(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ငရဲသို့ကျရောက်မည့် ဘိက္ခုနီ၏ ဓမ္မငါးမျိုးနှင့် နတ်ပြည်သို့ရောက်ရှိမည့် ဘိက္ခုနီ၏ ဓမ္မငါးမျိုးတို့ကို ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။


[၂] ဒုစရိုက်သုံးပါးပြုကျင့်သူ၊ မိစ္ဆာအယူရှိသူ၊ မိစ္ဆာအယူဖြင့် အကုသိုလ်ကံများ ပြုလုပ်ပြောဆိုသူတို့ ငရဲသို့ရောက်ကြပုံကို အခြားသမဏ ဗြာဟ္မဏတို့ပြော၍ သိသည် မဟုတ်ဘဲ ကိုယ်တော်တိုင်မြင်၊ ကိုယ်တော်တိုင်ထင်ထင်ရှားရှား သိတော် မူခြင်းကြောင့် ဘုရားဟောတော်မူခြင်းကို နာယူခဲ့ရပါကြောင်း ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဥတေနမင်းနန်းတော်၌ ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရားတို့အား ဟောသည့်သုတ်။

အဋ္ဌကထာ၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များရှိပါသည်။ [၃]


မိစ္ဆာဒိဋ္ဌိကသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းမိန်းမသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရကြောင်းကို ဟောကြားတော်မူခဲ့သည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၂၊၁၂၄။ အံ၊မြန်၊၂၊၁၅၂-၃။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကကနိပါတ၊ ၃-တတိယပဏ္ဏာသက၊ (၁၂) ၂-အန္ဓကဝိန္ဒဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. -ဣတိဝုတ်၊၂၃၅-၆။ ဣတိဝုတ်၊မြန်၊၂၁၉-၂၂၀။ ဣတိဝုတ်၊ဋ္ဌ၊၂၀၇-၉။ -ခုဒ္ဒကနိကာယ၊ ဣတိဝုတ္တက၊ ၃-တိကနိပါတ၊ ၃-တတိယဝဂ္ဂ၊ ပထမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  4. အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၃-တတိယပဏ္ဏာသက (တတိယသုတ်ငါးဆယ်)၊ (၁၂) ၂ - အန္ဓကဝိန္ဒဝဂ် ၈ - မိစ္ဆာဒိဋ္ဌိကသုတ်