မီအိကို ကာဝါကာမိသည် ၁၉၇၆ခုနှစ် ဩဂုတ်၂၉၌ အိုဆာကာတွင် မွေးဖွားခဲ့ပြီး ၂၀၀၆ခုနှစ်တွင် ကဗျာဆရာမ အဖြစ် စာပေလောကထဲ ဝင်ရောက်လာသည်။ ပထမဆုံး ဝတ္ထုလတ်ဖြစ်သည့် “My Ego, My Teeth, and the World” ကို ၂၀၀၇တွင် ထုတ်ဝေခဲ့သည်။ သူမ၏ ကဗျာဆန်တဲ့ အရေးအသားများ၊ မိန်းမ ခန္ဓာကိုယ်အပေါ် ထိုးထွင်းသိမြင်မှုများ၊ ကျင့်ဝတ်ဆိုင်ရာ မေးခွန်းများနှင့် ခေတ်သစ် လူ့အဖွဲ့အစည်း၏ အကျပ်ရိုက်ခြင်းများနှင့် ထင်ရှားသည်။

မီအိကို ကာဝါကာမိ

သူမ၏စာပေလက်ရာများကို နိုင်ငံအများသို့ ဘာသာပြန်ထားခြင်း ခံရပြီးဂျပန်ပြည်တွင်း စာပေဆုများ ဖြစ်သည့် အကုတဂဝဆု၊ တန်ဇာကိဆုနှင့်  မူရာဆာကိ ရှီကိဘူဆု စသည်ဖြင့် ရရှိထားသည်။

မီအိကို ကာဝါကာမိသည် အဆိုတော်မဖြစ်ခင်က ဘားမယ်၊ စာအုပ်ဆိုင်စာရေးအဖြစ်တို့နှင့် အသက်မွေးခဲ့သည်။ အဆိုတော်အဖြစ်နှင့် သီချင်းခွေ သုံးခွေ ထွက်ရှိခဲ့ပြီး ၂၀၀၆ခုနှစ်တွင် စာရေးသားခြင်းကို အာရုံစိုက်ရန် အဆိုတော်ဘဝကို စွန့်လွှတ်ခဲ့သည်။

အကုတဂဝစာပေဆုကို ၂၀၀၈ခုနှစ်တွင် Chichi to ran နှင့် မဆွတ်ခူးခင်က မီအိကို ကာဝါကာမိအနေနှင့် ဘလော့ဂါ အဖြစ် ရပ်တည်ခဲ့ပြီး သူမဘလော့ပေါက်နေသည့် အချိန်တွင် တစ်ရက်လျှင်  လူ၂၀၀,၀၀၀ခန့် ဝင်ရောက် ကြည့်ရှိခဲ့ကြသည်။

မီအိကို ကာဝါကာမိ၏ ပထမဆုံး လုံးချင်းဝတ္ထုဖြစ်သည့် Heaven သည် ၂၀၁၀တွင် မူရာဆာကိ ရှီကိဘူဆု ရရှိခဲ့သည်။

၂၀၁၆ခုနှစ်တွင် ဂရန်တာ၏ ၂၀၁၆ ဂျပန်လူငယ် စာရေးဆရာများစာရင်းတွင် ရွေးချယ်ခြင်း ခံရသည်။

၂၀၁၅ကနေ ၂၀၁၇ကာလများအတွင်း ဟာရူကီ မူရာကာမိကို အင်တာဗျူး အစီအစဉ်များ ပြုလုပ်ခဲ့သည်။ သူ့ဝတ္ထုများတွင် ပါဝင်သည့် အမျိုးသမီး ဇာတ်ကောင်များနှင့် ဇာတ်ကောင်များ၏ လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုများကို အခုတ်တရ မေးမြန်းခဲ့သည်။ ယင်းအင်တာဗျူးများကို တည်းဖြတ်ပြီး Haruki Murakami: A Long, Long Interview ခေါင်းစဉ်နှင့် ၂၀၁၇ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

၂၀၁၈ခုနှစ်တွင် မီအိကို ကာဝါကာမိ၏ Ms.Ice Sandwichသည် ဂရန်းပရီစာပေအဖွဲ့အစည်း၏ shortlistတွင် ပါဝင်ခဲ့သည်။

၂၀၁၉ခုနှစ်တွင် Chichi to ranကို အကျယ်ချဲ့ပြီး  Natsu monogatariအဖြစ် ရေးသားခဲ့သည်။  ၂၀၂၀ခုနှစ်တွင် ထိုစာအုပ်ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပြီး Breast and Eggs ခေါင်းစဉ်နှင့် ထုတ်ဝေခဲ့သည်။

၂၀၂၂ခုနှစ် မေလတွင် All the Lovers in the Night (Subete mayonaka no koibito tachi)ကို အင်္ဂလိပ်ဘာသာအဖြစ် ထုတ်ဝေခဲ့သည်။

ယခုအခါတွင် တိုကျိုတွင် နေထိုင်လျက်ရှိသည်။