မိုင်းမော
မိုင်းမော (သို့) မိုင်းမောနိုင်ငံ (အင်္ဂလိပ်: Mongmao, Möngmao; တရုတ်: 勐卯[မှတ်စု ၁]) သည် မျိုးနွယ်စုအရ တိုင်နယ်များ (သို့) တိုင်မျိုးနွယ်စုနယ်များကို စုစည်းထားသည့် တိုင်နိုင်ငံ (Dai) ဖြစ်သည်။ ထိုနယ်များသည် ယနေ့ခေတ် မြန်မာ၊ တရုတ်၊ အာသံ၊ အရုဏချာလ်ပရာဒေ့ရှ်ပြည်နယ်တို့၏ နယ်စပ်ဒေသများလည်း ပါဝင်ခဲ့သည်။ ထိုနယ်မြေများသည် ယနေ့ခေတ် နယ်စပ်မြို့ဖြစ်သည့် ရွှေလီမြို့အနီးမှ မြို့တော်တစ်ခုနှင့်အတူ ယူနန်ပြည်နယ်၊ တယ်ဟုန်ဒေသတွင် အဓိကအားဖြင့် တည်ရှိခဲ့သည်။ ထိုဒေသရှိအဓိကမြစ်၏အမည်မှာ ရွှေလီမြစ် ဟုလည်းလူသိများသော နမ်မောဖြစ်သည်။
မိုင်းမော
မိူင်းမၢဝ် ᥛᥫᥒᥰ ᥛᥣᥝᥰ | |||||
ရှေးခေတ်ရှမ်းပြည်၏ အနေအထား | |||||
| |||||
Territory of Mong Mao in the heyday of Si Kefa period. | |||||
သမိုင်း | |||||
• | Möngmao state founded | 560[ကိုးကားချက်လိုသည်] | |||
• | State extinguished | 1604 | |||
လက်ရှိ အစိတ်အပိုင်း | တရုတ်ပြည်သူ့သမ္မတနိုင်ငံ အိန္ဒိယနိုင်ငံ မြန်မာ | ||||
Ben Cahoon (2000)။ World Statesmen.org: Shan and Karenni States of Burma။ 7 July 2014 တွင် ပြန်စစ်ပြီး။ |
သမိုင်း
ပြင်ဆင်ရန်မောရှမ်းဘုရင် ဆေခမ်ဖ ခေါ် သိုချည်ဘွားလက်ထက်ကနေ နောက်ဆုံး မောမင်းကြီး သိုငံဘွားခေတ်ထိ နှစ် တရာကျော် ကြီးစိုးခဲ့တဲ့ မောရှမ်းမင်းတွေဟာ အခု တရုတ်-မြန်မာနယ်စပ် ဆယ်လန့်ခေါ် မိုင်းမောကနေ ယူနန်နဲ့ ရှမ်းကုန်းမြင့်တကြောက ရှမ်းနယ်တွေကို ပိုင်စိုးခဲ့ပြီး မိုးကောင်း၊ မိုးညှင်း၊ ကလေး စတဲ့ မြောက်ပိုင်းနဲ့ အနောက်ပိုင်း ရှမ်းပြည်တွေကိုပါ သြဇာညောင်းခဲ့ပါတယ်။ ခရစ် ၁၄ ရာစုနဲ့ ၁၅ ရာစု မြန်မာပြည်မြောက်ပိုင်းမှာ မောရှမ်းတွေ ကြီးစိုးချိန်ဟာ ပုဂံခေတ်အလွန် မြန်မာပြည် အလယ်ပိုင်းက ရှမ်းအနွယ် ပင်းယ၊ စစ်ကိုင်းနဲ့ အင်းဝနိုင်ငံတွေ ပေါ်ထွန်းချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ရှမ်းညီနောင်သုံးဦးလို့ ခေါ်ကြတဲ့ ကျောက်ဆည်လွင်ပြင် အခြေစိုက် မြို့စားညီနောင် သုံးယောက်က ဆင်းသက်လာတဲ့ ဒီနိုင်ငံသစ်တွေဟာ မြောက်ဘက်က မောရှမ်းတွေရန်ကို စိုးရိမ်နေရတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ မွန်ဂိုကျူးကျော်မှုကို တွန်းလှန်နိုင်ခဲ့တဲ့ ပင်းယနဲ့ စစ်ကိုင်းဟာ မောရှမ်းစစ်ကို မတွန်းလှန်နိုင်ဘဲ ၁၃၆၄ မှာ ပျက်စီးခဲ့ပါတယ်။ ဒီနိုင်ငံတွေနေရာမှာ အသစ်ပေါ်လာတဲ့ အင်းဝမင်းဆက် လက်ထက်မှာလည်း မောရှမ်းရန်ကို စိုးရိမ်နေရတုန်း ဖြစ်ပါတယ်။ နောက်ဆုံး မွန်ဂိုမင်းဆက်ကို ဖယ်ရှားပြီး တက်လာတဲ့ တရုတ်ပြည် မင်မင်းဆက်က ယူနန်ကို ဝင်သိမ်းချိန်ကျမှ မောရှမ်းနိုင်ငံ ပြိုကွဲပြီး အင်းဝမင်းတွေ အသက်ရှူချောင်သွားတာ ဖြစ်ပါတယ်။ မိုင်းမောက မောရှမ်းမင်းတွေ ပြိုကွဲသွားပေမယ့် သူတို့ဆီက ဆင်းသက်တဲ့ ရှမ်းစော်ဘွားတွေက မိုးကောင်း၊ မိုးညှင်းမှာ ဆက်လက် ကြီးစိုးနေခဲ့ပြီး ဒီမိသားစုတွေထဲက အင်းဝမှာ လာအုပ်ချုပ်သူကတော့ မိုးညှင်းစလုံရဲ့ သား သိုဟန်ဘွားပါ။ သိုဟန်ဘွားကို မြန်မာမှူးမတ်တွေက လုပ်ကြံ ဖယ်ရှားနိုင်ပေမယ့်လည်း သီပေါက အုန်းဘောင်ခုံမှိုင်းကို ပင့်ခေါ် မင်းမြှောက်ခဲ့သလို သူ့သားတော် မိုးဗြဲနရပတိထိ အင်းဝမှာ ကြီးစိုးခဲ့ကြပါတယ်။ ဒါကြောင့် ပုဂံအပျက်ကနေ တောင်ငူမင်းဆက် ကြီးစိုးတဲ့အထိ ကြားကာလကို ရှမ်းခေတ်ဆိုပြီး မြန်မာသမိုင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ဘုရင့်နောင် လက်ထက်ကစပြီး တောင်ငူ၊ ဟံသာဝတီနဲ့ အင်းဝမှာ အခြေစိုက်တဲ့ မင်းတွေက ရှမ်းပြည်တလွှားကို သိမ်းသွင်းအုပ်ချုပ်ခဲ့ကြပါတယ်။ ဒါဟာ အရင် ပထမ အင်းဝဆက်က မင်းတွေလက်ထက်ကထက် ပိုပြီး ရှမ်းစော်ဘွားတွေကို မြန်မာဘုရင်ရဲ့ သစ္စာခံအဖြစ် ချုပ်ကိုင်လာတာ ဖြစ်ပါတယ်။ ဘုရင့်နောင်ဟာ အင်းဝမင်းတွေ သိမ်းသွင်းနိုင်တဲ့ မြောက်တလွှားနဲ့ အရှေ့တလွှားက ရှမ်းစော်ဘွားနယ်တွေကိုသာမက သံလွင်အရှေ့ခြမ်းနဲ့ တရုတ်ပြည်ထဲက စော်ဘွားနယ်တွေကိုပါ သိမ်းပိုက်ခဲ့ပါတယ်။
ဒီလို သိမ်းသွင်းခြင်းနဲ့ အနှစ်သုံးရာလောက် ရှည်ကြာခဲ့တဲ့ မြန်မာသမိုင်းမှာ ရှမ်းလွှမ်းမိုးမှုကို လျှော့ချနိုင်တဲ့အတူ ရှမ်းနယ်မြေတွေမှာ မြန်မာသြဇာနဲ့ ထုံးတမ်းတွေ ပြန့်ပွားအောင်ပါ အားထုတ်ခဲ့ပါတယ်။ မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ သီပေါ ရှမ်းနှစ်ပြည်ထောင်လုံးဝယ် သူကောင်းတယောက် သေလျှင် ကျွန်ယောက်ျား၊ ကျွန်မိန်းမကို သတ်၍ထည့်သော မိစ္ဆာဒိဋ္ဌိအကျင့်ကို မကျင့်ရန်လည်း ဆုံးမကံမြစ်တော်မူ၏ ဆိုပြီး ပုဂံ ရွှေစည်းခုံဘုရားက ဘုရင့်နောင် ခေါင်းလောင်းစာမှာ ပါရှိပါတယ်။တခါ ဘုရင့်နောင် လက်ထက်ကစပြီး မြန်မာနန်းတွင်းမှာ သင်္ကြန်၊ ဝါဝင်၊ ဝါထွက် စော်ဘွား မြို့စားတွေရဲ့ တနှစ် သုံးကြိမ် ကန်တော့ခံတဲ့ အစဉ်အလာကို စခဲ့ကြောင်း ဒေါက်တာတိုးလှရဲ့ ဘုရင့်နောင်မင်းတရားကြီး ဘဝအတွေးအခေါ်ယုံကြည်ချက်နှင့် ဆောင်ရွက်ချက်များ စာအုပ်မှာ ပါရှိပါတယ်။ ဘုရင့်နောင်စံမြန်းတဲ့ ဟံသာဝတီမြို့တော်မှာ မိုးကောင်း၊ မိုးညှင်း၊ အုန်းဘောင်၊ ညောင်ရွှေ၊ မိုးနဲ၊ ကလေး၊ သိန္နီတံခါးတွေ တည်ရှိခဲ့ပါတယ်။
ဧကရာဇ်များစာရင်း
ပြင်ဆင်ရန်ဤ ဆောင်းပါးသည် အခြားဘာသာစကားမှ မူကြမ်းသဘောမျိုး ဘာသာပြန်ထားသော ဆောင်းပါးဖြစ်သည်။ ပါဝင်သောအကြောင်းအရာများမှာ ဘာသာနှစ်ခုလုံးကို ကျွမ်းကျင်မှုမရှိသော ကွန်ပျူတာ သို့မဟုတ် ဘာသာပြန်ဆော့ဝဲလ် တမျိုးမျိုးအသုံးပြု၍ ရရှိလာသော အကြောင်းအရာများဖြစ်သည်။ ပြည့်စုံကြွယ်ဝသော ဘာသာပြန်မှုဖြစ်စေရန် ကူညီနိုင်ပါသည်။ |
တရုတ်နာမည် | နှစ်များ | အရှည် | ဆက်ခံခြင်း | သေခြင်း | Tai အမည် | မြန်မာနာမည် | အခြားအမည်များ |
---|---|---|---|---|---|---|---|
စီခေဖှာ
|
1340-1371 | ၃၁ နှစ် | သဘာဝ | HS Kip Hpa | သုခဘုံ | Sa Khaan Pha | |
ကျောက်ပျင်ဖှာ 昭併發 |
1371-1378 | ၈ နှစ် | သား | သဘာဝ | |||
ထိုင်ပြန် |
1378/79 | 1 နှစ် | သား | အသတ်ခံရ | |||
ကျောက်ရှောက်ဖှာ
|
1379/80 | 1 နှစ် | Zhao Bingfa ၏အစ်ကို | အသတ်ခံရ | |||
စီဝါဖှ 發 |
? | ? | အစ်ကို | အသတ်ခံရ | HS Wak Hpa | ||
စီလွန်ဖှ 發 |
1382-1399 | ၁၇ နှစ် | Si Kefa ၏မြေးဖြစ်သူ | Hso Long ဘား | Thowunbwa | ||
စီရှင်းဖှ 發行發 |
1404-1413 | ၉ နှစ် | သား | ဝမ်းနည်းတယ် | |||
စီရန်ဖှ 發任發 |
1413-1445 / 6 | ၂၉ နှစ် | အစ်ကို | ကွပ်မျက်ခံရ | HSW Wen Hpa | Thongongwa | Sa Ngam Pha |
စီကျိဖှ 發機發 |
1445 / 6-1449 | သား | ကွပ်မျက်ခံရ | သဟိန်းဘဝ | Sa Ki Pha, Chau Si Pha | ||
Si Bufa 發 |
1449-? | သီတဂူ | |||||
စီလွန်ဖှ | ? -1532 | အသတ်ခံရ | Sawlon | Sawlon |