မိုးယွန်းကြီးအင်း သည် စစ်တောင်း နှင့် ပဲခူးမြစ်တို့ကို ဆက်သွယ်ထားသည့် တူးမြောင်းသို့ ရေ ဖြည့်ဆည်းပေးနိုင်ရန် ၁၉၀၄ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ရေလှောင်တမံ ဖြစ်သည်။

မိုးယွန်းကြီးအင်း
မိုးယွန်းကြီးအင်း
မိုးယွန်းကြီးအင်း
မိုးယွန်းကြီးအင်း
တည်နေရာပဲခူးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ
ကိုဩဒိနိတ်17°34′44″N 96°35′39″E / 17.57889°N 96.59417°E / 17.57889; 96.59417
အမျိုးအစားreservoir
တည်ဆောက်ခြင်း၁၉၇၈ (၁၉၇၈)

တည်နေရာ ပြင်ဆင်ရန်

မြောက်လတ္တီတွဒ်၁၇°၃၂'၊ အရှေ့လောင်ဂျီတွဒ် ၉၆°၃၆'၊ ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်း ပဲခူးတိုင်းဒေသကြီးတွင်တည်ရှိသည်။ ရန်ကုန်-မန္တလေးမော်တော်ကားလမ်းအတိုင်း ၆၉ မိုင်ခန့်အကွာ ပျဉ်ပုံကြီးရွာအလွန်မှ အရှေ့ဘက်သို့ ၆ ဖာလုံခန့် ဝင်ရောက်လျှင် အင်းသို့ ရောက်သည်။ ၁၈၇၃ ခုက ဘုံဘေဘားမားကုမ္ပဏီက စစ်တောင်းမြစ်နှင့် ပဲခူးမြစ်တို့ကို ဆက်သွယ်ကာ ပဲခူးစစ်တောင်းတူးမြောင်း ဖောက်လုပ်စဉ် တူးမြောင်းနှင့် ဆက်နွယ်နေသည့် ရေလှောင်ကန်ကြီးကို တူးဖော်သည်။ စတုရန်းမိုင် ၄၀ (ဧရိယာ ၂၅၆၀၀ ဧက) ရှိပြီး ကာလကြာမြင့်သောအခါ သဘာဝအင်းကြီးအဖြစ် ပြောင်းလဲလာသည်။ [၁]၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၀၃.၆ စတုရန်းကီလိုမီတာ (၄၀ စတုရန်းမိုင်) ကျယ်ဝန်းသည်။

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၈၀။