မီဒီယာကော်နာဆိုသည်မှာ အများပြည်သူများ လှုပ်ရှားသွားလာနေရင်းမှ စာအုပ်များ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများ၊ စီဒီများ လွယ်လင့်တကူဝယ်ယူနိုင်ရန် စီစဉ်ပေးထားသော အရောင်းဆိုင်ငယ်များဖြစ်သည်။ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့၏ ကူညီပံ့ပိုးမှုဖြင့် မီဒီယာကော်နာဆိုင်ခန်းများကို ဖွင့်လှစ်နိုင်ရန် စီစဉ်ခဲ့သည်။ မီဒီယာကော်နာဆိုင်ခန်း ဖွင့်လှစ်လိုသူများထံမှ လျှောက်လွှာများ ခေါ်ယူခဲ့ပြီး တင်သွင်းလာသော တင်ဒါအဆိုပြုလွှာများကို မီဒီယာကော်နာစီမံကြီးကြပ်ရေးကော်မတီက စိစစ်လက်ခံခဲ့သည်။ ဆိုင်ခန်းအတွက် သင့်တင့်သော ကျသင့်ငွေကို ဆိုင်ခန်း ငှားရမ်းသူများအားပေးသွင်းစေပြီးမြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့က တာဝန်ယူဆောက်လုပ်သည်။ မီဒီယာကော်နာဆိုင်များ၏ ထူးခြားချက်မှာ စာအုပ်၊ စာစောင်၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် သတင်းစာအပါအဝင် မီဒီယာနှင့် သက်ဆိုင်သည်များကို ဦးစားပေးရောင်းချရန်သာဖြစ်ပြီး စီးကရက်၊ အရက်နှင့် စားသောက်ကုန်များကို ရောင်းချခြင်း မပြုရန် တားမြစ်ထားသည်။

ကိုးကား ပြင်ဆင်ရန်

မေလ ၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာ၏ စာမျက်နှာ ၆ ပါ တက္ကသိုလ် သင်္ခ၏ စာချစ်သူများအတွက် မီဒီယာကော်နာ