မုန်ညင်းပင်
Winter cress, Barbarea vulgaris
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Brassicales
မျိုးရင်း: Brassicaceae
Burnett[၁]
မျိုးစုများ

See en:List of Brassicaceae genera

မုန်ညင်းပင်သည် ကရူစီဖာရီး မျိုးရင်းတွင် ဗရပ်ဆီကာ မျိုးစု၌ ပါဝင်၍ ယင်း၏ ရုက္ခဗေဒအမည်မှာ အဖြူမျိုးကို ဗရပ်ဆီ ကာ အဲလဗာဟူ၍ လည်းကောင်း၊ အမည်းမျိုးရင်းကို ဗရပ်ဆီကာ နိဂရာ ဟူ၍ လည်းကောင်းခေါ်သည်။ အရွက်ပေါများသော ဤ မုန်ညင်းပင်မားကို ကမ္ဘာ့သမပိုင်းဒေသများတွင် စိုက်ပျိုးကြသည်။ မုန်ညင်းပင်မှရသော မုန်ညင်းစေ့များကို ဟင်းလျာခတ် အမွှေးအ ကြိုင်အနေနှင့် ဖြစ်စေ၊ ဘယဆေး အဖြစ်နှင့် ဖြစ်စေ ရှေးခေတ်မှစ ၍ အသုံးပြုလာခဲ့ကြသည်။ မုန်ညင်းရွက်များသည် ကြီး၍ထူပြီးလျှင် လွှသွားပုံကဲ့သို့ အချွန်ကလေးများရှိသည်။ အရောင်မှာ အစိမ်းရင့် ရောင်ဖြစ်သည်။

မုန်ညင်းပင်

အရွက်နုမျာကို ခူး၍ ဟင်းရွက်အဖြစ် စားသုံးကြသည်။ အရွက်များ ကို နုစဉ်က မခူးဘဲ အရင့်ခံထားလိုက်လျှင် ယင်းမှအစေ့တံများ မကြာခင် ထွက်လာသဖြင့် စားရန် မသင့်တော့ချေ။ မုန်ညင်းသည် စိုက်ပျိုးရန် လွယ်ကူသော အပင်မျိုးဖြစ်သည်။ မိုး ကုန်ခါနီးတွင် အစေ့များကို ကြဲ၍ စိုက်ပျိုးကြသည်။ မုန်ညင်း အမည်းနှင့် အဖြူ နှစ်မျိုးစလုံးသည် တစ်နှစ်ခံပင်များဖြစ်ကြ၍ အစေ့မှ စိုက်ပျိုး ရသည်။

မုန်ညင်း အမည်းပင်များသည် ၆ ပေခန့် အမြင့်ရှိသည်။ တောက်ပသော အဝါရောင် အပွင့်များ ပွင့်၍ ချောမွတ်သော သီး တောင့်များသည် ပွင့်တံတွင်ကပ်၍ ထွက်လာကြသည်။ အညိုရင့်ရောင် အစေ့များကို ဈေး၌ မုန်ညင်းစေ့အဖြစ် အမြောက်အမြား ရောင်းချကြသည်။ မုန်ညင်းအဖြူပင်မျိုးကား အမြင့် ၂ ပေမှ ၃ ပေအထိသာ ရှိသည်။ တောင့်တင်း၍ဖြာထွက်သော ပင်စည်ရှိခြင်း၊ အရွက်များ၌ အမွေးများရှိခြင်း၊ သီးတောင့်များ၌ အမွေးကြမ်းများရှိခြင်းနှင့် တောက်ပသောအဝါရောင် အပွင့်ကလေးများ ပွင့်ခြင်းတို့ကြောင့် မုန်ညင်း အမည်းပင်မျိုးမှ သိသာခွဲခြားနိုင်သည်။ မုန်ညင်းရွက်များတွင် အကောင်းဆုံး ဗီတာမင်ဓာတ်များ ပါရှိသည်။ ထို့ပြင် အမျှင်များနှင့် ပင်စည် အပွင့်စသည်တို့သည် ဝမ်းပျော့စေတတ်သည့် သတ္တိရှိသည်။ အစေ့များကို ကြိတ်၍ရသော ဆီသည် အနံ့အရသာကောင်းသည့်ပြင် အိမ်တွင်းသုံးဆေးအဖြစ်ဖြင့် အသုံးပြုကြသည်။ ဆီကြိတ်ပြီး၍ ကျန်ရစ်သော မုန်ညင်းဖတ်ကို အခြောက်ခံလျက် အမှုန့်ဖြစ်လာအောင် ထောင်းရသည်။ ထိုအခါ မုန်ညင်းစေ့မှုန့် အစစ်ကို ရလေသည်။ ဆေးဖက်တွင် သရွတ်ကိုင်ရာ၌ ဖြစ်စေ၊ အဆိပ်အတောက် စားသောက်မိသည့်အခါ အော့ အန်စေသည့် ဆေးအဖြစ်ဖြင့်ဖြစ်စေ မုန်ညင်းကို အသုံးပြုကြသည်။ လယ်မြေများကို ပြုပြင်ရာ၌ သစ်စိမ်းမြေဩဇာကျွေးရန်အတွက် လယ်များတွင် မုန်ညင်းဖြူများကို စိုက်ပျိုးကြသည်။ စိုက်ပျိုးပြီးလျှင် ထယ်ထိုးလိုက်ခြင်းဖြင့် ထိုလယ်မြေတွင် မြေဩဇာ ထက်သန်လာသည်။ မုန်ညင်းအမည်းမျိုးမှာ အစေ့များကို ဟင်းခတ် အမွေးအကြိုင်အတွက် အသုံးပြုရန် စိုက်ပျိုးကြသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. Angiosperm Phylogeny Group (2009). "An update of the Angiosperm Phylogeny Group classification for the orders and families of flowering plants: APG III". Botanical Journal of the Linnean Society 161 (2): 105–121. doi:10.1111/j.1095-8339.2009.00996.x. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)