မီးဆယမ် (Mee siam) ဆိုသည်မှာ ထိုင်းခေါက်ဆွဲဟု မလေးဘာသာဖြင့် အဓိပ္ပာယ်ရပြီး ကြာဇံအမျှင်သေးသေးကလေးများဖြင့် ချက်ပြုတ်ထားသော ဟင်းလျာ ဖြစ်သည်။ ပင်လယ်ပိုင်း အရှေ့တောင်အာရှ နိုင်ငံများမှ အစပြုပြီး စင်ကာပူနိုင်ငံ နှင့် မလေးရှားနိုင်ငံတို့တွင် လူကြိုက်များသည်။ မလေးလူမျိုး အသိုင်းအဝိုင်း သို့မဟုတ် ပရာနကန် လူမျိုး အသိုင်းအဝိုင်းမှ စတင်သည်ဟု ပြောကြသည်။ အမည်အတိုင်းပင် ထိုင်းအရသာကို မှီ၍ ထိုအရသာကို ယူထားခြင်း ဖြစ်သည်။

Mee siam
ဖိုင်:MeeSiam.jpg
ကြက်ဥနှင့် ဆမ်ဘယ်အချဉ်ပါသော မီးဆယမ် တစ်ပွဲ
အမျိုးအစားခေါက်ဆွဲ
အဓိကသုံးဆောင်မှုနေ့လယ်စာ နှင့် ညစာ
မူရင်းနိုင်ငံအရှေ့တောင်အာရှ
ဒေသပင်လယ်ပိုင်း အရှေ့တောင်အာရှ
ဆက်နွယ်သောအမျိုးသားအစားအစာမလေးရှား, စင်ကာပူ
အဓိက ပါဝင်ပစ္စည်းဆန်ခေါက်ဆွဲ (ကြာဇံ)၊ ဟင်းရည်ကျဲ
Cookbook: Mee siam  Media: Mee siam

စင်ကာပူတွင် ၎င်းကို ချိုချဉ်စပ် ဟင်းရည်ကျဲဖြင့် တည်ခင်းလေ့ ရှိသည်။ ထိုဟင်းရည်ကျဲအား ရမ်ပါးဟင်းခပ်အမွေးအကြိုင် အရည်၊ မန်းကျည်းသီး နှင့် တောချီယို (ပဲပြားအငံ) တို့ဖြင့် ချက်ပြုတ်လေ့ ရှိသည်။ မီးဆယမ်အား ပါးပါးလှီးထားသော ကြက်ဥကြော်၊ ကြက်သွန်မြိတ်၊ ပဲပင်ပေါက်၊ ကြက်သွန်ဖြူ နှင့် သံပရာခြမ်းတို့ဖြင့် တွဲဖက် စားသုံးလေ့ ရှိသည်။ မလေးရှားတွင် အခြောက် ချက်ပြုတ်ထားသော ပုံစံကို ပိုတွေ့ရသည်။ ၎င်းမှာ စင်ကာပူတွင် တွေ့ရသော မီးဆယမ်တွင် ပါဝင်သော ဟင်းချက်စရာများ အတိုင်း ကြာဇံကို အခြောက်ကြော်ထားခြင်း ဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. Mee Siam (Spicy Rice Vermicelli) Recipe - Easy Delicious Recipes (30 December 2008)။ 9 June 2016 တွင် ပြန်စစ်ပြီး။