မိုးကျော်အောင်
ဦးမိုးကျော်အောင်[၂] သည် မြန်မာလူမျိုး သံအမတ်တစ်ဦးဖြစ်သည်။ [၃][၄][၅] အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တာဝန်အပြင် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[၆] [၇]
H.E. ဦးမိုးကျော်အောင် | |
---|---|
အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး | |
တာဝန်သက်တမ်း ၂၃ နိုဝင်ဘာလ၂၀၁၇ – ၁၄ စက်တင်ဘာ ၂၀၂၄ | |
ဆက်ခံသူ | ဦးဇော်ဦး [၁] |
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး | |
တာဝန်သက်တမ်း မေ၂၀၁၆ – နိုဝင်ဘာလ၂၀၁၇ | |
ကိုယ်ရေး အချက်အလက်များ | |
ကွယ်လွန် | ၁၉၆၇ |
လူမျိုး | မြန်မာ |
ကြင်ဖော်(များ) | ဒေါ်နီလာအောင် |
မိခင်ကျောင်း | ရန်ကုန်စီးပွားရေးတက္ကသိုလ် |
ပညာရေး
ပြင်ဆင်ရန်ရန်ကုန်စီးပွားရေးတက္ကသိုလ် မှ စီးပွားရေးဘွဲ့ရရှိခဲ့ကာ Master of Development tudies ကိုလည်း ယင်းတက္ကသိုလ်တွင်ပင် တက်ရောက်သည်။
ဝန်ထမ်းဘဝ
ပြင်ဆင်ရန်- ၁၉၉၀ ကာလ ဌာနခွဲ(၂)၊တတိယအတွင်ဝန် နိုင်ငံခြားရေးဝန်ကြီးဌာန။
- နောက်ပိုင်းကာလများ ဝါရှင်တန်မြို့၊ ဂျနီဗာ ၊ဂျာကာတာ ၊ဘရူနိုင်းနိုင်ငံ မြို့တော် ဘန်ဒါဆရီဘီဂဝန် တို့ရှိ မြန်မာသံရုံးတို့တွင် သံတမန်ရေးရာတာဝန်များထမ်းဆောင်သည်။
- ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ဌာနခွဲမှူး(၁)၊
- အာဆီယံရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊
- နိုင်ငံတော်သမ္မတရုံး သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး၊
- နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး၊
- နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊
- ၂၀၁၄ ကာလ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် ပူးတွဲအရာရှိ၊
- ၂၀၁၆ မေလ - မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် ဒုတိယသံရုံးအကြီးအကဲနှင့် သံအမတ်ကြီး၊
- ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ မှ ယနေ့အထိ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊[၈][၉]
- ၂၀၁၈ နိုဝင်ဘာ ၈ရက်ကစပြီး ယနေ့အထိ ၎င်း၏လက်ရှိတာဝန် ဝတ္တရားများအပြင် အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်လျှက်ရှိသည်။
ပုဂ္ဂိုလ်ရေး
ပြင်ဆင်ရန်အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သမီး၂ဦးရှိသည်။ဇနီးဖြစ်သူမှာ ဒေါ်နီလာအောင်ဖြစ်ကာ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်နေသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ဦးဇော်ဦး အား အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်။ MOI Myanmar (၁၄ စက်တင်ဘာ ၂၀၂၄)။ ၁၇ စက်တင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ Biographical Information။ EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR New Delhi, Republic of India။ 17 March 2023 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ-အိန္ဒိယ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အခမ်းအနား နယူးဒေလီ၌ ကျင်းပ။ Frontier Myanmar (၁၄နိုဝင်ဘာ၂၀၁၈)။ ၁၇မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ Interview: H.E. Moe Kyaw Aung, Ambassador of Myanmar to India။ Diplomatist (26December2019)။ 17March2023 တွင် ပြန်စစ်ပြီး။
- ↑ A lot has to be done in India-Myanmar trade, says Myanmar envoy Moe Kyaw Aung။ ThePrint (13 September 2022)။ 17March2023 တွင် ပြန်စစ်ပြီး။
- ↑ သံအမတ်ကြီး ဦးမိုးကျော်အောင် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ်။ Myanmar Digital News (၁၅မတ်၂၀၁၉)။ ၁၇မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ အီရန်နိုင်ငံတွင် ထိန်းသိမ်းခံထားရသော ကိုရီးယားသမ္မတနိုင်ငံ ရေနံတင်သင်္ဘောပေါ်ရှိ မြန်မာသင်္ဘောသားများကိစ္စ။ Myanmar Digital News (၁၀ဇန်နဝါရီ၂၀၂၁)။ ၁၇မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ သံအမတ်ကြီးဦးမိုးကျော်အောင် အိန္ဒိယနိုင်ငံသမ္မတ ထံခန့်အပ်လွှာပေးအပ်။ မြနမာ့အလင်းသတင်းစာ အတွဲ(၅၇)၊အမှတ်(၀၈၉) စာမျက်နှာ(၄) (၂၈ဒီဇင်ဘာ၂၀၁၇)။ ၁၇မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ Myanmar ambassador invites Bodoland business fraternity for trade။ THE MEGHALAYAN (1March2023)။ 17 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17March2023 တွင် ပြန်စစ်ပြီး။