မိုက်ခရိုဘောဂဗေဒ
မိုက်ခရိုဘောဂဗေဒသည် ရှားပါးသော အရင်းအမြစ်များ ခွဲဝေမှုနှင့် လူတစ်ဦးချင်းစီနှင့် ကုမ္ပဏီများကြား အပြန်အလှန်ဆက်ဆံမှုများနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များချရာတွင် လူတစ်ဦးချင်းစီနှင့် ကုမ္ပဏီများ၏ အမူအကျင့်များကို လေ့လာသော ဘောဂဗေဒ ဘာသာရပ်ခွဲတစ်ခုဖြစ်သည်။[၁][၂][၃] မိုက်ခရိုဘောဂဗေဒ သည် ပစ္စည်းတစ်မျိုးချင်း၏စျေးကွက်များ၊ ပစ္စည်းတစ်မျိုးချင်း သို့မဟုတ် လူတစ်ဦးချင်း၏ကဏ္ဍများ သို့မဟုတ် ပစ္စည်းတစ်မျိုးချင်းဆိုင်ရာ စက်မှုလုပ်ငန်းတစ်ခုကိုသာ လေ့လာလေ့ရှိပြီး၊ ယှဉ်ပြီးကြည့်မည်ဆိုလျှင် မေခရိုဘောဂဗေဒ(Macroeconomics) က စီးပွားရေးတစ်ခုလုံးကို ခြုံငုံပြီး လေ့လာသည်။
မိုက်ခရိုဘောဂဗေဒ၏ ရည်မှန်းချက်တစ်ခုသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကြားတွင် နှိုင်းရစျေးနှုန်းများသတ်မှတ်ပေးသည့် စျေးကွက်ယန္တရားများကို ခွဲခြမ်းစိတ်ဖြာပြီး အခြားရွေးချယ်စရာအသုံးပြုမှုတို့တွင် အကန့်အသတ်ရှိသောအရင်းအမြစ်များကို ခွဲဝေပေးရန်ဖြစ်သည်။ မိုက်ခရိုဘောဂဗေဒသည် လွတ်လပ်သောစျေးကွက်များမှ ဖြစ်စေချင်သော ရင်းမြစ်ခွဲဝေမှုများဆီသို့ ဦးတည်စေသည့် အခြေအနေများကို ဖေါ်ပြရန် ရည်ရွယ်သည်။ ၎င်းသည် စျေးကွက်တစ်ခုသည် အဘယ်ကြောင့် ထိရောက်သောရလဒ်များမထုတ်ပေးနိုင်ပဲ စျေးကွက်ပျက်ကွက်မှုကို ဖြစ်စေနိုင်သလဲဟူသော အကြောင်းတို့ကို ခွဲခြမ်းစိတ်ဖြာလေ့လာသည်။[၄]
ကိုးကား
ပြင်ဆင်ရန်- ↑ Marchant၊ Mary A.။ Macroeconomics and International Policy Terms။ University of Kentucky။ 2007-03-18 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-05-04 တွင် ပြန်စစ်ပြီး။
- ↑ Economics Glossary။ Monroe County Women's Disability Network။ 2008-02-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-02-22 တွင် ပြန်စစ်ပြီး။
- ↑ Social Studies Standards Glossary။ New Mexico Public Education Department။ 2007-08-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-02-22 တွင် ပြန်စစ်ပြီး။
- ↑ Salanié၊ Bernard (2000)။ Microeconomics of Market Failures (အင်္ဂလိပ်ဘာသာစကားဖြင့်) (1st ed.)။ Cambridge: MIT Press။ ISBN 9780262528566။