မုဒြာရဲ့ခေါ်သံ (ရုပ်ရှင်ဇာတ်ကား)
မုဒြာရဲ့ခေါ်သံ (အင်္ဂလိပ်: Mudras Calling) ဇာတ်ကားသည် အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီ ပွဲဦးထွက်ရိုက်ကူးခဲ့သော ဇာတ်ကားဖြစ်ပြီး ဇဏ်ခီ၊ လှယဉ်ကျေး နှင့် နန်းဝေဝေထွန်း(ဇာတ်ပို့)တို့ ပါဝင်သရုပ်ဆောင်ထားသော dramatized documentary ဇာတ်ကားတစ်ကားဖြစ်သည်။
Mudras calling | |
---|---|
အခြေခံအချက်အလက် | |
ဒါရိုက်တာ | ခရစ္စတီးနားခီ |
စာရေးသူ | ခရစ္စတီးနားခီ |
သရုပ်ဆောင် | |
ဂီတမှူး | ဇဏ်ခီ |
နိုင်ငံ | မြန်မာနိုင်ငံ |
ဘာသာစကား | အင်္ဂလိပ်၊ မြန်မာ |
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း | |
ဖြန့်ချိသည့်နေ့ |
|
ထုတ်ဝေသူ | Central Base Productions |
ဇာတ်လမ်းအကျဉ်း
ပြင်ဆင်ရန်အမေရိကန်နိုင်ငံတွင် ကြီးပြင်းခဲ့သော မြန်မာပြည်ဖွား ဂျေဒန် (Jaden) သည် ၎င်း၏ဇာစ်မြစ်ကို ရှာဖွေရန် မြန်မာပြည်သို့ပြန်လာခဲ့ပြီး ထင်မှတ်မထားသော အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့ရသည်။[၁] မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဂျေဒန်သည် ၎င်း၏ ဂီတမဟာတန်းသုတေသန စာတန်းအတွက် မြန်မာ့ရိုးရာဂီတနှင့်အကကို သုတေသနပြုရန် ဇာတိမြေမြန်မာပြည်သို့ ပြန်လာခဲ့သည်။ ဤတွင် ယဉ်ကျေးမှုတက္ကသိုလ်မှ ရိုးရာဂီတဘာသာရပ်ဖြင့် ဘွဲ့ရထားသော နှင်းသူဇာနှင့်တွေ့ဆုံခဲ့ပြီး ဂျေဒန်၏မိဘအရင်းနှင့် ဇာစ်မြစ်ကို ရှာဖွေရန် ကူညီခဲ့သည်။ ဂျေဒန်၏ မြန်မာပြည်ခရီးစဉ်တလျှောက် လူသိနည်းသော ဒေသခံများ၏ နေထိုင်မှုပုံစံများ၊ တွေ့မြင်ရခဲသော မြန်မာပြည်၏ အလှအပများကို ထင်ဟပ်စေသော ဇာတ်ကားတစ်ကားဖြစ်သည်။ [၂]
သရုပ်ဆောင်များ
ပြင်ဆင်ရန်- ဂျေဒန် အဖြစ် ဇဏ်ခီ
- နှင်းသူဇာ အဖြစ် လှယဉ်ကျေး
ရရှိခဲ့သောဆုများနှင့် ဆန်ကာတင်စာရင်းဝင်မှုများ
ပြင်ဆင်ရန်ခုနှစ် | ဆုအမည် | ဆုအမျိုးအစား | မှတ်ချက် |
---|---|---|---|
၂၀၁၇ | Mexico International Film Festival 2017 | Silver Palm Award | ဆုရရှိ |
၂၀၁၇ | International Student Newcomer Woman Film Festival (ISENMA) 2017 | Platinum Award | ဆုရရှိ |
၂၀၁၈ | မြန်မာ့ရုပ်ရှင်ထူးချွန်ဆု | ရုပ်ရှင်ဇာတ်ကားဆု
(Central Base ရုပ်ရှင်ထုတ်လုပ်ရေး) |
ဆန်ကာတင် |
ရုပ်ရှင်ဒါရိုက်တာဆု | ဆန်ကာတင် | ||
ရုပ်ရှင်ဇာတ်ညွှန်းဆု | ဆန်ကာတင် |
ကိုးကား
ပြင်ဆင်ရန်ပြင်ပလင့်များ
ပြင်ဆင်ရန်- တရားဝင် ဝက်ဘ်ဆိုဒ်
- အိုင်အမ်ဒီဘီပေါ်ရှိ Mudras Calling
- ဖေ့စ်ဘွတ်ခ် ပေါ်ရှိ မုဒြာရဲ့ခေါ်သံ