မိုက်ပန့်စ်
မိုက်ကယ် ရစ်ချဒ် ပန့်စ် (အင်္ဂလိပ်: Michael Richard Pence) သည် အမေရိကန် နိုင်ငံရေးသမားနှင့် ရှေ့နေတစ်ဦးဖြစ်၍ ၂၀၁၇ မှစ၍ ၄၈ ဦးမြောက် အမေရိကန်နိုင်ငံ၏ ဒုတိယသမ္မတနှင့် ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ၂၀၁၃ မှ ၂၀၁၇ အထိ အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။[၂] ၂၀၀၁ မှ ၂၀၁၃ ကာလအတွင်း အမေရိကန် အောက်လွှတ်တော် အမတ်အဖြစ် ၁၂ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သည်။
မိုက်ပန့်စ် | |
---|---|
ပွဲဝင်ပုံစံဖြင့် မိုက်ပန့်စ် (၂၀၁၇) | |
၄၈ ဦးမြောက် အမေရိကန်ပြည်ထောင်စု၏ ဒုတိယသမ္မတ | |
တာဝန်သက်တမ်း ၂၀၁၇ ဇန်နဝါရီ ၂၀ – ၂၀၂၁ ဇန်နဝါရီ ၂၀ | |
သမ္မတ | ဒေါ်နယ်ထရမ့် |
ယခင်လူ | ဂျိုး ဘိုက်ဒန် |
အိမ်ဖြူတော် ကိုရိုဗိုင်းရပ်စ် အထူးတာဝန်အဖွဲ့ ဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂၀၂၀ ဖေဖော်ဝါရီ ၂၆ | |
သမ္မတ | ဒေါ်နယ်ထရမ့် |
ယခင်လူ | Alex Azar |
အင်ဒီယာနာ ပြည်နယ်အုပ်ချုပ်ရေးမှူး (၅၀ဦး မြောက်) | |
တာဝန်သက်တမ်း ၂၀၁၃ ဇန်နဝါရီ ၁၄ – ၂၀၁၇ ဇန်နဝါရီ ၉ | |
Lieutenant | Sue Ellspermann Eric Holcomb |
ယခင်လူ | Mitch Daniels |
ဆက်ခံသူ | Eric Holcomb |
ရစ်ပါဘလစ်ကန်ပါတီ ညီလာခံ သဘာပတိ | |
တာဝန်သက်တမ်း ၂၀၀၉ ဇန်နဝါရီ ၃ – ၂၀၁၁ ဇန်နဝါရီ ၃ | |
လက်ထောက် | Cathy McMorris Rodgers |
ခေါင်းဆောင် | John Boehner |
ယခင်လူ | Adam Putnam |
ဆက်ခံသူ | Jeb Hensarling |
အင်ဒီယာနာပြည်နယ်မှ အောက်လွှတ်တော် အမတ် | |
တာဝန်သက်တမ်း ၂၀၀၁ ဇန်နဝါရီ ၃ – ၂၀၁၃ ဇန်နဝါရီ ၃ | |
ယခင်လူ | David M. McIntosh |
ဆက်ခံသူ | Luke Messer |
မဲဆန္ဒနယ် | Indiana's 2nd congressional district (2001–2003) Indiana's 6th congressional district (2003–2013) |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | Michael Richard Pence ဇွန် ၇၊ ၁၉၅၉ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာ၊ ကိုလံဘတ်စ် (ကလမ်းဘာ့စ်) |
နိုင်ငံရေးပါတီ | ရစ်ပါဘလစ်ကန်ပါတီ (၁၉၈၃- လက်ရှိ) |
အခြား နိုင်ငံရေးလွှမ်းမိုးမှု | ဒီမိုကရက်တစ်ပါတီ (၁၉၈၃ မတိုင်မီ)[၁] |
ကြင်ဖော်(များ) | Karen Batten (လက်ထပ် 1985) |
သားသမီး | ၃ ဦး |
ဆွေမျိုးသားချင်း | Greg Pence (ညီအကို) |
နေထိုင်ရာ | ဒုတိယသမ္မတ စံအိမ် (Number One Observatory Circle |
ပညာရေး | ဟန်းနိုဗာကောလိပ် (ဘီအေ) အင်ဒီယာနာပါလစ်မြို့၊ အင်ဒီယာနာတက္ကသိုလ် (JD) |
အလုပ်အကိုင် |
|
လက်မှတ် | |
ဝက်ဘ်ဆိုဒ် | Official website |
အင်ဒီယားနားပြည်နယ်ကိုလံဘတ်မြို့တွင် မွေးဖွားကြီးပြင်းခဲ့၍ ဟန်းနိုဗာကောလိပ်မှ ဘွဲ့ရရှိခဲ့သည်။ လွှတ်ဂတ်တော်အမတ်အဖြစ် ၁၉၈၈-၉၀ တွင် ဝင်ရောက်ရန် မအောင်မြင်ခဲ့ပြီးနောက် ၁၉၉၄-၉၉ ၌ ကွန်ဆာဗေးတစ် ရေဒီယိုနှင့် ရုပ်မြင်သံကြားတွင် ရုပ်သံအစီစဉ်မှူးဖြစ်လာခဲ့သည်။ အင်ဒီယာနာပြည်နယ်၏ ဒုတိယ မဲဆန္ဒနယ်ကို က်ုယ်စားပြုကာ ၂၀၀၀ တွင် လွှန်တော်အမတ်အဖြစ် ရွေးချယ်ခံရလေသည်။ ၂၀၀၁ မှ ၂၀၁၃ အထိ ယင်းပြည်နယ်၏ ဆဋ္ဌမမောက် မဲဆန္ဒနယ်ကို ကိုယ်စားပြုပြီး အောက်လွှတ်တော်တွင် ရွေးချယ်ခံခဲ့ရသည်။ /၀၀၉ မှ ၂၀၁၁ အတွင်း ရစ်ပါဘလစ်ကန်ပါတီ ညီလာခံ၏ သဘာပတိအဖြစ် ထမ်းဆောင်ခဲ့သည်။[၃] ပန့်စ်က မိမိကိုယ်ကို "စည်းစနစ်ကျသော ကွန်ဆာဗေးတစ်ဝါဒီ" အဖြစ် ဖော်ပြခဲ့ကာ "လက်ဖက်ရည်ဝိုင်း လှုပ်ရှားမှု" (Tea Party movement) မှုကို ထောက်ခံသူဖြစ်ပြီး[၄] ထိုအဖွဲ့၌"၎င်းသည် ခရစ်ယာန်ဘာသာဝင်၊ ကွန်ဆာဗေးတစ်ဝါဒီနှင့် ရစ်ပါဘလစ်ကန်တစ်ဦး ဖြစ်သည်" ဟူ၍ ဆိုခဲ့သည်။[၅]
၂၀၁၆ ဇူလိုင်တွင် အင်ဒီယာနာ အုပ်ချုပ်ရေးမှူး စည်းရုံးလှုံဆော်မှုကို ရပ်နားကာ ထိုစဉ်က ရစ်ပါဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်၏ ရွေးချယ်လိုက်သော ဒုတိယသမ္မတလောင်းဖြစ်လာခဲ့သည်။ ၂၀၁၇ ဇန်နဝါရီ ၂၀ တွင် အမေရိကန်ပြည်ထောင်စု၏ ဒုတိယ သမ္မတအဖြစ် စတင်ထမ်းဆောင်ခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Next VP: 10 things to know about Indiana Gov. Mike Pence။ IndyStar (November 9, 2016)။ December 4, 2016 တွင် ပြန်စစ်ပြီး။
- ↑ Former Indiana Governors။ 2020-09-10 တွင် ပြန်စစ်ပြီး။
- ↑ Groppe၊ Maureen။ "U.S. Rep. Mike Pence of Indiana to get House GOP's No. 3 leadership job"၊ November 19, 2008။
- ↑ Hulse၊ Carl။ "Mike Pence Emerging as a Commanding Figure in Trump Administration"၊ November 11, 2016။
- ↑ "5 faith facts on "Mike Pence: A 'born-again, evangelical Catholic"၊ July 15, 2016။ Also published the same date in the National Catholic Reporter.