မိုးကနိန်းကျိုက်သို့ပုသိမ်စေတီတော်
မိုးကနိန်းကျိုက်သို့ပုသိမ်စေတီတော် သည် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ မိုးကနိမ်းရွာ တွင် တည်ရှိသည့် ရှေးဟောင်းသမိုင်းဝင်စေတီတော်တစ်ဆူ ဖြစ်သည်။[၁]
မိုးကနိန်းကျိုက်သို့ပုသိမ်စေတီတော် | |
---|---|
အချက်အလက်များ | |
ကိုဩဒိနိတ် | 17°03′42″N 96°30′46″E / 17.06157°N 96.51277°Eကိုဩဒိနိတ်: 17°03′42″N 96°30′46″E / 17.06157°N 96.51277°E |
ဘာသာရေး နှီးနွယ်မှု | ဗုဒ္ဓဘာသာ |
Sect | ထေရဝါဒဗုဒ္ဓဘာသာ |
မျူနယ်စီပယ် | ကဝ |
တိုင်း | ရးဗဂေါ |
လက်ရှိအခြေအနေ | active |
အသေးစိတ် | |
ခေါင်ချွန်းအမြင့် | ၁၈၀ ပေ။ |
သမိုင်းကြောင်း
ပြင်ဆင်ရန်သုဝဏ္ဏဘူမိသို့ မြတ်စွာဘုရား ကြွတော်မူခြင်း
ပြင်ဆင်ရန်မဟာသက္ကရာဇ် ၁၁၀ ပြည့်နှစ်တွင် ဖြစ်၏။ ထိုအချိန်တွင် သုဝဏ္ဏဘူမိတိုင်း၊ သုဓမ္မဝတီ သထုံပြည်ကြီးတွင် တိဿဓမ္မသီဟရာဇာ (မဟာသီရိမာသောကမင်း) သည် စိုးစံလျက် ရှိ၏။ ထိုအချိန်ကာလတွင် မဇ္ဈိမဒေသ၌ မြတ်စွာဘုရားသည် သတ္တဝါဝေနေယျတို့အား တရားလှည့်လည်ဟောကြားလျက် ရှိ၏။
တစ်နေ့သောအခါ မြတ်စွာဘုရား၏ သာဝကတစ်ဦးဖြစ်သည့် ဂဝံပတိရဟန္တာသည် ဘဝဟောင်းက မိခင်၊ အတိတ်ဘဝက မွေးစားဖခင် သီဟကုမာရရသေ့၊ ဘကြီးတော် တိဿကုမာရရသေ့နှင့် နဂါးဥဖွားနောင်တော် သုဝဏ္ဏဘူမိပြည့်ရှင် မဟာသီရိမာသောကမင်းတို့ကို ကျေးဇူးဆပ်လိုသဖြင့် သထုံပြည်သို့ ကောင်းကင်ခရီးဖြင့် ကြွရောက်တော်မူ၏။ ထို့နောက်တွင် မိစ္ဆာဒိဋ္ဌိအယူလွှမ်းမိုးလျက်ရှိနေသော မိခင်ဖြစ်သူနှင့် ဆွေမျိုးများကို တရားများ ဟောကြားတော်မူ၏။ ထို့နောက် ရသေ့နှစ်ပါးနှင့် ဘုရင်မင်းမြတ်တို့သည် မြတ်စွာဘုရားအား ဖူးတွေ့လိုသဖြင့် ပင့်ဆောင်ပေးရန် ပြောကြား၏။
ထို့နောက် မထေရ်သည် မဇ္ဈိမဒေသသို့ ပြန်သွားကာ မြတ်စွာဘုရားအား လျှောက်ထားတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် (၁) ထိုဒေသတွင် သာသနာတော် ထွန်းလင်းမည်ကိုလည်းကောင်း၊ (၂) အတိတ်ဘဝက ဆွေတော်မျိုးတော်များ ကျွတ်တမ်းမဝင်ကြသေးသည်ကို လည်းကောင်း၊ (၃) သတ္တဝါများ ကျွတ်တမ်းဝင်ကြစေလို၍ လည်းကောင်း စသည့် အကြောင်းခြင်းရာများကြောင့်သုဝဏ္ဏဘူမိ သထုံပြည်သို့ ကြွတော်မူ၏။
ထို့နောက် မြတ်စွာဘုရားသည် မင်းနှင့် တကွသော တိုင်းသူပြည်သားများကို တရားရေအေးများ တိုက်ကျွေးတော်မူ၏။ မင်းနှင့် ပြည်သူတို့သည်လည်း မြတ်စွာဘုရားနှင့် နောက်ပါ ရဟန္တာ ၅၀၀ တို့ကို ဆွမ်းတို့ဖြင့် ခုနစ်ရက်တိုင် လုပ်ကျွေး၏။[၁]
ဆံတော်ပေးသနားခြင်း
ပြင်ဆင်ရန်ထိုကဲ့သို့ မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး သီတင်းသုံးနေစဉ် ကေလာသတောင်ထိပ်နေ ရသေ့ကြီး၊ အတွင်းမိုးဂနိန်း အနောက်တောစွန်းနေ ရသေ့ကြီး အပါအဝင် ရသေ့ ခြောက်ပါးတို့သည် မြတ်စွာဘုရားထံမှ ပူဇော်ရန် အလို့ငှါ ဗုဒ္ဓပူဇနိယပစ္စည်းကို တောင်းခံလျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားသည် ဆံတော်မြတ် ခြောက်ဆူ ပေးသနားတော်မူ၏။ ထို့နောက် ရသေ့တို့သည် မိမိတို့ နေရပ်များသို့ မြတ်စွာဘုရား၏ ဆံတော်ကို ပင့်ဆောင်ကာ ကိုးကွယ်တော်မူခဲ့သည်။
အတွင်းမိုးဂနိန်းနေ ရသေ့ကြီးသည်လည်း မိမိ၏ နေရပ်သို့ ပြန်လာခဲ့သည်။ ထိုအခါ အတူနေ ရသေ့နှစ်ပါးသည် မြတ်စွာဘုရား၏ ဆံတော်ကို မိမိတို့ ပူဇော်ခွင့် မရကြဟု စိတ်နှလုံး မသာမယာ ဖြစ်ကြ၏။ ထိုအခါ အတွင်းမိုးဂနိန်းနေရသေ့ကြီးသည် စိတ်နှလုံး မသာမယာ မဖြစ်ကြဘဲ “မြတ်စွာဘုရား၏ ဆံတော်အား မိမိတို့ သုံးဦး ပူဇော်ခွင့် ရပါစေသတည်း” ဟု အဓိဋ္ဌာန်လေရာ ဆံတော်သည် သုံးဆူ ဖြစ်သွား၏။ ထိုအခါ ရသေ့သုံးပါးသည် တစ်ပါးလျှင် ဆံတော်တစ်ဆူစီ ယူကာ မိမိတို့ နေထိုင်ရာ အရပ်ဒေသများတွင် အများသူငါ ဖူးမြော်နိုင်ရန် စေတီတည်ကြသည်။
ထိုရသေ့သုံးပါး တည်ထားကိုးကွယ်တော်မူခဲ့သည် စေတီတော်များမှာ မိုးဂနိန်းစေတီတော်၊ ကျိုက်မတ်ကော်စေတီတော်နှင့် ကျိုက်သီရိဓမ္မသိုက်စေတီတော်တို့ ဖြစ်ကြသည်။[၁]
ရုပ်ပုံများ
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်
ဤ မြန်မာနိုင်ငံရှိ အဆောက်အဦများနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |