မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ

မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါသည် မြန်မာ စကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက် ပြင်ဆင်ရန်

မုဆိုး၏ အနီးအနားတွင် နေရသူသည် မုဆိုး၏ အလေ့စရိုက်၊ တံငါ၏ အနီးအနားတွင် နေရသူသည် တံငါ၏ အလေ့စရိုက် ရရှိလာသကဲ့သို့ မကောင်းသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာရသူသည် မကောင်းသော အမူအကျင့်ကို ရရှိသည်။

  1. "မုဆိုးနား နီးလျှင် မုဆိုး၊ တံငါနား နီးလျှင် တံငါဆိုသော စကားကဲ့သို့ ဒုစရိုက်မှုပြုလုပ်ကျင့်ကြံသူတို့နှင့် အတူနေထိုင်ပါလျှင် ဒုစရိုက်ဝါသနာ စွဲကပ်၍ သူယုတ်မာသဘောသို့ ရောက်ရလေ၏။" [၁၂၈၄] စာဏကျ၊ တ။ ၈၉။
  2. "လူကြီးများလည်း မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ ဆိုတာလို နီးစပ်ရာ စိတ်ပါသွားတတ်တာမျိုးမို့..." [၁၂၉၂] ကဝိမှန်၊ ၄၊ ၄။ ၁၈၄။

ကိုးကား ပြင်ဆင်ရန်