မီလတန်၊ အိုဘိုတေ
အာဖရိကတိုက် အရှေ့ပိုင်းတွင် တည်ရှိသော ယူဂန်းဒါးနိုင်ငံ၏ သမ္မတဖြစ်သူ မီလတန်အိုဘိုတေကို ၁၉၂၄ ခုနှစ်တွင်မွေးဖွားသည်။ အိုဘိုတေသည် အာဖရိကတိုက်မှ နာမည်ကျော် အမျိုးသား ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ ကင်ညာနိုင်ငံ အာဖရိကလူမျိုးများ သမဂ္ဂနှင့် ယူဂန်းဒါးနိုင်ငံ အမျိုးသားအဖွဲ့ချုပ်ခေါင်းဆောင်ဖြစ်သည်။
Apollo Milton Obote | |
---|---|
2nd President of Uganda | |
တာဝန်သက်တမ်း ၁၅ April ၁၉၆၆ – ၂၅ January ၁၉၇၁ | |
ယခင်လူ | Mutesa II of Buganda |
ဆက်ခံသူ | Idi Amin |
တာဝန်သက်တမ်း ၁၇ December ၁၉၈၀ – ၂၇ July ၁၉၈၅ | |
ယခင်လူ | Presidential Commission of Uganda |
ဆက်ခံသူ | Bazilio Olara-Okello |
2nd Prime Minister of Uganda 1st Executive Prime Minister | |
တာဝန်သက်တမ်း ၃၀ April ၁၉၆၂ – ၁၅ April ၁၉၆၆ | |
ယခင်လူ | Benedicto Kiwanuka (non-executive) |
ဆက်ခံသူ | None (post abolished) |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | Apac District, Uganda | ၂၈ ဒီဇင်ဘာ၊ ၁၉၂၅
ကွယ်လွန် | ၁၀ အောက်တိုဘာ၊ ၂၀၀၅ Johannesburg, South Africa | (အသက် ၇၉)
နိုင်ငံရေးပါတီ | Uganda People's Congress |
ကြင်ဖော်(များ) | Miria Obote |
သားသမီး | ၅ |
၁၉၅ဝ-၅၅ ခုနှစ်အထိ ကင်ညာနိုင်ငံ၌ နေထိုင်ကာ ကာယလုပ်သားအဖြစ်လည်းကောင်း၊ ဉာဏလုပ်သား အဖြစ်လည်းကောင်း အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။
၁၉၅၇ ခုနှစ်တွင် ယူဂန်းဒါးနိုင်ငံလွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရသည်။ ၁၉၆၁-၆၂ ခုနှစ်တွင် အစိုးရ အတိုက်အခံပါတီများ၏ ဗခါင်းဆောင်အဖြစ် လည်းကောင်း၊ ၁၉၆၂-၁၉၆၆ ခုနှစ်တွင် ယူဂန်းဒါးနိုင်ငံ ဝန်ကြီးချုပ်အဖြစ် လည်းကောင်း၊ ၁၉၆၆-၁၉၇၇ ခုနှစ်တွင် ယူဂန်းဒါးနိုင်ငံ သမ္မတအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
ယူဂန်းဒါးနိုင်ငံ၏ အစိုးရအာဏာများကို အိုင်ဒီအာမင်က သိမ်းယူလိုက်သောအခါ အိုဘိုတေသည် တန်ဇားနီးယား နိုင်ငံတွင်းသို့ ဝင်ရောက်၍ နိုင်ငံရေး ခိုလှုံခဲ့သည်။ ၁၉၈ဝ ပြည့်နှစ်တွင် သမ္မတအိုင်ဒီအာမင်ထံမှ သမ္မတဂေါဖရေဘဗီ နေဆာက သမ္မတအာဏာများကို သိမ်းယူခဲ့သည်။ သို့သော် နိုင်ငံရေးမတည်မငြိမ်မှုနှင့် အိမ်နီးချင်းနိုင်ငံများ ကျူးကျော် ဝင်ရောက် တိုက်ခိုင်နိုင်မှုများကြောင့် ယူဂန်းဒါးနိုင်ငံသား များက တန်ဇားနီးယားနိုင်ငံ၌ နိုင်ငံရေးခိုလှုံနေသူ အိုဘိုတေ အား ပြန်လည်ခေါ်ယူ၍ ယူဂန်းဒါးနိုင်ငံသမ္မတအဖြစ် ပြန်လည် တင်မြှောက်ခဲ့လေသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)