင့် ၁၉၈၀ ခုနှစ်တွင် ရုပ်ပွားတော်ကို ပြုပြင်မွမ်းမံခြင်း၊ မတ်တပ်ရပ်နေဟန် တည့်မတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။

မာဠိဂါဝိလဗုဒ္ဓရုပ်ပွားတော်
ခုနစ်7th century
အမျိုးအစားStone sculpture
တည်နေရာMaligawila, Sri Lanka

အသွင်အပြင် ပြင်ဆင်ရန်

မာဠိဂါဝိလဗုဒ္ဓရုပ်ပွားတော်သည် သီရိလင်္ကာနိုင်ငံ၊ ဥဝါစီရင်စု (Uva)၊ မိုနီရဂလ (Moneragala) ခရိုင်ရှိ မာဠိဂါဝိလရွာအနီးတွင် တည်ရှိသည်။ ရုပ်ပွားတော်သည် ထုံးကျောက်တုံးကြီးတစ်ခုကို ထွင်းထုထားခြင်း ဖြစ်သည်။ သီရိလင်္ကာနိုင်ငံရှိ ရုပ်တော်မူရုပ်ပွားတော်များတွင် အရှည်ဆုံးဟု သတ်မှတ်ထားကြသည်။ အမြင့်သည် ၃၇ ပေ ၁၀ လက်မ (၁၁.၅၃ မီတာ) ရှိသည်။ အာဝုကနဗုဒ္ဓရုပ်ပွားတော်နှင့် ဗုဒုရုဝဂလဗုဒ္ဓရုပ်ပွားတော်များနှင့်အတူ မာဠိဂါဝိလဗုဒ္ဓရုပ်ပွားတော်သည် ရှေးခတ်သီရိလင်္ကာရှိ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်များထဲမှ အကောင်းဆုံး နမူနာများ ဖြစ်ကြသည်။ ဤရုပ်ပွားတော်သည် အဝုကနဗုဒ္ဓရုပ်ပွားတော်နှင့် နီးစပ်စွာဆင်တူလျက်ရှိသည်။ အဘယမုဒြာ၏ ပုံစံကွဲတစ်မျိုးဖြစ်သည့် asisa မုဒြာပုံစံခြင်း ဆင်တူနေခြင်း ဖြစ်သည်။ ရုပ်ပွားတော်၏ ညာဘက်လက်သည် ပခုံးအမြင့်ထိ မြှောက်ထားပြီး ဘယ်ဘက်လက်သည် သင်္ကန်းကို ဘယ်ဘက်ပခုံးနှင့် ညှပ်ထားသည်။[၁]

ရုပ်ပွားတော်ပတ်လည်ရှိ အပျက်အစီးများသည် ရုပ်ပွားတော် သီတင်းသုံးရန် ပတ်လည်၌ ကျောင်းတော်တည်ဆောက်ခဲ့သည်ကို ဖော်ပြလျက်ရှိသည်။ ၎င်းသည် အလျားနှင့် အနံ ပေ ၈၀ ခန့် (၂၄ မီတာ) စီ ရှိသည်။ နံရံမှာ ၄ ပေ (၁.၂ မီတာ) ထူသည်။ အမြင့်သည် ၆၅ ပေ (၂၀ မီတာ) ခန့် ရှိသည်။[၂]

သမိုင်းနှင့် ပြင်ဆင်မွမ်းမံမှု ပြင်ဆင်ရန်

စာပေများ ပြင်ဆင်ရန်

von Schroeder, Ulrich. (1990). Buddhist Sculptures of Sri Lanka. (752 p.; 1620 illustrations). Hong Kong: Visual Dharma Publications, Ltd. ISBN 962-7049-05-0

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Siriwera၊ W. I. (2004)။ History of Sri Lanka။ Dayawansa Jayakody & Company။ p. 287။ ISBN 955-551-257-4
  2. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named sarachchandra