မီးမီးခဲသည် မြန်မာအမျိုးသမီးအဆိုတော် ဖြစ်သည်။

ဘဝဖြစ်စဉ် ပြင်ဆင်ရန်

၂၀၂၀ ဇန်နဝါရီ ၁၁ ရက်နေ့က သူမ၏ ပထမဆုံး Solo Show ဖြစ်သော Back to You ကို ပြုလုပ်ခဲ့သည်။ ကရင်ခရစ်ယာန်ဖြစ်ပြီး ဖခင်ဖြစ်သူ စောဘွဲ့ မှူးသည် အောင်မြင်သောတေးရေးဆရာနဲ့ လိဒ်ဂစ်တာသမားတစ်ဦးဖြစ်ပြီး အမဖြစ်သူ ကဗျာဘွဲ့ မှူးသည်လည်း နာမည်ကျော် အဆိုတော် တစ်ဦးဖြစ်သည်။ အဆိုတော်ထူးအယ်လင်းနဲ့ အိမ်ထောင်ကျခဲ့ပြီး သမီး(၁)ယောက်ထွန်းကားခဲ့သော်လည်း နောက်ပိုင်းတွင်လမ်းခွဲခဲ့သည်။ Australia နိုင်ငံသား ကရင်လူမျိုးနဲ့ ထပ်မံအိမ်ထောင်ပြုခဲ့ပြီး သမီး(၁)ယောက်နဲ့သား(၁)ယောက် ထွန်းကားခဲ့သည်။ အချစ်ကိုသိချိန်သီချင်းမှာ မီးမီးခဲကိုလူသိများစေခဲ့သော သီချင်းဖြစ်သည်။

အယ်လဘမ်များ ပြင်ဆင်ရန်

နိဂုံး ပြင်ဆင်ရန်

အောက်တိုဘာ ၁၆၊ ၂၀၂၀(2020-10-16) သောကြာနေ့ ဒေသစံတော်ချိန် ည ၉ နာခွဲတွင် ဩစတြေးလျ၌ ရင်သားကင်ဆာရောဂါဖြင့် ကွယ်လွန်သည်။ ကွယ်လွန်ချိန် အသက် ၃၇ နှစ် ဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်