မိုက်ကယ် ဆန်ဒီဗိုးဂျီးယပ်စ်

မိုက်ကယ် ဆန်ဒီဗိုးဂျီးယပ်စ် (ပိုလန်: Michał Sędziwój မိခေး ဆန်ဂျီဗိုယီ; အင်္ဂလိပ်: Michael Sendivogius, /ˌsɛndɪˈviəs/) သည် ပိုလန်သား အဂ္ဂိရတ်ပညာရှင်၊ ဒဿနဆရာ၊ ဆေးဆရာဝန်တစ်ဦးဖြစ်သည်။ ဓာတုဗေဒပညာရပ်၏ ဦးဆောင်လမ်းပြသူ ဆန်ဒီဗိုးဂျီးယပ်စ်သည် အက်ဆစ်၊ သတ္တု၊ အခြား ဓာတုဒြပ်ပေါင်း အမျိုးမျိုးတို့ကို ဖန်တီးခြင်းနှင့် သန့်စင်ခြင်းဆိုင်ရာ နည်းလမ်းများကို ရှာဖွေဖော်ထုတ် တိုးတက်စေခဲ့သူဖြစ်သည့်အပြင် လေဆိုသည်မှာ ပစ္စည်းတစ်မျိုးတည်းမဟုတ်ဘဲ အသက်ကိုပေးစွမ်းသော (နောက်ပိုင်း အောက်စီဂျင်ဟု ခေါ်ဝေါ်သော) ပစ္စည်းပါဝင်သည်ကိုလည်း ရှာဖွေတွေ့ရှိသူတစ်ဦးဖြစ်သည်။ ယင်းကာလသည် အောက်စီဂျင်ကို ရှာဖွေခွဲခြားဖော်ပြခဲ့သူ စခီးလီ၏ ရှာဖွေခြင်းမတိုင်မီ နှစ် ၁၇၀ ခန့်က ဖြစ်သည်။ ပိုတက်စီယမ် နိုက်ထရိတ်ခေါ် ယမ်းစိမ်းကို အပူပေး၍ ထွက်လာသော ဓာတ်ငွေ့ (အောက်စီဂျင်) သည် "အသက်(ရှင်ခြင်း)၏ ရင်းမြစ်အစာ" အဖြစ် ရွေးထုတ်ဖော်ပြနိုင်ခဲ့သည်။[၁] ဤ ယမ်းစိမ်းဓာတ် (သို့) နိုက်တာ (nitre) သည် ဆန်ဒီဗိုးဂျီးယပ်စ်၏ စကြဝဠာ သရုပ်ဖော်ကြမ်းအစီအစဉ်၌ အဓိကနေရာတွင် ပါဝင်ခဲ့သည်။[၂]

မိုက်ကယ် ဆန်ဒီဗိုးဂျီးယပ်စ်
မွေးဖွား(1566-02-02)၂ ဖေဖော်ဝါရီ၊ ၁၅၆၆
Łukowica, ပိုလန်ဘုရင့်နိုင်ငံ၊ (ယနေ့ခေတ် ပိုလန်နိုင်ငံ)
ကွယ်လွန်၁၆၃၆ (အသက် ၆၉–၇၀)
Kravaře, မြင့်မြတ်သော ရောမအင်ပါယာ၊ (ယနေ့ခေတ် ချက်သမ္မတနိုင်ငံ)
နိုင်ငံလူမျိုးပိုလန်သား
အခြား အမည်များSędziwój, Sędzimir
မိခင်ကျောင်းUniversity of Vienna, University of Altdorf, University of Leipzig, ကိမ်းဘရစ်ချ် တက္ကသိုလ်
အလုပ်အကိုင်အဂ္ဂိရတ်ဆရာ၊ ဒဿနဆရာ၊ စာရေးဆရာ၊ ဆေးဆရာဝန်
ကျော်ကြားမှုအရင်းခံThe concept of central nitre

ကိုးကား ပြင်ဆင်ရန်

  1. "MICHAEL SENDIVOGIUS, ROSICRUCIAN, and FATHER OF STUDIES OF OXYGEN"
  2. Allen G. Debus, Chemistry and Medical Debate: Van Helmont to Boerhaave, Science History Publication, 2001, p. 13 n. 19.