မီးပွိုင့်များသည် လမ်းဆုံများ ၊ လူကူးမျဉ်းကျားများ နှင့် ယာဉ်အသွားအလာများသောနေရာများတွင် ယာဉ်တိုက်မှုအန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်ကြောစီးဆင်းမှုကို ထိန်းချုပ်ရန် အတွက် အသုံးပြုသော အချက်ပြမီးဖြစ်သည်။[၁]

ယူနိုက်တက်ကင်းဒမ်းရှိလမ်းဆုံမီးပွိုင့်

မီးပွိုင့်များတွင် ပုံမှန်အားဖြင့် အချက်ပြသုံးမျိုးပါရှိပြီး လမ်းအသုံးပြုသူများအား အဓိပ္ပာယ်ရှိသော အချက်အလက်များကို အရောင်များ၊ မြားနှင့် စက်ဘီးပုံများ ပါဝင်သော သင်္ကေတများဖြင့် ထုတ်လွှင့်သည်။ ပုံမှန်မီးပွိုင့်တစ်ခုတွင် ပါဝင်သော အရောင်များမှာ အနီ၊ အဝါနှင့် အစိမ်းရောင်တို့ဖြစ်ပြီး အလျားလိုက် သို့မဟုတ် ဒေါင်လိုက် တပ်ဆင်ထားသည်။ ယင်းသည် နိုင်ငံတကာ စံဖြစ်သော်လည်း[၂] အချို့သော နိုင်ငံများနှင့် ဒေသများတွင် မီးပွိုင့်အစီအစဉ်များနှင့် ဥပဒေကြောင်းအရ မူကွဲများလည်း ရှိသည်။

မီးပွိုင့်စနစ်ကို ယဉ်ကြောထိန်းသိမ်းရာတွင် ယဉ်ထိန်းအရာရှိများလိုအပ်ချက်ကို လျော့ချရန် ရည်ရွယ်၍ လန်ဒန်မြို့ လွှတ်တော်ရင်ပြင်တွင် ၁၈၆၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်အသုံးပြုခဲ့သည်။[၃] ထိုအချိန်မှစကာ မီးပွိုင့်နည်းပညာသည် လျှပ်စစ်စနစ်နှင့် ကွန်ပျူတာထိန်းချုပ်စနစ်များဖြင့် တိုးတက်လာခဲ့သည်။[၄] မီးပွိုင့်စနစ်ကို လူသွားလူလာ ထိန်းကြောင်းရန်နှင့် ယာဉ်ကြောစနစ်များ ထိန်းသိမ်းရန်နှင့် ရထားလမ်းဖြတ်သန်းမှုများကို ထိန်းသိမ်းရန်အတွက်လည်း မီးပွိုင့်စနစ်ကို အသုံးပြုသည်။

ကိုးကား ပြင်ဆင်ရန်

  1. "The Origins and Globalization of Traffic Control Signals" (March 1999). Journal of Urban History 25 (3): 379–404. doi:10.1177/009614429902500304. 
  2. Convention on Road Signs and Signals of 1968 ; European Agreement Supplementing the Convention ; and, Protocol on Road Markings, Additional to the European Agreement : (2006 consolidated versions)။ New York: United Nations. Economic Commission for Europe. Transport Division။ 2007။ ISBN 978-92-1-139128-2OCLC 227191711
  3. Thames Leisure။ 12 Amazing Facts About London။ 7 January 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 January 2017 တွင် ပြန်စစ်ပြီး။
  4. Sessions (1971), p. 141.