(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် “အဿဒ္ဓ, အဟိရိက, အနောတ္တပ္ပီ, မုဋ္ဌဿတိ, ဒုပ္ပည-ဟူသော ဓမ္မငါးမျိုးရှိသော မာတုဂါမသည် ကွယ်လွန် ပြီးနောက် ငရဲသို့ရောက်ရမည်”ဟု အရှင်အနုရုဒ္ဓါအား ဘုရားရှင်ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် “သတိမရှိ ဆင်ခြင်တုံ ဉာဏ်ပညာမရှိဘဲ အိပ်ပျော်သောသူ၏ အပြစ်ငါးမျိုးနှင့် သတိသမ္ပဇဉ်ယှဉ်၍ အိပ်ပျော်သောသူ၏ အကျိုးငါးမျိုးတို့ကို ကဏှပက္ခ, သုက္ကပက္ခဒေသနာတော်ဖြင့် ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၃]


မုဋ္ဌဿတိသုတ် သည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သတိလွတ်ကင်းကာ ဆင်ခြင်ခြင်းမရှိဘဲ အိပ်ပျော်သော ရဟန်း၏ အပြစ်ငါးမျိုးနှင့် သတိမကင်း ဆင်ခြင်ခြင်းရှိ၍ အိပ်ပျော်သော ရဟန်း၏ အကျိုးငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၄]

မုဋ္ဌဿတိသုတ် ပြင်ဆင်ရန်

ဆင်ခြင်ခြင်းမရှိဘဲ အိပ်ပျော်ခြင်း၏ အပြစ် ပြင်ဆင်ရန်

ရဟန်းတို့ သတိလွတ်ကင်း ဆင်ခြင်ခြင်းမရှိဘဲ အိပ်ပျော်သောရဟန်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်းဟူမူ -

  • ဆင်းရဲစွာ အိပ်ရ၏။
  • ဆင်းရဲစွာ နိုးရ၏။
  • မကောင်းသော အိပ်မက် မက်၏။
  • နတ်တို့ မစောင့်ရှောက်ကုန်။
  • သုက် လွတ်၏။

ရဟန်းတို့ သတိလွတ်ကင်း ဆင်ခြင်ခြင်းမရှိဘဲ အိပ်ပျော်သောရဟန်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။[၄]

ဆင်ခြင်းခြင်းရှိ၍ အိပ်ပျော်ခြင်း၏ အကျိုး ပြင်ဆင်ရန်

ရဟန်းတို့ သတိမကင်း ဆင်ခြင်ခြင်းရှိ၍ အိပ်ပျော်သော ရဟန်း၏ အကျိုးတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးနည်းဟူမူ -

  • ချမ်းသာစွာ အိပ်ရ၏။
  • ချမ်သာစွာ နိုးရ၏။
  • မကောင်းသော အိပ်မက်ကို မမက်။
  • နတ်တို့ စောင့်ရှောက်ကုန်၏။
  • သုက် မလွတ်။

ရဟန်းတို့ သတိမကင်း ဆင်ခြင်ခြင်းရှိ၍ အိပ်ပျော်သော ရဟန်း၏ အကျိုးတို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။[၄]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၂၊၄၄၀။ သံ၊မြန်၊၂၊၄၃၆။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၃-မာတုဂါမသံယုတ္တ၊ ၁-ပဌမပေယျာလဝဂ္ဂ၊ တေရသမသုတ်။
  2. -အံ၊၂၊၂၁၉-၂၂၀။ အံ၊မြန်၊၂၊၂၇၆-၇။ အံ၊ဋ္ဌ၊၃၊၇၈။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၅-ပဉ္စမပဏ္ဏာသက၊ (၂၁) ကိမိလဝဂ္ဂ၊ ဒသမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  4. ၄.၀ ၄.၁ ၄.၂ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ) ၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ ၅ - ပဉ္စမ ပဏ္ဏာသက - ပဉ္စမသုတ် ငါးဆယ်၊ (၂၁) ကိမိလဝဂ်၊ ၁၀ - မုဋ္ဌဿတိသုတ်။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ သာသနာ - ၂၅၄၁၊ ကောဇာ - ၁၃၅၉၊ ၁၉၉၈ ခုနှစ်။ pp. ၂၇၆, ၂၇၇။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)