မီးသတ်ဦးစီးဌာန(အင်္ဂလိပ်: Fire Service Department) သည် ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

မီးသတ်ဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၃ ဖေဖော်ဝါရီ ၁၉၄၇ (မီးသတ်ဌာန)
ယခင်အဖွဲ့အစည်းမီးသတ်ဌာန
ဌာနချုပ်အုတ်ပုံဆိပ်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
ဝန်ကြီးများဒုတိယဗိုလ်ချုပ်ကြီးရာပြည့်
ဌာနအကြီးအမှူးများဦးမြတ်သူ၊ ညွှန်ကြားရေးမှူးချုပ်
မိခင်အဖွဲ့အစည်းပြည်ထဲရေး ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်fsd.gov.mm

သမိုင်းကြောင်း

ပြင်ဆင်ရန်
 
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မီးသတ်သုတေသနနှင့် မီးဘေးလုံခြုံရေး အသိပညာပေးရေးဌာန

သမိုင်းမှတ်တမ်းများအရ ပုဂံခေတ်တွင် မီးကပ်တပ်သား (၆၆၃)ဦး (သောသောညံ ပုဂံမီးဆော်မောင်း) ခန့်ထားပြီး ပုဂံနေပြည်တော်၏ မီးဘေး ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ရှေးခေတ် မြန်မာမင်းအဆက်ဆက် လက်ထက်တွင်လည်း မီးဘေးကာကွယ်ရေး အမိန့်ပြန်တမ်းများ ထုတ်ပြန်ပြီး နိုင်ငံတော် မီးဘေး ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် အထောက်အထားများရှိခဲ့သည်။ ခရစ်သက္ကရာဇ် (၁၀၄၄) ခုနှစ်၊ မြန်မာသက္ကရာဇ် (၄၀၆) ခုနှစ်၌ နန်းတက်သော ပုဂံပြည် အနော်ရထာမင်း လက်ထက်တွင် နိုင်ငံတော်မီးဘေးကာကွယ်ရေး အတွက် ရှေးခေတ်အခေါ် မီးကပ်သား (၆၆၃) ဦး အား ခန့်ထားပြီး မီးဘေးကာကွယ်ရေးကို ဆောင်ရွက်ခဲ့ကြောင်း သမိုင်းအထောက်အထားများရှိခဲ့သည်။

 
ကိုလိုနီခေတ်မီးသတ်ယာဉ်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မီးသတ်သုတေသနနှင့် မီးဘေးလုံခြုံရေး အသိပညာပေးရေးဌာန

ခရစ်သက္ကရာဇ် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ အောက်ပိုင်း တနင်္သာရီတိုင်းနှင့် မြေလတ်ပိုင်းအထိ နယ်ချဲ့တို့၏လက်အောက်သို့ ကျရောက် ခဲ့ရသည်။ နယ်ချဲ့တို့သည် ၎င်းတို့သိမ်းပိုက်ထားသော နယ်မြေများတွင် ယင်းတို့၏ စီးပွားရေး လုပ်ငန်း စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံ၊ အဆောက်အအုံ၊ လူနေအိမ်များ မီးဘေးကာကွယ်ရေး အတွက်သာ ၎င်းတို့၏ အမျိုးသားများပါဝင်သော မီးသတ်အဖွဲ့များကို ၁၈၈၃ ခုနှစ် တွင် ဖွဲ့စည်းထားရှိခဲ့ပြီး မြင်းများဖြင့် ရေးဆွဲရသော ရေနွေးငွေ့သုံးမီးသတ်စက်ကို မြန်မာပြည်သို့ တင်သွင်း အသုံးပြုခဲ့သည်။

၁၈၈၅ ခုနှစ်၊ အင်္ဂလိပ် - မြန်မာ တတိယစစ်ပွဲ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းလုံး နယ်ချဲ့အင်္ဂလိပ်တို့၏ လက်အောက်သို့ ကျရောက်ခဲ့သည်။ အင်္ဂလိပ်တို့သည် ၎င်းတို့၏ စီးပွားရေး၊ စစ်ရေးအရ အဓိကအချက်အချာကျသောမြို့များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ မြို့များ၏ မီးဘေးကာကွယ်ရေးအတွက် အင်္ဂလိပ်ကပြားများ၊ စစ်တကောင်းကုလားများပါသော မီးသတ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ကျန်မြို့ရွာများ၏ မီးဘေးအန္တရာယ်ကာကွယ်မှုအား လျစ်လျူရှုထားသဖြင့် မြို့ရွာမီးဘေး ကာကွယ်ရေးအတွက် မြန်မာလူငယ်များပါဝင်သည့် အပျော်တမ်း မီးသတ်အဖွဲ့အစည်းများကို ဒေသအလိုက် ဖွဲ့စည်းခဲ့ကြသည်။ အပျော်တမ်းမီးသတ်အဖွဲ့အစည်းများ သည် စေတနာ့မီးသတ်အသွင်သို့ တဖြည်းဖြည်းကူပြောင်းဖွဲ့စည်းကာ မြို့ရွာများ၏ မီးဘေးအန္တရာယ် သာမက နိုင်ငံ၏လွတ်လပ်ရေးအတွက် ပါဝင်လှုပ်ရှားလာကြသည်။ ကွဲပြားနေသော မီးသတ်အဖွဲ့အစည်း များကို စုစည်းရန်အတွက် ၁၉၄၆ ခုနှစ်၊ မေလ (၅) နေ့၊ တနင်္ဂနွေနေ့၊ ရန်ကုန်မြို့၊ ကန်တော်လေး၊ ဇိနတ်အစ္စလာမ်မိန်ခလေးကျောင်းခန်းမတွင် ပထမအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ စေတနာ့ဝန်ထမ်း မီးသတ်အစည်းအရုံးကြီး ညီလာခံကိုကျင်းပခဲ့ရာ တစ်ပြည်လုံးရှိ (၁၉) ခရိုင်မှ ကိုယ်စားလှယ်ပေါင်း (၁၉၇) ဦး စုံညီစွာ တက်ရောက်ခဲ့ကြသည်။ ယင်းညီလာခံကြီးသို့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုက်တက်ရောက်၍ မီးသတ်လုပ်ငန်းနှင့် ပတ်သက်၍ လမ်းညွှန်ဩဝါဒ မိန့်ကြားခဲ့သည်။

၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပညာရေးနှင့် ဒေသန္တရဝန်ကြီးဌာနအောက်တွင် မီးသတ်ဦးစီးဌာနကို ထားရှိပြီး အမှုထမ်း (၂၁) ဦး ဖြင့် စတင်ခန့်ထားဆောင်ရွက်ခဲ့ရာတွင် ဦးလှကျော်အား ညွှန်ကြားရေးဝန်အဖြစ် စတင်ခန့်ထားခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် မီးသတ်အဖွဲ့ အက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး မီးသတ်ဌာနကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွေ့ခန့်ထားခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ညွှန်ကြားရေးဝန်အဖြစ် ဦးခင်မောင်လွင်အား ၁၉၅၆ ခုနှစ်အထိ ခန့်ထားခဲ့သည်။ ၁၉၆၀ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ယခင်ညွှန်ကြားရေးဝန် ဦးလှကျော်အား ညွှန်ကြားရေးဝန်အဖြစ်လည်းကောင်း၊ စေတနာ့ဝန်ထမ်း မီးသတ်အစည်းအရုံးကြီး၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် မီးသတ်ဝန်ထမ်းနှင့် မီးသတ်အဖွဲ့အက်ဥပဒေကို ထပ်မံပြဋ္ဌာန်းခဲ့သည်။ ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ တက်လာသည့် အချိန်မှစ၍ ဒုတိယဗိုလ်မှူးကြီး စိန်လွင်မှ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် တော်လှန်ရေးကောင်စီအစိုးရသည် မီးသတ်တပ်ဖွဲ့ဥပဒေကိုပြဋ္ဌာန်း၍ လက်နက်ကိုင်တပ်ဖွဲ့များကဲ့သို့ စည်းကမ်းစနစ်ကျနမှု ပိုမိုရှိလာစေရေး အတွက် တပ်ဖွဲ့အသွင်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကာလတွင် ၁၉၉၀ ပြည့်နှစ် မတ်လ(၁)ရက်နေ့မှစ၍ မီးသတ်ဦးစီးဌာနအား အင်အား(၇၈၃)ဦး ထပ်မံဖြည့်စွက် တိုးချဲ့ ခွင့်ပြုသဖြင့် တပ်ဖွဲ့အင်အားစုစုပေါင်း (၂၅၈၁) ဦးဖြစ်လာခဲ့ပြီး မြို့နယ်ပေါင်း (၃၇၁)မြို့နယ်ရှိသည့်အနက် မြို့နယ် ရုံးပေါင်း (၄၅)မြို့နယ်၊ မီးသတ်စခန်းပေါင်း(၁၇၃)စခန်းအဖြစ်သို့ တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ၁၉၅၃ ခုနှစ်မှစ၍ မီးသတ်ဦးစီးဌာနကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန အောက်တွင် ထားရှိခဲ့ရာမှ ၁၉၉၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အောက်သို့ပြောင်းရွှေ့ထားရှိခဲ့သည်။

မီးသတ်သင်တန်းကျောင်း (ရန်ကုန်) ကို ၁၉၅၂ ခုနှစ်မှ စတင်၍ အမှတ် ၁၇၁၊ အလုံလမ်း၊ ဒဂုံမြို့နယ် (ယခုပြည်သူ့ရင်ပြင်) တည်ရှိရာနေရာတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၆၃ ခုနှစ်မှ ၁၉၆၈ ခုနှစ် အထိ ပြည်လမ်းနှင့် အလုံလမ်းထောင့်ရှိ အမှတ်(၄) ဗမာ့သေနတ်ကိုင်တပ်ရင်း (ယခု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး) တည်ရှိရာနေရာတွင် ပြောင်းရွေ့ဖွင့်လှစ်ခဲ့ပြီး အခြေခံမီးသတ် သင်တန်း အမှတ်စဉ် (၁) မှ (၁၈) အထိ ဖွင့်လှစ်သင်ကြားခဲ့သည်။ ၁၉၆၉ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ နာဂလှိုင်ဂူကုန်းမြင့် (ယခုစွယ်တော်မြတ်စေတီတော်) တည်ထားကိုးကွယ်ရာနေရာတွင် သင်တန်းကျောင်း ပြောင်းရွေ့ဖွင့်လှစ်ခဲ့ပြီး ၎င်းနောက် ၁၉၉၆ ခုနှစ်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အုပ်ပုံဆိပ်လမ်းနှင့် စွယ်တော်မြတ်စေတီလမ်းထောင့်သို့ ထပ်မံပြောင်းရွေ့ခဲ့သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၁၉၉၉ ခုနှစ်၊ မေလ (၁၆) ရက်နေ့ တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး (၁) ကိုယ်တိုင် ဗဟိုမီးသတ် သင်တန်းကျောင်း (ပြင်ဦးလွင်) ကို စတင် ဖွင့်လှစ်ပေးခဲ့သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် မီးသတ်ဦးစီးဌာနသည် လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ ပြန်လည်ပြောင်းရွေ့ခဲ့သည်။ လက်ရှိတွင် ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိပြီး ဝန်ထမ်းအင်အား စုစုပေါင်းအင်အားမှာ ၂၄၆၅၉ ဦး ဖြစ်သည်။ လက်ရှိအင်အားမှာ ၁၂၃၉၄ ဦး ဖြစ်သည့် အတွက် လစ်လပ်ဝန်ထမ်း ဦးရေ ၁၂၂၆၅ ဦး ဖြစ်သည်။ []

ဖိုင်:Fire Flag 2013.jpg
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အလံတော်ကို ၂၀၁၃ ခုနှစ်တွင် စတင်ပြောင်းလဲ လွင့်ထူခဲ့သည်

မီးသတ်တပ်ဖွဲ့နေ့

ပြင်ဆင်ရန်
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မီးသတ်တပ်ဖွဲ့နေ့
ဖိုင်:မီးသတ်တပ်ဖွဲ့နေ့.jpg

ရန်ကုန်မြို့တွင်သာမက မြန်မာနိုင်ငံ တစ်ဝန်လုံးရှိ စေတနာ့ဝန်ထမ်းများ၊ မီးသတ်အစည်းအရုံးများကို စုစည်း သည်။ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကို အကောင် အထည် ဖော်ပြီး ၁၉၄၆ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ် အစည်းအရုံး ညီလာခံ ဖြစ်မြောက်ရေးအတွက် ဦးဆောင် စည်းရုံးပြီး၊ ၁၉၄၆ ခုနှစ် မေလ (၅)ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိခရိုင်ပေါင်း(၁၉၇)ခရိုင်မှ မီးသတ် အစည်းအရုံးကိုယ်စားလှယ်များကို စုစည်း၍ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ မီးသတ် အစည်းအရုံး ညီလာခံကို ရန်ကုန်မြို့၊ ကန်တော်လေးရပ်၊ ဇိနတ်မူဆလင်မိန်းခလေးကျောင်းတွင် ကျင်းပနိုင်ခဲ့သည်၊ ထိုနေ့ကို မီးသတ်တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့သည်။

မီးသတ်အစည်းအရုံးများစုစည်းရန် ၁၉၄၆ ခုနှစ်မေလ(၅)ရက်နေ့တွင်ဗမာနိုင်ငံလုံးဆိုင်ရာစေတနာ့ဝန်ထမ်း မီးသတ်အစည်း အရုံး ညီလာခံကြီးကိုရန်ကုန်မြို့၊ကန်တော်ကလေး၊ ဇိနတ်အစ္စလာမ်အမျိုးသမီးကျောင်းတွင် ကျင်းပခဲ့ရာတစ်ပြည်လုံးရှိ(၁၉)ခရိုင်မှကိုယ်စားလှယ်ပေါင်း(၁၉၇)ဦးစုံညီစွာတက်ရောက်ခဲ့ကြသည်။

နာယကလူကြီးများမှာဦးအောင်ဆန်း၊ဦးဘချို၊ဦးဘဂျမ်း၊သခင်မြ၊ဦးဘဖေကြီး၊ဦးစိုးညွန့်ဟင်္သာတဦးမြ၊ဦးတင်(မြန်မာ့အလင်း)၊ဦးမြ(ပျော်ဘွယ်)သခင်သန်းထွန်း၊ဦးဘဝင်း၊ဗန္ဓုလဦးစိန်တို့ဖြစ်ကြသည်။ အဆိုပါအခမ်းအနားသို့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် တက်ရောက်ခဲ့ပြီးမီးသတ်လုပ်ငန်းနှင့်ပတ်သက်၍လမ်းညွှန်ဩဝါဒမိန့်ကြားခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာမီးသတ်ညီလာခံကျင်းပခဲ့သည့်မေလ(၅)ရက်နေ့ကိုမီးသတ်တပ်ဖွဲ့နေ့အဖြစ်နှစ်စဉ်ကျင်းပခဲ့သည်။

ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့သော အကြီးအကဲများ

ပြင်ဆင်ရန်

မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးဝန် ဦးလှကျော်

မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးဝန်ဦးခင်မောင်လွင်

မီးသတ်ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်မှူးကြီးစိန်လွင်

မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရှားကို

မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးခင်ကျော်ညို

မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဗိုလ်မှူးကြီးမင်းနောင်

မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကြီးမြင့်

မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ဇော်မင်း

မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဗိုလ်မှူးကြီးတင်ဦး

မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်သူရဖေအောင်

မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဗိုလ်မှူးကြီးဝင်းလွင်

မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးမြင့်ထွန်း

မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး တင်မိုး

မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး မြတ်သူ

ဖိုင်:DG များ.jpg
ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့သော ညွှန်ကြားရေးမှူးချုပ်များ



မီးသတ်တပ်ဖွဲ့

ပြင်ဆင်ရန်

မီးသတ်ဦးစီးဌာနလက်အောက်တွင် မီးသတ်တပ်ဖွဲ့ကိုသုံးမျိုးခွဲခြားထားသည်-

(က) အစိုးရမီးသတ်တပ်ဖွဲ့ဝင်များ၊(သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ)
(ခ) ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ
(ဂ) သီးသန့်ဖွဲ့စည်းထားသော မီးသတ်တပ်ဖွဲ့ဝင်များ (မီးဘေးစိုးရိမ်ရသောစက်ရုံ/အလုပ်ရုံများ၊စီးပွားရေး လုပ်ငန်းများအတွက်ဖွဲ့စည်းထားသော ဝန်ထမ်းများ)

ဖွဲ့စည်းပုံ

ပြင်ဆင်ရန်

အုပ်ချုပ်ရေးဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ညွှန်ကြားရေးမှူးချုပ်
  • ဒုတိယညွှန်ကြားရေးမှူးချုပ်
  • ညွှန်ကြားရေးမှူး
  • ဒုတိယညွှန်ကြားရေးမှူး
  • လက်ထောက်ညွှန်ကြားရေးမှူး
  • ဦးစီးအရာရှိ
  • ဒုတိယမီးသတ်ဦးစီးမှူး
  • လက်ထောက်မီးသတ်ဦးစီးမှူး
  • မီးသတ်တပ်ကြပ်ကြီး
  • မီးသတ်တပ်ကြပ်
  • မီးသတ်ဒုတပ်ကြပ်
  • မီးသတ်တပ်သား
ဖိုင်:အဆင့်တံဆိပ်များ ၂၀၁၇.jpg
အဆင့်တံဆိပ် ၂၀၁၇ တွင် လက်မောင်းတံဆိပ်ကို ပြောင်းလဲခဲ့သည်။

သင်တန်းများ

ပြင်ဆင်ရန်

(က) ဗဟိုမီးသတ်သင်တန်းကျောင်းတွင် ဖွင့်လှစ်သော သင်တန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • အခြေခံမီးသတ်ပညာ သင်တန်း (တပ်သားသစ်)(အမျိုးသား)
  • အခြေခံမီးသတ်ပညာ သင်တန်း (အမျိုးသမီး)
  • အခြေခံမီးသတ်ပညာ သင်တန်း (အမျိုးသား)
  • ယာဉ်မောင်းသင်းတန်း (အမျိုးသား)
  • အခြေခံရှာဖွေ ကယ်ဆယ်ရေး သင်တန်း (အမျိုးသား)
  • အခြေခံဆေးသူနာပြု သင်တန်း (အမျိုးသမီး)
  • ဒုတိယရဲအုပ်လောင်း သင်တန်း / လက်ထောက် မီးသတ် ဦးစီးမှူးလောင်းသင်တန်း
  • အခြေခံကွန်ပျူတာသင်တန်း

(ခ) လေ့ကျင့်ရေးဌာနစု(ရန်ကုန်)တွင် ဖွင့်လှစ်သော သင်တန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • မီးသတ်စခန်းမှူးသင်တန်း
  • အသက်ကယ်နည်းစနစ်သင်တန်း
  • ရေကူးနည်းစနစ်သင်တန်း
  • ရေပြင်အသက်ကယ်သင်တန်း
  • အဆင့်မြင့်ကွန်ပျူတာသင်တန်း
  • မြို့နယ်မီးသတ်ဦးစီးမှူးသင်တန်း
  • အင်္ဂလိပ်စာသင်တန်း
  • စက်ပြင်သင်တန်း
  • ယာဉ်မောင်းနည်းပြသင်တန်း
  • အရေးပေါ်ဆေးအကာအကွယ်ပေးခြင်းနှင့်ရှေးဦးသူနာပြုစုခြင်းနည်းစနစ်သင်တန်း
  1. မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သမိုင်းအကျဉ်းချုပ်။ ၂၂ ၊ ၂၀၁၃ တွင် ပြန်စစ်ပြီး။မတ်လ ၂၀၁၃ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

ပြင်ဆင်ရန်