[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ၁၅၀-ဂါထာတို့ကို ရဟန်းတို့အား အကြောင်းအတ္ထုပ္ပတ်များစွာတို့ကိုစုစည်း၍ ဘုရားရှင် ဟောတော်မူပါသည်။

(က) ထိုတွင် ဘိက္ခု၊ ဘိက္ခုနီသားအမိနှစ်ဦးတို့ အမြဲမပြတ်တွေ့ဆုံမှုကို အကြောင်းပြု၍ သာသနာတော်၌ပျက်စီးကြပုံကို(၂၀၉) ဂါထာ ရှေ့ထက်ဝက်ဖြင့် ပုထုဇဉ်တို့၏အမြင်ကို ကဲ့ရဲ့တော်မူပြီးနောက်ထက်ဝက်ဖြင့် မိမိ(ဘုရားရှင်)၏အမြင်ကို ချီးမွမ်း၍ဟောတော်မူပါသည်။

(၂၁၀) ကိလေသာတို့ကြောင့် ပုထုဇဉ်၏ မငြိမ်းအေး, မငြိမ်သက်ပုံ, ကိလေသာ မရှိခြင်းကြောင့် မိမိ(ဘုရားရှင်)၏ နိဗ္ဗာန်သို့ရောက်ခြင်းကို ချီးမွမ်း၍ဟောတော် မူပါသည်။

(၂၁၁) အကြံအစည်ကို မပယ်စွန့်နိုင်ခြင်းကြောင့် ပုထုဇဉ်၏ တောင်တောင်အီအီ ကြံစည်တွေးတော ယုံမှားခြင်းဖြစ်ပုံ, စတုသစ္စဘာဝနာဖြင့် အကြံအစည်ကို ပယ်စွန့်၍ မိမိ(ဘုရားရှင်)၏ တွေးတောယုံမှားခြင်းသို့ မကပ်ရောက်တော့ပုံကို ဟောတော်မူပါသည်။

(၂၁၂) နောင်အခါ၌ တဏှာ၏တည်နေရာကို အလိုရှိသော ပုထုဇဉ်၏ဘဝတဏှာဖြင့် အားထုတ်ပုံ၊ တဏှာ၏တည်နေရာတို့၌ တဏှာမရှိ တော့ခြင်းကြောင့် မိမိ(ဘုရားရှင်)၏ အားထုတ်မှုမရှိတော့ပုံကို ချီးမွမ်း၍ ဟောတော်မူပါသည်။

(၂၁၃) ဥပကတက္ကတွန်းအကြောင်း ဘုရားရှင်၏ ဒေသနာတော်ကြောင့် ဥပက တက္ကတွန်း၏ အနာဂါမ် အရိယာသာဝကဖြစ်ပုံကို ဟောတော်မူပါသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၃၄၉-၃၆၀)

(၂၁၄) ခါရဝနိယ အရှင်ရေဝတထေရ်သည် နဝကမ္မိကအလုပ်ကို အားမထုတ်ပုံ၊ ရဟန္တာဖြစ်ပုံကို ဟောတော်မူပါသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၉၆-၄၀၃)

(၂၁၅) ပံသုကူသင်္ကန်းတော် ဝတ်ရုံမှုကိုအကြောင်းပြု၍ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးအား ဟောတော်မူသည့်ဂါထာ။

(၂၁၆) စိဉ္စမာဏဝိကာ၏ စွပ်စွဲမှုကိုအကြောင်းပြု၍ ဘုရားရှင်တို့သည် လောကဓမ္မတို့ကို သည်းခံတော်မူနိုင်ပုံကို ဟောတော်မူသည့်ဂါထာ။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁၆-၉)

(၂၁၇) သာဝတ္ထိမြို့၌ ပြာသာဒ်မှဆင်းသက်၍ ယက်ဖောက်ယောက်နေကြသော ရက်ကန်းသည်တို့ကိုကြည့်ရှု၍ လက္ခဏာယဉ်သုံးချက်တင်၍ ဝိပဿနာ ဉာဏ် ဖြစ်ပေါ်နေသော သူဌေးသမီးအား တရားဟောတော်မူပုံ၊ ဒေသနာတော်အဆုံး၌ သူဌေးသမီး သောတာပန် အရိယာသာဝိကာဖြစ်ပုံကို ဟောတော်မူသည့် ဂါထာ။

(၂၁၈) အာဠဝီနိုင်ငံ၊ အာဠဝီမြို့ သောတာပန် ရက်ကန်းသည်သမီး ကွယ်လွန်မှုကို အကြောင်းပြု၍ ရဟန္တာရဟန်းကို လူတို့သိနိုင်ခဲပုံကို ဟောတော်မူသည့် ဂါထာ။ (ဓမ္မ၊ဋ္ဌ၊၂၊၁၁၁-၅)

(၂၁၉) ပဉ္စဂ္ဂဒါယကာ ပုဏ္ဏားဇနီးမောင်နှံ (ဓမ္မ၊ဋ္ဌ၊၂၊၃၆၅-၉) သောတာပန် အရိယာသာဝကများဖြစ်သည်အထိ ဘုရားရှင် ဟောတော်မူသည့်ဂါထာ။

(၂၂၀) သာဝတ္ထိမြို့၌ ဥတုသုံးလီ လှည့်လည်ပျော်လတ် ပြာသာဒ်သုံးဆောင်တို့ဖြင့် စည်းစိမ်ခံစား၍ ငယ်စဉ်ကပင် မိဖတို့ထံခွင့်ပန်၍ သုံးကြိမ် ရဟန်းပြု၊ သုံးကြိမ် လူထွက်ခဲ့ပြီး လေးကြိမ်မြောက်၌ အရဟတ္တဖိုလ်သို့ရောက်ရှိသော အညတရ သူဌေးသားကိုအကြောင်းပြု၍ ဟောတော်မူသည့် ဂါထာ။

(၂၂၁) ရဟန်းတို့၏ကဲ့ရဲ့မှုကိုအကြောင်းပြု၍ အရဟတ္တဖိုလ်သို့ရောက်ရှိသွားသော ညီတော်နန္ဒကိုအကြောင်းပြု၍ ဘုရားရှင်ဟောတော်မူသည့် ဂါထာ။ (ဓမ္မ၊ဋ္ဌ၊၁၊၇၇)

(၂၂၂) ကောသလနိုင်ငံ ပစ္စန္တရွာကို ဂေါစရဂါမ်ပြု၍နေသော မုဆိုး၏အသားလှူဒါန်းမှုကိုခံယူသော ရဟန္တာမထေရ်ကိုအကြောင်းပြု၍ ဟောတော်မူသည့်ဂါထာ။

(၂၂၃) ဘုရားရှင် သကျနိုင်ငံ ကပိလဝတ္ထုမြို့တော်၌ သီတင်းသုံးတော်မူစဉ် “နောက်မှ သောတာပန်ဖြစ်သောရဟန်းသည် မိမိထက် ရှေးဦးစွာ သောတာပန်ဖြစ်သောလူကို ရှိခိုးရမည်”ဟု ပြောဆိုနေသောစကားကို ကြားသိရ၍ ဆွမ်းခံကြွလာသော အညတရရဟန်း၏လျှောက်ထားမှုကို “အနာဂါမ် လူဒါယကာသည် ထိုနေ့၌ ရှင်ပြုသောသာမဏေငယ်အား ရှိခိုးရမည်”ဟု ဘုရားရှင်ဟောတော်မူသည့်ဂါထာ။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သုတ္တနိ၊၃၀၉-၃၁၁။ သုတ္တနိ၊မြန်၊၂၉၂-၄။ သုတ္တနိ၊ဋ္ဌ၊၁၊၂၄၄-၂၆၂။ -ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ ၁-ဥရဂဝဂ္ဂ၊ ဒွါဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ