မိုင်ယန်လချင်းဆိုသည်မှာ လွန်ခဲ့သောနှစ်ပေါင်း(၃ဝဝဝ)ခန့်က ပျူဘက်မှ အယူမတူဘဲ ကွဲထွက်လာခဲ့သော မျိုးနွယ်စုတစ်ခုဖြစ်ပြီး မှော်အတတ်ပညာများကို အထူးသက်ဝင်ယုံကြည်ကြသည်။ မှော်ပညာလိုက်စားသူအချင်းချင်း အဖြူရောင်မှော်ပညာရှင်၊ အနက်ရောင်မှော်ပညာရှင် နှင့် မီးခိုးရောင်မှော်ပညာရှင်ဟူ၍ သုံးမျိုးသုံးစားခွဲခြားထားပြီး မီးခိုးရောင်မှော်ပညာသည် အမြင့်ဆုံးနှင့်အစွမ်းအထက်ဆုံးဖြစ်သည်။

မိုင်ယန်လချင်းတို့သည် စိတ္တအာယုအမည်ရှိသော သက်တော်ရှည်ကျမ်းမှတစ်ဆင့် သူတို့၏အသက်ကိုဆွဲဆန့်ကာ အရိမေတ္တယျမြတ်စွာဘုရားရှင်ကိုစောင့်မျှော်ကာ နိဗ္ဗာန်ဝင်လိုသော ရည်ရွယ်ချက်ရှိကြသူများလည်းဖြစ်ကြသည်။ မိုင်ယန်လချင်းတိုင်းပြည်၏ နောက်ဆုံးမင်းဆက်မှာ ဝါယန်န ဖြစ်ပြီး သူ၏သမီးတော်မှာ လွင်ခမ်းမိုဃ်ဖြစ်သည်။ လွင်ခမ်းမိုဃ်သည် ပျူလူမျိုးတစ်ဦးနှင့်ကြိုက်နှစ်သက်ကာ ပျူလူမျိုး၏ပျူတိုင်းပြည်သို့လိုက်ပြေးသွားရာ မိုင်ယန်လချင်းများမှ လွင်ခမ်းမိုဃ်ကို တိုင်းပြည်သို့ ပြန်လည်ခေါ်ဆောင်ရာတွင် လွင်ခမ်းမိုဃ်နောက်မှတစ်ဆင့် မသမာသောသူများက မိုင်ယန်လချင်းရှိ စိတ္တအာယုကျမ်းကို ခိုးယူရန်လိုက်ပါလာခဲ့ပြီး မိုင်ယန်လချင်းတိုင်းပြည်ကို စစ်ကြေညာခဲ့သည်။

သို့သော်လည်း မိုင်ယန်လချင်းတို့၏ သက်တော်ရှည်အဓိဋ္ဌာန်ကြောင့် မိုင်ယန်လချင်းတို့က ပျူများကို ပြန်မတိုက်ဘဲ မြန်မာနှစ်(၃၇၃)ခု ပြာသိုလဆန်း(၅)ရက်နေ့တွင် တိုင်းပြည်ကို အစအနဖျောက်ခဲ့ကာ တဘောင်စကားနှစ်ခွန်းကို ထားရစ်ခဲ့လေသည်။ ထိုတဘောင်စကားနှစ်ခွန်းမှာကား

  • မြန်မာသက္ကရာဇ်(၁၃၇၂)မှ (၁၃၇၇)အတွင်း ကမ္ဘာကြီးတွင် သေကျေပျက်စီးမှုများဖြစ်ပေါ်မည်ဖြစ်ပြီး ထိုနောက်ပိုင်းတွင် မိုင်ယန်လချင်းမှော်အတတ်ပညာများပြန်လည်ထွန်းကားလာမည်။
  • ထို့နောက် သင်္ကြန်တစ်ရက်နောက်ဆုတ်လိမ့်မည်။ သင်္ကြန်တစ်ရက်နောက်ဆုတ်သောနှစ်တွင်ကား မိုင်ယန်လချင်းပညာရှင်များ ပေါ်ထွက်လာလိမ့်မည်ဟု ဖြစ်လေသည်။

မည်သို့ပင်ဆိုစေကာမူ မိုင်ယန်လချင်း၏မီးခိုးရောင်မှော်ကျင့်စဉ်ကျင့်ကြံသူ အတော်လေးများနေပြီဖြစ်ကာ မိုင်ယန်လချင်းပျောက်ကွယ်သွားသော်လည်း မိုင်ယန်လချင်း၏မှော်အတတ်ပညာများဆက်လက်ထွန်းကားလာမည်လားဆိုတာကိုတော့ စောင့်ကြည့်ရပေဦးတော့မည်။

ကျမ်းကိုး ပြင်ဆင်ရန်

  • ဆဋ္ဌမအာရုံမဂ္ဂဇင်း အမှတ်(၁)