မိုက်ကယ် အာသာ အောင်သွင် (၁၉၄၆ – ၁၄ ဩဂုတ် ၂၀၂၁) သည် မြန်မာ-အမေရိကန်လူမျိုး၊ သမိုင်းပညာရှင်နှင့် မနိုအာ ဟာဝိုင်ယီ တက္ကသိုလ်၏ အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံ သမိုင်း အထူးပြု ဂုဏ်ထူးဆောင်ပါမောက္ခ တစ်ဦး ဖြစ်သည်။[]

မိုက်ကယ်အောင်သွင်
မွေးဖွား1946 (1946)
ရန်ကုန်မြို့
ကွယ်လွန်၁၄ ဩဂုတ် ၂၀၂၁ (အသက် ၇၄)
ဟာဝိုင်ယီ၊ အမေရိကန်ပြည်ထောင်စု
အလုပ်အကိုင်သမိုင်းပညာရှင်
ဘွဲ့အာရှသမိုင်း ဂုဏ်ထူးဆောင်ပါမောက္ခ
အိမ်ထောင်ဖက်(များ)မာရီယာ အောင်သွင်
သားသမီးမေထရီ၊ အာမီတာ
ပညာရေး နောက်ခံ
မိခင်ကျောင်းDoane College
University of Illinois Urbana-Champaign
မီချီဂန်တက္ကသိုလ်
ပညာရေး လုပ်ဆောင်ချက်များ
Disciplineအရှေ့တောင်အာရှ သမိုင်း
Institutionsမနိုအာ ဟာဝိုင်ယီ တက္ကသိုလ်

အစောပိုင်းဘဝနှင့် ပညာရေး

ပြင်ဆင်ရန်

၁၉၄၆ ခုနှစ်တွင် ရန်ကုန်မြို့၌ ဦးမိုးဇက်အောင်သွင်နှင့် ဒေါ်မာဂရက်ဟုပ်အောင်သွင်တို့မှ မွေးဖွားခဲ့သည်။ မိခင်ဖြစ်သူမှာ အင်္ဂလိပ်ဗမာ၊ ကရင် နှင့် ရခိုင်စပ်တစ်ဦးဖြစ်ပြီး ဖူးလ်ဘရိုက်ပညာသင်ဆုရနှင့် ကထိက တစ်ဦးဖြစ်သည်။[][] ရန်ကုန်မက်သဒစ်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး မိခင်စာသင်ပြရာ တောင်အိန္ဒိယရှိ ကိုဒိုင်းကနယ် နိုင်ငံတကာကျောင်းတွင် ဆက်လက်ပညာသင်ကြားခဲ့သည်။[] ၁၉၆၉ ခုနှစ်တွင် ဒုံးကောလိပ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့ကာ ၁၉၇၁ ခုနှစ်တွင် အီလီနွိုက်အာဘာနာတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် မီချီဂန်တက္ကသိုလ်မှ သမိုင်းပါရဂူဘွဲ့ ရရှိခဲ့သည်။[]

ကွယ်လွန်ခြင်း

ပြင်ဆင်ရန်

၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် ဟာဝိုင်ယီရှိ နေအိမ်တွင် ကွယ်လွန်ခဲ့သည်။[]

ရေးသားခဲ့သည်များ

ပြင်ဆင်ရန်
  • Pagan: The Origins of Modern Burma (၁၉၈၅)
  • Myth & history in the historiography of early Burma (၁၉၉၈)
  • The Mists of Ramanna: The Legend that was Lower Burma (၂၀၀၅)[]
  • A History of Myanmar Since Ancient Times: Traditions and Transformations (၂၀၁၃)[]
  • Myanmar in the Fifteenth Century: A Tale of Two Kingdoms (၂၀၁၇)

ပုဂ္ဂိုလ်ရေးဘဝ

ပြင်ဆင်ရန်

မာရီယာနှင့် လက်ထပ်ခဲ့ပြီး မေထရီနှင့် အာမီတာ ဟူသော ကလေးနှစ်ဦး ထွန်းကားခဲ့သည်။[] မေထရီအောင်သွင်မှာ စင်္ကာပူအမျိုးသားတက္ကသိုလ်မှ တွဲဖက်သမိုင်းပါမောက္ခဖြစ်သည်။[]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ In Memoriam (in en-US)။ 2022-08-19 တွင် ပြန်စစ်ပြီး။
  2. Margaret Aung-Thwin (2011)။
  3. Paid Notice: Deaths AUNG, THWIN, MARGARET HOPE (in en) (April 17, 2011)။ 2022-08-19 တွင် ပြန်စစ်ပြီး။
  4. Admin (August 30, 2021)။ Remembering Michael Aung-Thwin, 1946–2021 (in en-US)။ 2022-08-19 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ Michael Aung-Thwin။ 2022-08-19 တွင် ပြန်စစ်ပြီး။
  6. MAITRII V. AUNG-THWIN – FASS Staff Profile။ 2022-08-19 တွင် ပြန်စစ်ပြီး။