မိုရာမုန်တိုင်း (အင်္ဂလိပ်: Severe Cyclonic Storm Mora; ထိုင်းဘာသာဖြင့် "ပင်လယ်၏ ကြယ်"[၁]) သည် ၂၀၁၇ ခုနှစ် မေလတွင် သီရိလင်္ကာဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ကြီးမားစွာ ထိခိုက်ပျက်စီးစေခဲ့သော အပူပိုင်း မုန်တိုင်းတစ်ခု ဖြစ်သည်။ ၂၉၁၇ မြောက်အိန္ဒိယသမုဒ္ဒရာ ဆိုင်ကလုန်းရာသီအတွက် ဒုတိယမြောက် အမည်တပ်မုန်တိုင်းဖြစ်သော မိုရာ သည် မေ ၂၈ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းအနေဖြင့် စတင်ခဲ့သည်။ ယင်းသည် လျင်မြန်စွာ အားကောင်းလာခဲ့ပြီး နောက်တစ်ရက်တွင် မိုရာ ဟု အမည် သတ်မှတ်ခဲ့သည်။ မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဦးတည်ခဲ့ပြီး ပိုမိုအင်အားကောင်းလာကာ မေ ၃၁ ရက်မတိုင်မီ ပြင်းထန်ဆိုင်ကလုန်းမုန်တိုင်း အဆင့် ရောက်ရှိခဲ့သည်။ မကြာမီ အားအကောင်းဆုံး အခြေအနေသို့ ရောက်ရှိလာခဲ့ကာ တစ်နာရီ ၁၁၀ ကီလိုမီတာနှုန်း (တစ်နာရီ မိုင် ၇၀ နှုန်း) ဖြင့် တိုက်ခတ်ခဲ့သည်။ မေ ၃၁ ရက် နံနက်ပိုင်းတွင် အားအကောင်းဆုံးအဆင့်ဖြင့် စစ်တကောင်းကမ်းရိုးတန်းကို ဖြတ်ကျော် ဝင်ရောက်လာခဲ့ကာ ယင်းနေ့မှာပင် အားပျော့ ပျက်ပြယ်သွားခဲ့သည်။

ပြင်းထန် ဆိုင်ကလုန်း မုန်တိုင်း မိုရာ
Severe Cyclonic Storm Mora
ပြင်းထန် ဆိုင်ကလုန်းမုန်တိုင်း (IMD စကေး)
အဆင့် ၁ (Saffir–Simpson scale)
မေ ၃၀ ရက် ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းအနီး အားအကောင်းဆုံး အချိန်တွင် တွေ့ရသော မိုရာ
ဖြစ်ပေါ်ခြင်းမေ ၂၈၊ ၂၀၁၇
ကွယ်ပျောက်ခြင်းမေ ၃၁၊ ၂၀၁၇
အမြင့်ဆုံးလေတိုက်နှုန်း3-minute sustained: တစ်နာရီ ၁၁၀ ကီလိုမီတာနှုန်း (တစ်နာရီ ၇၀ မိုင်နှုန်း)
1-minute sustained: ၁၂၀ ကီလိုမီတာနှုန်း (တစ်နာရီ ၇၅ မိုင်နှုန်း)
လေပြင်း: တစ်နာရီ ၁၃၀ ကီလိုမီတာနှုန်း (တစ်နာရီ ၈၀ မိုင်နှုန်း)
အနိမ့်ဆုံး လေဖိအား၉၇၈ mbar (hPa)၊ ၂၈.၈၈ inHg
အသေအပျောက်စုစုပေါင်း ၉ ဦး (မေ ၃၁ အရ)
သက်ရောက်သည့် ဧရိယာသီရိလင်္ကာနိုင်ငံအိန္ဒိယနိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အက်ဒမန်နှင့် နီကိုဘာကျွန်းစု၊ မြန်မာနိုင်ငံဘူတန်နိုင်ငံတိဘက်
၂၀၁၇ မြောက်အိန္ဒိယသမုဒ္ဒရာ ဆိုင်ကလုန်းရာသီ ၏ အစိတ်အပိုင်း

မိုရာ၏ လျင်မြန်စွာ အားကောင်းလာမှုကြောင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအနေဖြင့် မုန်တိုင်းအတွက် ကြိုတင်ကာကွယ်မှုများကို အလျင်အမြန် လုပ်ဆောင်ခဲ့ရသည်။ ကမ်းရိုးတန်းသို့ မုန်တိုင်းဝင်ရောက်သည့် မေ ၃၁ ရက်နေ့ မတိုင်မီ လူဦးရေ စုစုပေါင်း ၅၀၀,၀၀၀ ခန့်အား ကမ်းရိုးတန်းဒေသမှ ရွေ့ပြောင်းပေးခဲ့သည်။ အပူပိုင်းမုန်တိုင်း သတိပေးရေးနှင့် စောင့်ကြည့်ရေး သတိပေးချက်များကို ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းနှင့် အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ ခရိုင်တို့တွင် ထုတ်ပြန်ခဲ့ရသည်။ မုန်တိုင်းလေပြင်းဒဏ်ကို စစ်တကောင်း၊ ကော့စ်ဘဂျာနှင့် ရန်ဂါမန်တိရှိ အဆောက်အအုံများ တိုက်ခတ်ခံခဲ့ရပြီး လယ်ယာများ ပျက်စီးခဲ့သည်။ ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်စခန်းများတွင် အိမ်ပေါင်း ၂၀,၀၀၀ ခန့် ပျက်စီးခဲ့သည်။ မေလ ၃၁ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူကိုးဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

မုန်တိုင်းအခြေအနေ ပြင်ဆင်ရန်

မြန်မာစံတော်ချိန် (၂၁:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "မိုရာ"သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်တောင် ဘက်မိုင်(၉၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်-အနောက်တောင်ဘက် (၁၀၅)မိုင်ခန့်နှင့် မောင်တောမြို့၏ တောင်-အနောက်တောင်ဘက် မိုင်(၁၁၀)ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်ဘက် မိုင်(၁၉၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေခဲ့သည်။ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏ အခြေအနေကို လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ခဲ့သည်။[၂]

တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း ပြင်ဆင်ရန်

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန်(၂၁:၃၀)နာရီ အချိန်တွင် မြောက်လတ္တီကျု(၁၉.၁)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၇)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၈၆)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် မိုင်(၆၀)နှုန်း ရှိခဲ့သည်။

ပြင်ဆင်မှုများ၊ ထိခိုက်မှုများနှင့် နောက်ဆက်တွဲဖြစ်ရပ် ပြင်ဆင်ရန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စစ်တကောင်း၊ ကော့စ်ဘဂျာ၊ မွန်ဂလာနှင့် ပေရာ ဆိပ်ကမ်းများတွင် မုန်တိုင်း သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။[၃] အပူပိုင်းမုန်တိုင်း သတိပေးရေးနှင့် စောင့်ကြည့်ရေး သတိပေးချက်များကို အိန္ဒိယနိုင်ငံ ပြည်နယ်များဖြစ်သော မီဇိုရမ်၊ နာဂလန်း၊ မဏိပူရနှင့် တြိပူရပြည်နယ်၊[၄] နှင့် အိုဒီးရှားရှိ ခရိုင်လေးခုတို့တွင် ထုတ်ပြန်ခဲ့သည်။[၅] စစ်တကောင်းရှိ ဆာ့အမန်နတ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလည်း ခေတ္တပိတ်ထားခဲ့သည်။[၆] မြို့တစ်ဝှမ်းတွင် ခိုလုံရန်နေရာ ၅၀၀ ခန့် ဖွင့်လှစ်ပေးခဲ့သည်။ ကမ်းခြေသို့ မုန်တိုင်းမဝင်မီ မေ ၂၉ ရက်နေ့အထိ လူပေါင်း ၁ သန်းခန့်ကို အာဏာပိုင်များက ရွှေ့ပြောင်းရန် ကြိုးစားခဲသော်လည်း[၇] ၃၀၀,၀၀၀ ခန့်သာ ရွှေ့ပြောင်းနိုင်ခဲ့သည်။[၈]

ကိုးကား ပြင်ဆင်ရန်

  1. "Why the cyclone is called ‘Mora’"၊ The Daily Star၊ May 30, 2017။ May 31, 2017 တွင် ပြန်စစ်ပြီး 
  2. မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
  3. "Cyclone ‘Mora’ starts crossing Cox’s Bazar-Chittagong coast"၊ May 29, 2017။ May 29, 2017 တွင် ပြန်စစ်ပြီး 
  4. "Mizoram Government Issues Warning Ahead Of Cyclone Mora"၊ May 29, 2017။ May 29, 2017 တွင် ပြန်စစ်ပြီး 
  5. "Cyclone Mora: 4 Odisha districts put on alert"၊ Odisha TV၊ May 29, 2017။ May 29, 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 1 June 2017။ 
  6. "Chittagong airport suspends flights as Cyclone Mora nears"၊ May 29, 2017။ May 29, 2017 တွင် ပြန်စစ်ပြီး 
  7. "Cyclone Mora: Bangladesh tries to evacuate one million"၊ May 29, 2017။ May 29, 2017 တွင် ပြန်စစ်ပြီး 
  8. "300,000 evacuated as cyclone makes landfall in Bangladesh"၊ May 29, 2017။ May 29, 2017 တွင် ပြန်စစ်ပြီး