မိုးညွတ်လို့ဖူး ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

မိုးညွတ်လို့ဖူး ပြင်ဆင်ရန်

တန်ခူးကုန် ကဆုန်ဆန်းတွင်ဖြင့်၊ ဘုံခန်းဆောင် စာအရရယ်နှင့်၊ ဖြိုးဝေစွာ ခိုးတေဇာရယ်နှင့်ဗျာ၊ မိုးမေဃရွာတတ်သည်။

ကျောင်းရသာစံပျော်သည့်၊ ဆရာတော်ဝိညာဉ်ပြောင်းတွင်မှ၊ ထက်ကောင်းကင်ဝတိံမြင့်ဆီက၊ .....(စာကျန်နေသည်)၊ စေတမန်မာတလိကိုဖြင့်၊ နေမိယူဆောင်ချေဟု၊ တထောင်မြင်စုံပြာသာဒ် ရထားတွေနှင့်၊ မရပ်မနားပင် စိုင်းကာချသတဲ့၊ တိုင်းဌာနမိဓိပြည်၊ ရှိသည်ပပုံအထူး။

ရညဝါရွှင်ကာပျော်သည့်၊ ခင်ဆရာတော်ပုဂ္ဂိုလ်မြတ်ကဲ့သို့၊ ဟိုနတ်ခွင်ဝတိံမြင့်ဆီက၊ ထင်ပင့်ချေဝေဇယန်နှင့်၊ စေတမန်အမြန်လွှတ်ရော့ထင့်၊ မောင်းလွင်လွင်ကောင်းကင်ထွတ်ဆီက၊ မိုးညွတ်လို့ဖူး။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။