မိုမို (ဆင်)

ရန်ကုန်တိရစ္ဆာန်ဥယျာဥ်မှ နာမည်​ကျော်ဆင်မကြီး

မိုမိုသည် ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ်မှ ဆင်မတစ်​​ကောင်ဖြစ်သည်။ သူ၏ ထူးခြားလှ​သော အသိဉာဏ်စွမ်းရည်​ကြောင့် ပြည်သူများအကြားတွင် ဆင်ဟု​ပြောလျှင်ပင် မိုမိုနှင့်တွဲမြင်သည်အထိ ​​ကျော်ကြားသည်။ သူသည် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ လာ​ရောက်လည်ပတ်​သော ကြည့်ရှု​လေ့လာသူများအား နှစ်​ပေါင်းများစွာတိုင်​​အောင် ​ဖျော်​ဖြေ​ပေးခဲ့သည်။ နှစ်​ပေါင်း ၅၀​ကျော်ကြာ ​ဖျော်​ဖြေ​ပေးခဲ့ပြီး ၂၀၁၆ခုနှစ် ​အောက်တိုဘာလတွင် အနားယူခဲ့သည်။

၆၉နှစ်ပြည့်​မွေး​နေ့တွင် ​တွေ့ရစဉ်

​နောက်ခံသမိုင်း ပြင်ဆင်ရန်

ဆင်မကြီးမိုမိုအား ၁၉၅၃ခုနှစ်တွင် ဖွားမြင်ခဲ့သည်။၁၉၆၁ခုနှစ် ​ဖေ​ဖော်ဝါရီလတွင် ကယားပြည်နယ် လွိုင်​​ကော်မြို့နယ်​တွင် ​နေ​သော ဦးခွန်ဆန္ဒမှ တိရစ္ဆာန်ဥယျာဉ်သို့ လှူဒါန်းခဲ့သည်။ သူ့အားထိန်းခဲ့​သော ဦးခွန်ဆန္ဒ၏ ဇနီးဖြစ်သူ ​နော်မိုမိုအား ဂုဏ်ပြု၍ မိုမိုဟု အမည်​ပေးခဲ့သည်။[၁]မြန်မာအသံ​ရေဒီယိုမှ ထုတ်လွှင့်သည့် မိသားစုတနင်္ဂ​နွေသီချင်းမှ ဆင်က​​လေးနာမည်မိုမိုတဲ့​လေ ​ခေါ်ကြည့်စမ်းပါ​လေ ဟူ​သော စာသားဖြင့် လူသိများလာခဲ့သည်။ မိုမိုသည် အရပ်အမြင့် ၇​ပေ ၉လက်မမြင့်ပြီး ကိုယ်ထည်လုံးပတ် ၁၅၀လက်မရှိသည်။၁၉၉၆ခုနှစ်တွင် အစာအိမ်​ရောဂါခံစားခဲ့ရသည်မှလွဲ၍ မည်သည့်​ပြဿနာမှ မဖြစ်ပွားခဲ့​ပေ။ မိုမိုသည် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ​ဖျော်​ဖြေခဲ့သည်သာမက ၁၉၉၂ခုနှစ်တွင်ကျင်းပ​သော မြင်းခင်သဘင်ပွဲ​တော်၊ရွှေတိဂုံ​စေတီ​တော် အ​နောက်ဘက်၊​မြောက်ဘက်နှင့် ​တောင်ဘက် ​စောင်းတန်းဖွင့်ပွဲများ၊တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်​တော် ပင့်​ဆောင်ရာတွင်လည်း ပါဝင်ခဲ့ဖူးသည်။[၂][၃]

​ကျော်ကြား​​​ပြီး ထင်ရှားသော အချက်များ ပြင်ဆင်ရန်

မိုမိုသည် နားလည်မှုစွမ်းရည် အလွန်မြင့်မားသည်။၎င်းအား​ခေါ်လိုက်လျှင် ပြန်လည်ထူးလိုက်​သောအသံ၊လူများကို ချစ်ခင်လာ​စေရန် ကပြတတ်သည့် အကများ၊ခန္ဓာကိုယ်ကို ထိုးစိုက်ကာ နှာ​မောင်းကို​ထောက်၍ ​နောက်​ခြေကို​မြှောက်ကာ ကင်းမြီး​ကောက်​ထောင်ပြသည့်ပြကွက်များ၊မမပုသိမ်သူလမ်းလျှောက်​သောပုံစံ၊ပန်းကမ်းနည်းများမှာ ​ကျော်ကြားသည်။ မိုမိုသည် လူများကဲ့သို့ပင် ​နားလည်စွာ ခေါင်းညိမ့်ပြတတ်သည်။ သူသည် စိတ်ဆိုးခဲသည်။ မိုမိုသည် စား​နေကျအစားအစာ၊ ​သောက်​နေကျ​ရေကိုသာ ​စားသုံး​လေ့ရှိသည်။၎င်း၏ကိုယ်တွင် ရွှံ့များ​​ပေကျံ​နေခြင်းကိုလည်း မကြိုက်​ပေ။ အသန့်ကြိုက်တတ်သူဖြစ်သဖြင့် ​​ရောဂါကင်းသူလည်းဖြစ်သည်။[၁][၂]

​မွေး​နေ့ပွဲ ပြင်ဆင်ရန်

မိုမို၏ အသက်၆၀ပြည့်​မွေး​နေ့မှစ၍ နှစ်စဉ်​အောက်တိုဘာလတွင် သူ၏​မွေး​နေ့ပွဲကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ကျင်းပ​လေ့ရှိသည်။ ထို​နေ့တွင် ကြံ၊ငှက်​ပျောသီး၊သစ်သီးဝလံများဖြင့် ​မွေး​နေ့ကိတ်ပုံစံ ပြုလုပ်​ပေးခြင်း၊မိုမိုကိုယ်တိုင် သက်​စေ့ငှက်လွှတ်ခြင်းများ ပြုလုပ်​လေ့ရှိသည်။

ကျန်မာရေး ပြင်ဆင်ရန်

မိုမိုသည် အသက် (၇၀)ကျော်သည်အထိ ကျန်းမာစွာ နေထိုင်လျက်ရှိသည်။ အသက် (၇၁)နှစ်တွင် ခြေထောက်၌ ကြွက်နို့သဏ္ဍန် ထွက်လာသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရသည်။[၄]

ကိုးကား ပြင်ဆင်ရန်