မိုးချိုသင်းသည် မြန်မာမဂ္ဂဇင်းများတွင် ဝတ္ထုတိုများကို ရေးသားခဲ့သော အမျိုးသမီး စာရေးဆရာတစ်ဦးဖြစ်ပြီး နာမည်ကျော် ဘလော့ဂါတစ်ဦးလည်း ဖြစ်သည်။ ဖခင်မှာ နာမည်ကြီး ကဗျာဆရာ ဦးတင်မိုး ဖြစ်သည်။ ၁၉၈၇ ခုနှစ်တွင် အခြေခံပညာအထက်တန်း အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ ဘူမိဗေဒ ဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ ရရှိခဲ့သည်။ ယခုအခါတွင် ခင်ပွန်းဖြစ်သူ ကိုကျော်ဝဏ္ဏနှင့် အတူ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်လျက် ရှိသည်။