မိုးဘတ် (အမေရိကန်ဘေ့စ်ဘောကစားသမား)

ဤဆောင်းပါးသည် အမေရိကန်ဘေ့စ်ဘောကစားသမား အကြောင်း ဖြစ်သည်။ ကနေဒါလူမျိုး အဆိုတော်/သီချင်းရေးဆရာ အတွက် မိုးဘတ် (ဂီတပညာရှင်) ကို ကြည့်ပါ။

မောရစ် "မိုး" ဘတ် (Morris "Moe" Berg)(၂ မတ် ၁၉၀၂ - ၂၉ မေ ၁၉၇၂)သည် မေဂျာလိဂ် ဘေ့စ်ဘောအသင်းတွင် အမေရိကန်လူမျိုး ‌ဘောလုံးဖမ်းသူနှင့် နည်းပြ ဖြစ်ပြီး၊ နောင်သော် ဒုတိယကမ္ဘာစစ်ကြီး အတွင်းက ဗျူဟာ ကွပ်ကဲရေးရုံး (Office of Strategic Services) အတွက် သူလျှိုအဖြစ် တာဝန် ထမ်းဆောင်ပေးခဲ့သည်။ မေဂျာလိဂ်များတွင် သူသည် ၁၅ ရာသီ ကစားခဲ့ပြီး၊ အဓိက အမေရိကန်လိဂ်အသင်းကြီး လေးခုအတွက် လုံးဝနီးပါး ကစား ပေးခဲ့သော်လည်း၊ ဘတ်သည် သာမန် ကစားသမား တဦးထက် ဘယ်တော့မှ မပိုဘဲ၊ သူ့ကို အရန် ဘောလုံးဖမ်းသူ အဖြစ်သာ အသုံးပြုလေ့ ရှိခဲ့ပြီး၊ ပြိုင်ပွဲတွင် သူ ပါလာသည့်အခါ မည်သည့် အရာထက်မဆို "ဘေ့စ်ဘောတွင် ဦးနှောက်အကောင်းဆုံးကောင်"ဟု ထောမနာ ပြုခြင်း ခံရသည်။[၁] ကယ်စီ စတင်းဂါလ် (Casey Stengel)သည် တခါသော် ဘတ်ကို "ဘေ့စ်ဘော ကစားဖူးသမျှတွင် အထူးဆန်းဆုံး လူ"ဟု ညွှန်းဆိုခဲ့သည်။[၂]

Moe Berg
Catcher
မွေးဖွား: (1902-03-02)မတ် ၂၊ ၁၉၀၂
New York City, New York
ကွယ်လွန်: မေ ၂၉၊ ၁၉၇၂(1972-05-29) (အသက် ၇၀)
Belleville, New Jersey
Batted: Right Threw: Right
MLB debut
June 27, 1923, for the Brooklyn Robins
Last MLB appearance
September 1, 1939, for the Boston Red Sox
MLB statistics
Batting average.243
Hits441
RBI206
အသင်းများ

ပရင့်စတန် တက္ကသိုလ် (Princeton University)နှင့် ကိုလံဘီယာ ဥပဒေကျောင်း (Columbia Law School)မှ ဘွဲ့ရသော ဘတ်သည် ဘာသာစကား များစွာ ပြောတတ်ပြီး၊ တနေ့လျှင် သတင်းစာ ၁၀ စောင် ပုံမှန် ဖတ်ရှုသည်။ ဉာဏ်စမ်းပြိုင်ပွဲ အချက်အလက်လေး ပေးပါ (quiz show Information, Please) ရေဒီယို အစီအစဉ်တွင် ဝင်ပြိုင်သူအဖြစ် ပါခြင်းက သူ့ကို ပို၍ပင် ကျော်ကြားလာစေကာ၊ ထိုအစီအစဉ်၌ သူသည် ဂရိနှင့် လက်တင်မှ စကားလုံးများနှင့် အမည်နာမများ ပြောင်းလဲ ဆင်းသက်လာပုံ၊ ဥရောပနှင့် အရှေ့ဖျား‌ဒေသမှ သမိုင်းဝင် အဖြစ်အပျက်များနှင့် လက်ရှိ ဖြစ်ပျက်နေသော နိုင်ငံတကာ ကွန်ဖရင့်အစည်းအဝေးပွဲများ အကြောင်း ပတ်သက်သော မေးခွန်းပေါင်း မြောက်မြားစွာကို ဖြေဆိုပေးခဲ့သည်။[၃]

အမေရိကန်အစိုးရအတွက် အလုပ်လုပ်သော စပိုင် တယောက် အဖြစ်၊ ဘတ်သည် အမေရိကန် အစိုးရက ထောက်ပံ့ပေးထားသည်ဟု ယူဆရသော အ‌တိုက်အခံ အုပ်စု၏ သတင်းနှိုက်ရန် ယူဂိုဆလားဗီးယားသို့ ခရီးသွားခဲ့သည်။ ထို့နောက် အီတလီသို့ စစ်ဆင်ရေးအဖြစ်၊ သူ့ကို ပို့လိုက်ရာ၊ ဂျာမန် နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သော ရူပဗေဒ ပညာရှင် များစွာကို သူ အင်တာဗျူးခဲ့သည်။ စစ်ပြီးနောက်၊ ဘတ်ကို ဗဟိုထောက်လှမ်းရေးအေဂျင်စီ (Central Intelligence Agency) ဖြစ်သော အိုအက်စ်အက်စ် ၏ ဆက်ဆံသူ (OSS's successor) က မကြာမကြာ အလုပ်ခန့်သော်လည်း၊ ၁၉၅၀ ပြည့်လွန်နှစ် အလယ် ရောက်သော်၊ အလုပ် မရှိတော့ချေ။ ထို့နောက် ဆယ်စုနှစ် ၂ စု ကြာအောင်ပင် သူ့ဘဝကို အလုပ်မလုပ်ဘဲ မွေးချင်း သားချင်းများနှင့် အတူနေထိုင်သွားခဲ့သည်။[၄]

ဘဝအစောပိုင်း ပြင်ဆင်ရန်

မိုးဘတ်သည် ဂျူးလူမျိုး ဖြစ်ပြီး၊ သားသုံးယောက်တွင် အငယ်ဆုံး ဖြစ်သည်။ ဆေးဝါးကျွမ်းကျင်သူ ဖခင် ဘားနတ် ဘတ်နှင့် အိမ်ထောင်ရှင်မ ရို့စ် နှစ်ယောက်စလုံး ဂျူးများ ဖြစ်ကာ၊ ပိုလိုကစားကွင်း (Polo Grounds) နှင့် ဘလောက် အနည်းငယ် ကွာသော နယူးယောက်မြို့၏ ဟာလမ် (Harlem) အပိုင်းတွင် နေထိုင်ကြသည်။ ဘတ် သုံးနှစ်ခွဲသား ရောက်သောအခါ ကျောင်းထားပေးရန် သူ့မိခင်ကို တောင်းဆိုသည်။ ၁၉၀၆ တွင် ဘားနတ်ဘတ်သည် အနောက်နီဝါ့ခ် (West Newark)တွင် ဆေးဆိုင် တဆိုင်ကို ဝယ်ယူသည်။ ၁၉၁၀ တွင် ဘတ်တို့ မိသားစုသည် နီဝါ့ခ်၏ ရို့စ်ဗီးလ် (Roseville) အပိုင်းသို့ ထပ်မံ ပြောင်းရွှေ့ပြန်သည်။ ရို့စ်ဗီးလ် အနီးပတ်ဝန်းကျင်တွင် ဘားနတ် ဘတ် လိုချင်သော ကျောင်းကောင်းကောင်းများ၊ လူလတ်တန်းစားများ နှင့် ဂျူး လူမျိုး နည်းနည်း ရှိသောကြောင့် ဖြစ်သည်။[၅]

လူမျိုးရေး ခွဲခြားမှု သိပ်မရှိလောက်သော ရန့် ဝို့ဖ် (Runt Wolfe) အမည်ဝှက်ဖြင့် ရို့စ်ဗီးလ် မက်သောဒစ် အဲပီစကိုပယ် ဘုရားကျောင်း (Methodist Episcopal Church) ဘေ့စ်ဘောအသင်းအတွက် အသက် ၇ နှစ်သားတွင် ဘေ့စ်ဘော စတင် ကစားသည်။ ၁၉၁၈ အသက် ၁၆ တွင်၊ ဘာရင်းဂျား အထက်တန်းကျောင်း (Barringer High School)မှ ကျောင်းထွက်လက်မှတ် ရသည်။ အထက်တန်း တက်နေစဉ်၊ ၁၉၁၈ ခုနှစ်အတွက် တမြို့လုံးမှ အကောင်းဆုံး အတော်ဆုံး ကစားသမားများအတွက် လူ ကိုးဦးပါ အိပ်မက်အသင်း (dream team)ကို နီဝါ့ခ်စတား အီးဂဲ (Newark Star-Eagle) ကရွေးချယ်ရာ ဘတ်ကို အသင်း၏ တတိယ အမာခံလူအဖြစ် အမည် သွင်းကြသည်။ ဘာရင်းဂျားသည် သူ့ဘဝတွင် တက်ခဲ့သမျှ ကျောင်းများတွင် ပထမဆုံး ဖြစ်ကာ၊ သူ ကိုးကွယ်ရာ ဘာသာကြောင့် ပုံမှန်အဖြစ် မနေခဲ့ရချေ။ အခြား ကျောင်းသား အများစုမှာ အရှေ့ခြမ်းမှ အီတလီ ကက်သလစ် မဟုတ်လျှင် ဖောရက်စ် ဟီးမှ ပရိုတက် စတင့် များ ဖြစ်ပြီး၊ ဘားနတ် လိုချင်သကဲ့သို့ ဂျူးများစွာ မရှိခဲ့ချေ။

ဘာရင်းဂျားမှ ကျောင်းထွက်ပြီးနောက်၊ နယူးယောက်တက္ကသိုလ် (NYU)တွင် စာရင်းသွင်း တက်‌ရောက်သည်။ ၎င်း၌ စာသင်နှစ် ၂ ခုစာကို အချိန်ဖြုန်းခဲ့ပြီး၊ ဘေ့စ်ဘောနှင့် ဘတ်စကက်ဘောလည်း ကစားသည်။ ၁၉၁၉ တွင် ပရင့်စတန်တက္ကသိုလ်သို့ ပြောင်းရွှေ့ပြီး‌၊ NYU တွင် တနှစ် တက်ခဲ့ကြောင်း တလုံးတပါဒပင် ဖွင့် မပြောဘဲ၊ ပရင့်စတန် လူအဖြစ် အမြဲ ခံယူလိုက်သည်။[၆] ခေတ်ပေါ်ဘာသာစကားတွင် B.A. magna cum laude ဘွဲ့ကို ရရှိသည်။ လက်တင်၊ ဂရိ၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ ဂျာမန်နှင့် သက္ကတဘာသာဟူသော ဘာသာစကား ခုနစ်မျိုးကို ဘာသာဗေဒပညာရှင် ဟာရိုး အိတ်ချ် ဘင်ဒါနှင့် အတူ တွဲဖက်၍ လေ့လာ သင်ယူခဲ့သည်။[၇] ပထမနှစ်တွင် အမြဲနိုင်သော အသင်းတွင် ပထမ ဘေ့စ် (:en:first base)တွင် ကစားသည်။ ဒုတိယနှစ် အစတွင်၊ ရှော့စတော့ (en:shortstop)အဖြစ် ကစားသည်။ အရိုက်ကောင်းသူ မဟုတ်သည့် အပြင် ကွင်းအတွင်း ပြေးရာ၌လည်း နှေးသော်လည်း၊ သန်မာ၍ လျင်မြန်သော လက်မောင်း ရှိပြီး ဘေ့စ်ဘော အားသာချက်ဟူ၍ပင် မြင်ရသည်။ သူ၏ စီနီယာ ရာသီတွင်၊ အသင်း ခေါင်းဆောင် ဖြစ်ပြီး၊ ပျမ်းမျှ ဘက်ရိုက် .337 ရှိကာ၊ ပရင့်စတန်၏ ပြိုင်ဘက်များ ဖြစ်သော ဟားဗတ်နှင့် ယေးလ် အသင်းတို့ကို .611 ရိုက်နိုင်ခဲ့သည်။[၈]

၂၆ ဇွန် ၁၉၂၃ တွင်၊ ယေးလ်သည် ပရင့်စတန်ကို ၅-၁ ဖြင့် ယန်းကီးကွင်းတွင် ရှုံးကာ သုံးကြီးဆု (Big Three title)ကို လက်လွှတ်ခဲ့ရသည်။ ထိုပွဲတွင် ဘတ်သည် ရှော့စတော့တွင် ပြောင်မြောက်သော ကစားမှုကို ပြုနိုင်ခဲ့ခြင်း၊ ဆင်ဂယ် တခု၊ နှစ်ယောက်တွဲ တခုဖြင့် ရိုက်နေစဉ် ၄ ချက်တွင် ၂ ချက် (2-4) ထိနိုင်ခဲ့ခြင်းတို့ကြောင့် ထူးခြားသော နေ့တနေ့ ဖြစ်ခဲ့သည်။ နယူးယောက် လူသန်ကြီးများ (New York Giants)နှင့် ဘရွတ်ကလင် ရိုဘင် (Brooklyn Robins) အသင်းတို့က ဤ ဂျူးသွေးပါသူကို သူတို့ အသင်းတွင် ပါစေလိုရာ၊ နယူးယောက်ရှိ ဂျူးအဖွဲ့အစည်းသို့ ဆန္ဒပြုလွှာ ပေးပြီး၊ ဘတ်ကို စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်။ လူသန်ကြီးများ အသင်းက သူ့ကို အထူးစိတ်ဝင်စားသော်လည်း၊ သူတို့တွင် ရှော့စတော့၌ ကစားမည့် အနာဂတ် ကြယ်ပွင့်လောင်း (Hall of Famers)ဒေ့ဗ် ဗျူးတီး ဘန်းကရော့ဖ် (Dave "Beauty" Bancroft)နှင့် ထရာဗစ် ဂျက်ဆင် (Travis Jackson) နှစ်ဦး ရှိပြီးသား ဖြစ်သည်။ ရိုဘင်မှာ သာမည အသင်း ဖြစ်ပြီး၊ ကစားခွင့်ရရန် အလားအလာ ပိုကောင်းသည်။ ၂၇ ဇွန် ၁၉၂၃ တွင်၊ ဘတ်သည် ရိုဘင်နှင့် ဒေါ်လာ ၅၀၀၀ ‌တန် သူ၏ ပထမဆုံးသော လိဂ် အသင်းစာချုပ်တွင် လက်မှတ် ထိုးလိုက်သည်။[၉]

မေဂျာလိဂ်ဘဝ ပြင်ဆင်ရန်

အစောပိုင်း အလုပ် (၁၉၂၃-၁၉၂၅) ပြင်ဆင်ရန်

ဘတ်၏ ရိုဘင်အသင်းနှင့် ပထမဆုံးသော ကစားပွဲသည် ဘေကာဘောင်းကွင်း(Baker Bowl) မှာ ဖီလာဒဲဖီးယား ဖီးလီးအသင်း (Philadelphia Phillies) နှင့် ၂၇ ဇွန် ၁၉၂၃ တွင် စတင်သည်။ ရှော့စတော့တွင် အိုင်ဗီ အိုလ်ဆင်အစား ဝင်ကစားရာ၊ ရိုဘင်အသင်းသည် ၁၃-၄ ဖြင့် အနိုင်ရသည်။ အခွင့်အရေး ငါးခုကို အမှားအယွင်း မရှိဘဲ ကိုင်တွယ်နိုင်ခဲ့ပြီး၊ စရိုက်တွင် နှစ်ခါထိ ရကာ၊ ကလားရင့် မစ်ချယ်နှင့် အလယ်တွင် တွေ့ကာ အပြေး တခေါက်(‌a run) ရခဲ့သည်။[၁၀][၁၁] ဤရာသီအတွက် ဘတ်သည် .၁၈၇ မှတ် ဘက်ရိုက်ခဲ့ပြီး၊ သူ၏ အမျိုးသားလိဂ် အတွေ့အကြုံအဖြစ်၊ ဂိမ်း ၄၇ ပွဲတွင် အမှား ၂၁ ခု လုပ်ခဲ့သည်။[၁၂]

ဘေ့‌စ်ဘောရာသီ ကုန်ဆုံးသော်၊ ဘတ်သည် ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ်၊ နယူးယောက်မှ ပဲရစ်သို့ ရွက်လွှင့်သွားသည်။ ပဲရစ်တက္ကသိုလ် ဆောဘွန်း (Sorbonne)ကို စီးမြင်ရသော တိုက်ခန်း တခန်းတွင်၊ လက်တင်ရပ်ကွက်၌ အခြေချ နေကာ၊ အမျိုးမျိုးသော သင်တန်းပေါင်း ၃၂ ခုအတွက် စာရင်းသွင်းခဲ့သည်။[၁၃] ပဲရစ်တွင် သူ့ ကျန်သည့် ဘဝတလျှောက်လုံး ပါလာသည့် အကျင့်တခု စွဲကပ်လာသည်။ ၎င်းမှာ သတင်းစာပေါင်း မြောက်မြားစွာကို နေ့စဉ် ဖတ်ခြင်း ဖြစ်သည်။[၁၄] ဘတ်သည် သတင်းစာ တစောင်ကို မဖတ်ရမီအထိ၊ ထိုသတင်းစာသည် "အသက်ဝင်နေသည်"ဟု ယူဆပြီး၊ မည်သူကိုမျှ ထိခွင့် မပေးချေ။ သူ ဖတ်၍ ပြီးသွားသောအခါ၊ ထိုသတင်းစာကို "သေပြီ"ဟု ယူဆသဖြင့် မည်သူမဆို ဖတ်နိုင်သည်။[၁၅] ဇန်နဝါရီ ၁၉၂၄ တွင် နယူးယောက်သို့ ပြန်ပြီး နောက် ဘေ့စ်ဘောရာသီအတွက် သူ့ကိုယ်သူ ပုံသွင်းရမည့်အစား၊ ဘတ်သည် အီတလီနှင့် ဆွစ်ဇာလန်သို့ ခရီးထွက်သည်။[၁၄]

ဖလော်ရီဒါ၊ ကလီးယားဝါးတားမြို့ရှိ ရိုဘင်ကွင်း၌ နွေရာသီ စခန်းသွင်း လေ့ကျင့်ကြစဉ်၊ ဘတ်၏ အရိုက် တိုးတက်မှု မရှိသည်ကို တွေ့သော မန်နေဂျာ ဝီဘာ့ ရိုဘင်ဆင် (Wilbert Robinson)သည် ဘတ်ကို မိုင်နာလိဂ် ဖြစ်သော အမေရိကန် အသင်းအဖွဲ့၏ မင်နိပလိ မီးလားသို့ ပို့ရန် ရွေးချယ်လိုက်သည်။ ဘတ်သည် အဆင့်ချခံရခြင်းကို ကောင်းစွာ လက်မခံဘဲ ဘေ့စ်ဘောက နုတ်ထွက်မည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း၊ မေလလယ် ရောက်သော် မီးလားသို့ သွားရောက် သတင်းပို့သည်။ မီးလားအသင်း၏ ပုံမှန် တတိယ ဘေ့စ်ခံလူ ဖြစ်လာသည်နှင့် ဘတ်သည် ကောင်းကောင်း အစွမ်းပြကာ၊ .၃၃၀ မှတ် ထိ ရိုက်နိုင်သော်လည်း၊ ဇူလိုင်တွင် သူ၏ ပျမ်းမျှအမှတ်သည် ရုတ်တရက် ထိုးဆင်းကာ အရံခုံတွင် ထိုင်နေရသည်။ ၁၉ ဩဂုတ် ၁၉၂၄ တွင် ဒဏ်ရာဗရပွနှင့် စုတ်ချာသော အသင်း ဖြစ်သည့် တိုးလဒို မတ် ဟင်း (Toledo Mud Hens) သို့ ဘတ်ကို အငှားချသည်။ ညံ့ဖျင်းသော ကစားမှုအတွက် ဒဏ်ငွေ ဒေါ်လာ ၁၀ ကို ပေးဆောင်ရန် ငြင်းပယ်သော ရဘစ် ဟယ်ဂက်သည် ကွင်းအတွင်းမှ အထုတ်ခံရသောအခါ၊ ဘတ်သည် ချက်ချင်း ရှော့စတော့၌ အုပ်စုထဲ အထည့်ခံရသည်။ မေဂျာလိဂ် စကောက် ဖြစ်သော မိုက် ဂွန်ဇာလက် (Mike González) က ဒေါ့ဂျာ (Dodgers) သို့ ကြေးနန်းပို့ကာ၊ ဘတ်သည် ကွင်းကောင်းသော်လည်း မထိရဟု ဝေဖန်လိုက်သည်။ ဘတ်သည် ထိုရာသီကို ပျမ်းမျှအမှတ် .၂၆၄ ဖြင့် အဆုံးသတ်သွားသည်။

၁၉၂၅ ဧပြီအရောက်တွင်၊ သူသည် နိုင်ငံတကာလိဂ်၏ ရက်ဒင်းကီးစတုန်း (Reading Keystones)နှင့် ရိုက်သူအဖြစ် ကစားမည်ဟု စတင်ကတိပြုသည်။ သူသည် ဘက်ရိုက် ပျမ်းမျှ .၃၁၁ မှတ် နှင့် ရိုက်ပြေး ၁၂၄ ခေါက် ရထား၍ ရှီကာဂို ဝှိုက်ဆော့အသင်း (Chicago White Sox)က သူ့ကို ဒေါ်လာ ၆,၀၀၀ ပေးပြီး ရက်ဒင်းအသင်းနှင့် ရွေးချယ်မှု ပြုကာ၊ နောက်နှစ်တွင် လိဂ်အသင်းကြီးသို့ ရွှေ့ခဲ့သည်။[၁၆]

ကွယ်လွန် ပြင်ဆင်ရန်

မိုးဘတ်သည် အသက် ၇၀၊ ၂၉ မေ ၁၉၇၂ တွင် အိမ်၌ လဲကျစဉ် ထိခိုက်သော ဒဏ်ရာများမှ ကွယ်လွန်သည်။ သူသေသော ဆေးရုံဖြစ်သော နယူးဂျာစီ၊ ဘယ်လဗီးက သူနာပြု တဦးက သူ၏ နောက်ဆုံးစကားမှာ "ဒီနေ့ မက်အသင်း ဘယ်လို ဖြစ်သွားလဲ"ဟု ပြောသည်ဟု ဆိုသည်။[၁၇] (အနိုင်ရရှိသည်)[၁၈] သူ့ ရုပ်ကလာပ်ကို သင်္ဂြိုဟ်ပြီး၊ အရိုးပြာကို အစ္စရေးရှိ မောင့်စကိုပတ်တောင်ပေါ်၌ ကြဲသည်။[၁၉]

ကိုးကား ပြင်ဆင်ရန်

  1. Dawidoff, p. 17
  2. Berger၊ Ralph။ Moe BergThe Baseball Biography Project။ The Society for American Baseball Research။ March 11, 2007 တွင် ပြန်စစ်ပြီး။
  3. Dawidoff, pp. 15–16.
  4. "Buy Moe Berg Baseball Cards"www.deanscards.com.
  5. Dawidoff, pp. 20–22.
  6. Dawidoff, p. 29
  7. Dawidoff, pp. 30–31
  8. Dawidoff, pp. 32–34
  9. Dawidoff, pp. 36–37
  10. Dawidoff, pp. 39–40
  11. Brooklyn Robins 15, Philadelphia Phillies 5။ retrosheet.org။ August 6, 2014 တွင် ပြန်စစ်ပြီး။
  12. Moe Berg StatisticsBaseball-Reference.com။ March 11, 2007 တွင် ပြန်စစ်ပြီး။
  13. Dawidoff, pp. 42–43
  14. ၁၄.၀ ၁၄.၁ Dawidoff, p. 46.
  15. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named SABR2
  16. Dawidoff, pp. 51–52
  17. Moe Berg။ The Baseball Reliquary Inc.။ December 5, 2008 တွင် ပြန်စစ်ပြီး။
  18. Events of Monday, May 29, 1972။ retrosheet.org။ March 12, 2007 တွင် ပြန်စစ်ပြီး။
  19. Dawidoff, pp. 329–30.