မုသာဝါဒသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သုဒ္ဓပါစိတ်အာပတ်တစ်ခု ဖြစ်သည်။ []

မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် အသျှင်ဟတ္ထိကရဟန်းသည် တိတ္ထိတို့နှင့် အတူစကားပြောဆိုသည့်အခါ ပယ်ပြီးမှ ဝန်ခံ၏၊ ဝန်ခံပြီးမှ ပယ်၏၊ အကြောင်းတစ်ခုဖြင့် အကြောင်းတစ်ခုကို ဖုံးလွှမ်းပြောဆို၏၊ သိလျက် မဟုတ်မမှန် ပြောဆို၏၊ ချိန်းဆိုပြီးမှ ပျက်ကွက်၏။ ထိုအခါ တိတ္ထိတို့သည် အသျှင်ဟတ္ထကကို ကဲ့ရဲ့၏။

ထိုသို့ တိတ္ထိတို့ ကဲ့ရဲ့သည်ကို ရဟန်းတို့သည် ကြား၏။ ထိုအခါ အလိုနည်းသော ရဟန်းတို့သည် အသျှင်ဟတ္ထကကို ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။ မြတ်စွာဘုရားလည်း အသျှင်ဟတ္ထကကို “သင်သည် တိတ္ထိတို့နှင့် စကားပြောဆိုသည့်အခါ ပယ်ပြီးမှ ဝန်ခံ၏၊ ဝန်ခံပြီးမှ ပယ်၏၊ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်း၏၊ သိလျက် မဟုတ်မမှန်ပြောဆို၏၊ ချိန်းဆိုပြီးမှ ပျက်ကွက်၏ ဆိုသည်မှာ မှန်ပါသလော” ဟု မေးမြန်း၏။ အသျှင်ဟတ္ထကလည်း “ဟုတ်မှန်ပါသည်” ဟု ဖြေ၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[]

သိက္ခာပုဒ်

ပြင်ဆင်ရန်

“သိလျက် မဟုတ်မမှန်ကို ပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[]

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက − ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်၊ မုသာဝါဒဝဂ်