မိုတီးဖ် သို့မဟုတ် မိုးတစ်ဖ် (အင်္ဂလိပ်: Motif, Motive) သည် သီချင်းတစ်ပုဒ်တွင် အများဆုံးပြန်လည်တွေ့မြင်ရသော သံစဉ်တိုကလေးဖြစ်သည်။[]တစ်နည်းဆိုရသော် သီချင်းတစ်ပုဒ်ရေးသားရာ၌ အများဆုံးအသုံးပြုရေးသားသည့် တေးသံတိုဖြစ်သည်။ သီချင်းတစ်ပုဒ်၏ အသေးငယ်ဆုံးအခြေခံဖွဲ့စည်းမှုဟုလည်းဆိုနိုင်သည်။

ဘီသိုဗင်ဆင်ဖိုနီအမှတ် ၅ မှပထမဆုံးမုဗ်မန့်၏မိုတီးဖ်သည် နာမည်ကြီးမိုတီးဖ်ပင်ဖြစ်သည်။ဤအသံ အကြောင်းPlay 
ယိုဟန် ဆီဘက်ရှန်း ဘက်ရှ်၏ အသုံးများသောမိုတီးဖ်တစ်ခုဤအသံ အကြောင်းPlay 

အမျိုးအစားများ

ပြင်ဆင်ရန်

မိုးတီးဖ်ကို အမျိုးအစားခွဲခြားရန်မလိုသော်လည်း ခေတ်သစ်ပညာရှင်တို့ကမူ ခွဲခြားခဲ့ကြသည်။[]မယ်လိုဒီရှုထောင့်အပြင် အခြားရှုထောင့်အရလည်း ခွဲခြားနိုင်သည်ဟုဆိုကြသောကြောင့် ထို့သိုအမျိုးအစားခွဲရခြင်းဖြစ်သည်။

ဟာမိုနစ်မိုတီးဖ် (Harmonic motif) သည် ကော့ဒ်အစဉ် (Chord sequence) ပုံစံမျိုးဖြစ်သည်။ ယင်းမိုတီးဖ်သည် မယ်လိုဒီနှင့်သက်ဆိုင်မှုမရှိပေ။

မယ်လိုဒစ်မိုတီးဖ် (Melodic motif) သည် မယ်လိုဒီအပိုင်းစကလေးဖြစ်သည်။ မိုတီးဖ်ဟုဆိုလိုက်လျှင် ယေဘုယျအားဖြင့် ဤအမျိုးအစားကိုရည်ညွှန်းသည်။

စည်းချက်မိုတီးဖ် (Rhythmic motif) သည် မယ်လိုဒီနှင့် ဟာမိုနီတို့မပါဝင်ဘဲ စည်းချက်သက်သက်သာဖြစ်သည်။

ဦးဆောင်မှုမိုတီးဖ် (အင်္ဂလိပ်: Head-motif၊ ဂျာမန်: Kopfmotiv) သည်သီချင်းကြီးများ၏မုဗ်မန့်များကို ချိတ်ဆက်ပေးသည့် မိုတီးဖ်မျိုးဖြစ်သည်။

လိုက်တ်မိုတီးဖ် (Leitmotif) သည် လူတစ်ယောက် သို့မဟုတ် နေရာတစ်နေရာနှင့် ဂီတအရဆက်နွယ်‌မှုရှိသော မိုတီးဖ်မျိုးကိုဆိုလိုသည်။

သီချင်းရေးသားရာတွင် မိုတီးဖ်များကို အသံပြောင်း၍သော်လည်းကောင်း၊ မွမ်းမံ၍သော်လည်းကောင်း ရေးသားနိုင်သည်။ ထိုသို့ရေးသားခြင်းကို အင်္ဂလိပ်ဘာသာတွင် "Motif development" ဟုခေါ်သည်။

အခြားသောအဓိပ္ပာယ်သတ်မှတ်ချက်များ

ပြင်ဆင်ရန်

အချို့သောဂီတပညာရှင်များသည် မိုတီးဗ်ကို မိမိတို့ကိုယ်တိုင် အဓိပ္ပာယ်သတ်မှတ်ကြသည်။

ဂီတသီအိုရီပညာရှင် ဟူဂို ရီးမန်း (Hugo Riemann) သည် "သီချင်းတစ်ပုဒ်၏ ကွန်ကရစ်ကဲ့သိုဖြစ်သည်"ဟု သတ်မှတ်ခဲ့သည်။[]

တေးရေးဆရာဖြစ်သူ အန်တွန် ဝီးဘန်း (Anton Webern) သည် "ဂီတဆိုင်ရာစိတ်ကူးမှု၏ အသေးငယ်ဆုံးသောအရာဖြစ်၍ ယင်းကိုထပ်ခါတစ်လဲလဲတီးခတ်မှုမှ တွေ့မြင်နိုင်သည်" ဟုသတ်မှတ်ပြန်သည်။[]

၂၀ ရာစု ဂီတဆရာဖြစ်သော အာနိုး ရွှန်းဘတ် (Arnold Schönberg) ကမူ "သီချင်းတစ်ပုဒ်လုံးတောက်လျှောက်တွင် အမြဲအသုံးပြုခြင်းခံရသည့်ယူနစ်ဖြစ်သည်" ဟု ဆိုခဲ့လေသည်။

ကျမ်းကိုး

ပြင်ဆင်ရန်
  1. New Grove (1980). cited in Nattiez, Jean-Jacques (1990). Music and Discourse: Toward a Semiology of Music (Musicologie générale et sémiologue, 1987). Translated by Carolyn Abbate. Princeton, NJ: Princeton University Press. ISBN 0691091366/ISBN 0691027145.
  2. 1957 Encyclopédie Larousse cited in Nattiez, Jean-Jacques (1990). Music and Discourse: Toward a Semiology of Music (Musicologie générale et sémiologue, 1987). Translated by Carolyn Abbate. Princeton, NJ: Princeton University Press. ISBN 0691091366/ISBN 0691027145.
  3. Jonas, Oswald (1982). Introduction to the Theory of Heinrich Schenker (1934: Das Wesen des musikalischen Kunstwerks: Eine Einführung in Die Lehre Heinrich Schenkers), p. 12. Trans. John Rothgeb. ISBN 0-582-28227-6.
  4. Webern (1963), pp. 25–26. Cited in Campbell, Edward (2010). Boulez, Music and Philosophy, p. 157. ISBN 978-0-521-86242-4.